မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်ညတ်၊ ချမ်းသာ ဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏ်ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။
ကျူးလွန်သူဟာ…
၁။ မုန်းသူများ၏
၂။ ရန်သူများ၏
၃။ လာဘ်လာဘနည်း၏
၎။ ကိုယ်စိတ်ဆင်းရဲ၏
၅။ မိန်းမဖြစ်၏
၆။ ကျားမဟုတ်၊ မမဟုတ် ပဏ္ဍုက်ဖြစ်၏။
၇။ အမျိုးယုတ်၏
၈။ အရှက်တကွဲကြုံ၏
၉။ အင်္ဂါချို့ယွင်း၏
၁၀။ စိုးရိမ်နေရ၏
၁၁။ ချစ်သူနှင့် ကွဲတတ်၏။
ရှောင်ကြဉ်သူဟာ…
၁။ ချစ်သူများ၏
၂။ ရန်သူကင်း၏
၃။ လာဘ်လာဘ ပေါများ၏
၎။ ကိုယ်စိတ် ချမ်းသာ၏
၅။ ယောက်ျား ဖြစ်၏
၆။ ပဏ္ဍက်အဖြစ်မှ လွတ်၏။
ရ။ အမျိုးမြတ်၏
၈။ အရှက်တကွဲမဖြစ်ရ
၉။ အင်္ဂါပြည့်စုံ၏
၁၀။ စိုးရိမ်မှုကင်း၏
၁၁။ ချစ်သူနှင့်ပေါင်းရ၏။
No comments:
Post a Comment