ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 4 February 2013

ယဉ်ကျေးမှုဆိုင်ရာ အမေးအဖြေများ

မေး။ ။ဘုရားသံဃာ၊ ဆရာသမား၊ ထံတော်ပါး၊ ခစာဘယ်သို့ဝင်မည်နည်း။
ဖြေ။ ။လက်ကန့်တော့ထိုး၊ လက်အုပ်မိုး၊ ညွန်လျှိုးဝင်ပါမည်။

မေး။ ။ဝတ်ချခဲ့သော်၊ တည်ငါးဖော်၊ ညီလျောဘယ်လို ချမည်နည်း။
ဖြေ။ ။နဖူးဒူးလက်၊ မြေထက်ကျငြား၊ တည်ခြင်းငါး၊ ၀ပ်တွားချပါမည်။


မေး။ ။အဘယ်တရား၊ ကိုယ်တွင်ထား၊ ခစားရမည်နည်း။
ဖြေ။ ။ဂါရ၀မေတ္တာ၊ သဒ္ဓါဆန္ဒ၊ ဓမ္မလေးပြု၊ ငါးခုတရား၊ ကိုယ်တွင်ထား ခစားရပါမည်။

မေး။ ။ဆရာသမား၊ ခွင့်လွှတ်ငြား၊ ထသွားဘယ်သို့ပြုမည်နည်း။
ဖြေ။ ။တည်ခြင်းငါးဖြာ၊ ညီညာဝပ်ချ၊ နောက်ဆုတ်ထ၊ တုပ်ကွလက်အုပ်ချီပါမည်။

မေး။ ။မိမိနေရာ၊ ထေရ်သံဃာ၊ ကြွလာဘယ်သို့ ပြုံးမည်နည်း။
ဖြေ။ ။ရှေ့ရူထလျက်၊ လက်အုပ်ချီကာ၊ နေရာခင်းပေး၊ အကြောင်းမေး၊ မြတ်လေးရိုသေပြုပါမည်။

မေ။ ။လမ်းသွားလမ်းလာ ထေရ်သံဃာ၊ တွေ့လာဘယ်သို့ပြုမည်နည်း။
ဖြေ။ ။အခွင့်သာလျှင်ထိုင်၊ မထိုင်သာလျှင် လက်အုပ်မိုး၊ ရှိခိုးလမ်းဖယ်သွားပါမည်။

မေ။ ။ရဟန်းသံဃာ တွေ့သောခါ၊ ဦးစွာဘယ်သို့ လျှောက်မည်နည်း။
ဖြေ။ ။လိုရာတောင်းရန်၊ ဆုံးမရန်၊ ဖိတ်မန်လျှောက်ပါမည်။

မေ။ ။ဘုရားသံဃာ၊ ရှေ့တော်မှာ၊ ကောင်းစွာဘယ်သို့ နေမည်နည်း။
ဖြေ။ ။မျက်လွှာချလျက်၊ လက်အုပ်ယှက်၊ နှစ်ဖက်ဒူးပေါ်ထားပါမည်။

မေ။ ။ရိုသေနည်းပါး၊ ကိုယ်တော်စား၊ စကားဘယ်သို့ သုံးမည်နည်း။
ဖြေ။ ။ဦးပဉ္ဖင်းကိုရင်၊ အရှင်ဘုန်းကြီး၊ တသီးဆရာတော်၊ ဤငါးဖော်နောက်သော်ဘုရား၊ ထည့်ဆက်ငြား၊ လျှောက်ထားခေါ် ဆိုရပါမည်။

မေ။ ။လျှောက်ထားဘွယ်၊ သွယ်သွယ်စကား၊ နောက်ဆွယ်ဖျား၊ စကားဘယ်သို့ ထည့်မည် နည်း။
ဖြေ။ ။လျှောက်ထားဘွယ်၊ သွယ်သွယ်စကား၊ နောက်ဆွယ်ဖျား၊ ပါဘုရားကို ထည့်ပါမည်။

မေ။ ။စားဖွယ်သုံးရာ၊ အဖြာဖြာ၊ ကောင်းစွာဘယ်သို့ ကပ်မည်နည်း။
ဖြေ။ ။နှစ်တောင်ထွာတွင်း၊ ၀ဲဘက်ချဉ်းလျက်၊ ဒူးစုံယှက်၊ နှစ်ဖက်ကပ်ပါမည်။

မေ။ ။ထိုထိုအရာ၊ ပေးသောအခါ၊ ကောင်းစွာဘယ်သို့ယူမည်နည်း။
ဖြေ။ ။ကိုယ်ကိုညွန်လျက်၊ လက်အုပ်ယှက်၊ နှစ်ဖက်ယူပါမည်။

(၀ိသုဒ္ဓါရုံဂုဏ်တော်ဖွင့်မှ)

No comments:

Post a Comment