ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 9 February 2013

အတုလဆရာတော် ခင်ကြီးပျော် ပုတ္တောဝါဒဆုံးမစာ

အဘက သားကိုဆုံးမခန်း
(၁) ဇမ္ဗုရောင်ရွှေ, ရွှန်းရွှန်းဝေသည်, သပြေမည်ခံ, ပြည်နိဗ္ဗာန်သို့, အမှန်ကူးဖို့, ငါးကြိမ်ပို့သား, မြတ်ဘုရားတို့, ငါးပါးမည်ရပ်, ဘဒ္ဒကပ်ဟု, တိုက်မြတ်မင်္ဂလာ, မဇ္စျေချာဟု, ငါးခါပွင့်မှန်, ကကုသန်ဟု, နိဗ္ဗာန်သခင်, မြတ်ထွတ်တင်နှင့်, ထို့ပြင်နောက်တုံ, ကောဏာဂုံက, ကဿပဟု, လူ့ဘဘုရား, ရှင်စောများနှင့်, သုံးပါးနောက်မှ, ဂေါတမဟု, သကျရာဇာ, စိန္တေယျာကို, သီသာထိပ်ပြင်, ပန်းသို့ဆင်မှ, ဓမ္မသင်္ဃာ, မြတ်နှစ်ဖြာကို, သီသာဝန္ဒန,ဦးနှိမ်ချ၍, ညွတ်ခကော်ရော်, ရှိပူဇော်မှ, မိနှင့်ဘ၏, ဆုံးမစကား, သားတို့များသို့, ဆိုငြားပြောဟော, ဟုတ်လှမောသည်, ပုတ္တောဝါဒ, မည်ရတွင်မှန်, လင်္ကာကျမ်းကို, တက်စွမ်းသာချို, ဖွင့်၍ဆိုပိမ့်, နားချိုကြပါ, ဒါယကာတို့, ဤစာထူးဆန်း, လင်္ကာကျမ်းကို, ရွှေပန်းပမာ, ဆင်တို့ပါက, သူငယ်လှတို့, ရလိမ့်ပညာ, သာလိမ့်သူ့ထက်, သူငယ်လှတို့, ရလိမ့်ပညာ, သာလိမ့်သူ့ထက်, တက်လိမ့်စီးပွား, များလိမ့်ခြွေရံ, စံလိမ့်စည်းစည်, ငြိမ့်လိမ့်ချမ်းသာ, သာလိမ့်ကျက်သရေ, ဤကျမ်းရွှေသည်။ ။သပြေပန်းသို့ - လန်း၏တည်း။


(၂) ပန်း၏ပမာ, ဤလင်္ကာတွင်, မတာပိတ, ဆိုဆုံးမသား, ထိုစကားကို, မှတ်သားကုန်ကြ, မိန့်လိုက်ပြအံ့, မွေးဘလက်ရုံး, မြပန်းကုံးသို့, နှလုံးဝမ်းက, ချစ်နိုးလှသည်, သားလှရွှေတောင်-ဘသည်းခေါင်။ နားထောင်၍သာ, စေ့စေ့နာလော့, မိရာ ဘရည်, တည်မည်အကြောင်း, ကောင်းသားကျင့်ဝတ်, စာအတတ်သို့, သားမြတ်ယခု, တတ်ကြောင်းပြုလော့, ဗဟုသုတ, မရှိကမူ, လျှောကျရေတူ, လူမဟူရ, ရှက်ကြီးရလိမ့်, နောက်တဆယ်ကြိမ်, ညိုးပိန်မျက်နှာ, ပွဲမှာမ၀င်, ပြင်မှာမရောက်, တောမှာမျောက်သို့, ခြေထောက်လက်စုံ, ရှိပါတုံလျက်, လူပျက်လူနှမ်း, လူပေါက်ပန်းနှင့် လူသွမ်းလူပေါ့, ထဲသော့သော့ဟု, ကဲ့ရဲ့ပြုလိမ့်။ ။ညီပုရှိမည်-ထင်၏တည်း။

(၃) ထို့ကြောင့်သားထွေး, ငယ်ကွေးလေးက, လူရေးလူရာ, ရှိစိမ့်ငှာဟု, ကျောင်းမှာမြဲနေ, စာပေသင်သင်, သို့လျှင်သို့ဖတ်, သို့မှတ်သို့ရေး, သို့မေးသို့ဖြေ, သို့နေသို့ထိုင်, သို့ကိုင်သို့ကြွ, သို့ကွသို့ကုန်း, သို့သုံးသို့စွဲ, သို့လဲသို့ထား, သို့စားသို့သောက်, သို့လျှောက်သို့ဆို, သို့ကိုသို့ကျင့်, သို့နှင့်သို့လျှိုး, သို့ရှိခိုးဟု, မြတ်နိုးလှစွာ, ညီဆရာက, မိန့်သမျှကို, ညီလှမင်းရွှေ, မမေ့စေနှင့်, စေ့ရေမွေးဘ, မှာသမျှကို, ညီလှရွှေနား, ချပ်ခါထား၍, သည်းဖျာမှတ်စေ-ချင်၏တည်း။

(၄) သည်ဖျားမှက်စိမ့်, တစ်ဖန် မိန့် အံ့, နှစ်သိမ့် ၀မ်းသာ, ညီနားနာလော့, လူ့ရွာလျင်ပေါ်, ရွှင်မြူးပျော်သည်, သူတော်မဟုတ်, လူယုတ်လူသောင်း, လူဗူးတောင်းနှင့်, မယောင်းမူများ, နေ့တိုင်းပွားသည်, သောက်စားယစ်ဝ, လူ့ဗာလက, စသည်လူတွင်, လူလေမင်းနှင့်, ပျော်ရွှင်စကား, လူမိုက်များတို့, ပေါင်းငြားရံခါ,နီးယှဉ်လာလည်း, ဝေးစွာသားလှ, ခွာနိုင်မှတည့်, သားလှကိုယ်ကျိုး, စုံပြည့်ဖြိုးလိမ့်, ကြိုးလေသားလှ, မှာသမျှကို၊ မချမြေ၀ယ်, မပယ်နှင့်ကား, ဘစကားကို, ရွှင်အားရ၍။ ။သားလှမှတ်စေ့ ချင့်၏တည်း။

(၅) ဤသို့ပိတာ၊ ဘမြတ်စွာက၊ ဆိုပြီးမှလျှင်၊ ကြီးလှဗဟို၊ တောင်မြင်းမိုရ်သည်၊ ပုံဆိုနိုင်းစာ၊ မွေးမာတာက၊ ထပ်ခါဆုံတုံ-ပြန်၏တည်း။

(၆) မွေးမိဆံထုံး၊ ရွှေပန်းကုံးသို့၊ နှလုံးဝမ်းက၊ သတ်မှတ်ရသည်၊ သားလှရွေတောင်၊ မီးမျက်နှောင်၊ မောင်ငယ်သားထွေး၊ နာဘိသောလော့၊ ရှေးရှေးဘ၀၊ သံသာရ၌၊ မောင်ဘနှင့်ငါ၊ ရေသွန်းပါ၍၊ ဟင်္သာမောင်နှံ၊ ငှက်သဏ္ဍာန်သို့၊ တူစံလှည့်ရာ၊ စွဲလာသန္ဓေ၊ နေသည်ကစ၊ သားလှချမ်းသာ၊ ရစိမ့်ငှာဟု၊ ပူဆာစပ်ခါး၊ မစားတို့ရ၊ ထကြွဖြေးဖြေး၊ ကိုယ်ရေးကိုယ်ထက်၊ ဆယ်ဆတက်၍၊ သက်ထက်ကြင်နာ၊ မောင့်ကိုသာလျှင်၊ ချမ်းသာမြင်ကြောင်း၊ လက်ဆယ်ချောင်းကို၊ ခေါင်းမဓှာရွက်တင်၊ မျက်နှာမြင်လည်း၊ ရွှေစင်အလား၊ သားယောက်ျားကို၊ ငါ့အားမြင်လို၊ ဆုတောင်းဆို၍၊ ညကိုရေချမ်း၊ နံနက်ဆွမ်းနှင့်၊ ဖြန့်မွမ်းတုလွတ်၊ သုံးလူနတ်ကို။ ။မိမြတ်ပူဇော-ကုန်၏တည်း။

(၇) ဤသို့သန္ဓေ၊ စွဲလာနေ၍၊ ဆယ်လစေ့သော်၊ ကြွေ့ကြွေ့ဝမ်းသာ၊ မောင့်မျက်နှာကို၊ မာတာမိခင်၊ မြင်ရသောခါ၊ ဥပမာမူ၊ ရတနာမျိုး၊ ရွှေအိုးပဒေသာ၊ ပေါက်ပေလာသည့်၊ ပမာမမျှ၊ မောင့်သားလှကြောင့်၊ ၀သည်ပီတိ၊ ရှိသည်ရိုးတွင်း၊ ခြင်ဆီချင်းမျှ၊ ချစ်မောလှလျှက်၊ သန်း,ပျ,ကြမ်းပိုး၊ မှက်ခြင်မျိုးက၊ ဟူသမျှလည်း၊ ကိုက်ရမဲ့ပါ၊ မောင့်ကိုသာလျှင်၊ ချမ်းသာစိမ့်ကြောင်း၊ သမားကောင်းနှင့်၊ ဆေးကောင်းစားစား၊ ရှောင်ရှားအစာ၊ ဤသာကျန်းတော၊ ရှိစေသောဟု၊ စိတ်ဇောကျည်သာ၊ ဆုတောင်းကာနှင့်၊ တစ်ဖြာညောင်ရေ၊ စထွေနေ့ည၊ သွန်းချမယွန်း၊ ဖန်ဖန်ပွန်းသည်။ ။ရွှန်းရွှန်းနေ့တိုင်း-စိ၏တည်း။

(၈) နေ့တိုင်းနေ့တိုင်း၊ သားသက်နိုင်းကို၊ ကသိုဏ်းအတု၊ မပြုတ်ပြုသည်၊ ရူမငြီးဘိ၊ မျက်စိမျက်နှာ၊ ထပ်ခါခါသည်၊ မြင်ပါချင်စိတ်၊ ရေသို့ဖိတ်လျက်၊ သင်းလှသက်သည်၊ ထို့ထက်တာရှည်၊ တည်ပါစေသား၊ မောင်ရွှေသားဟု၊ သနားကရုဏာ၊ မေတ္တာစုံမက် ကိုယ့်အသက်ထက်၊ တော့တဲတော့တီ၊ မပီစကား၊ အသံကြားလည်း၊ သနားကြင်နာ၊ မျက်နှာရွှင်ပျ၊ မြင်တို့ရလည်း၊ ၀မ်းကမဆံ့၊ ပီတိနှံ့လျက်၊ နှစ်သက်ရွှင်ပြုံး၊ သားရွှေတုံးကို၊ မျက်လုံးကဲ့သို့-ထင်၏တည်း။

(၉) မျက်လုံးပမာ၊ သားသည်းချာတို့၊ ကောင်းပါစေလို၊ ပညာကိုလည်း၊ နုပျိုငယ်က၊ သင်ချေမှတည့်၊ ထိုမှရွယ်ရောက်၊ တံခွန်ောဆက်သို့၊ တစ်ယောက်ထင်ပေါ်၊ နှံ့သိကျော်လိမ့်၊ ငယ်သော်ငယ်က၊ များသိပ္ပကို၊ တစ်စမသင်၊ လေးဖင်၍သာ၊ အိမ်မှာလည်းပျော်၊ နေချေသော်မူ၊ လူ ,မဟုရ၊ လူအ,လူကန်း၊ လူနှမ်း ,လူရူး၊ သည်ထက်ထူး၏၊ မူးမူးမောမော်၊ သောက်ယစ်ပျော်လိမ့်၊ ကရော်ကမည်၊ ဖြစ်လတ်သည်ကား၊ ယွင်းမမှားတည့်၊ မျက်ဝါးထင်ထင်၊ သို့ပင်ရှေ့ထား၊ ကသိုဏ်းလားသို့၊ မယ်ဘွားစိတ်က၊ မြင်ချင်စွတည့်၊ တ,န,မသိ၊ ဖြစ်ချေဘိက၊ ငါ့သားလှသည်၊ ဒုက္ခခပဲ၊ ဧကန်မြဲအံ့။ ။ဆင်းရဲနွမ်းရှာ လိမ့်မည်တည်း။

(၁၀) ဤသို့ဖြစ်၍၊ ချစ်လည်းချစ်လှ၊ ငါ့ဝမ်းမှလည်း၊ ဆယ်လ လည်းလွယ်၊ ငါ့ဘက်နှယ်သို့၊ ငါ့ဝယ်လည်းဆင်၊ နေ့တိုင်းကြင်သည်၊ လူလျှင်ဖြစ်ဘိ၊ မယ့်မျက်စိသည်၊ သိလည်းသိပါ၊ မွေးမိမှားအံ့၊ နာလည်းနာလော့၊ မမေ့လျော့နှင့်၊ မပေါ့နှင့်သား၊ မိစကားကို၊ ငါ့သားမောင်ပု၊ ငယ်ရွယ်နုတ၊ ဗဟုသိပ္ပ၊ ဟူသမျှဓကို၊ တတ်လှလျင်အောင်၊ မောင်ငယ်ပျို့ထွား၊ ကျောင်းသို့သွား၍၊ ရွှင်အားရရ၊ စာပေကျမှ၊ လှလှလက်ရေး၊ ငါ့ရင်သွေးသည်။ ။သားထွေးရင်နူး သင်ချေဦး။

နှမက မောင်ကိုဆုံးမခန်း
(၁၁) ဤသို့ဖခင်၊ ကျေးဇူးရှင်နှင့်၊ မိခင်မာတာ၊ ဆိုပြီးခါမှ၊ တူသာဖွားမြောက်၊ တစ်ဝမ်းပေါက်သည်၊ တစ်ယောက်ဆိုရ၊ နှမကမူ၊ မောင်ကိုဟူက၊ ဌာရသတွင်၊ သိပ္ပထိုထို၊ အတတ်ကိုလျှင်၊ တတ်စေချင်၍၊ နားဝင်စေလို၊ လင်္ကာချိုနှင့်။ ။မောင့်ကိုဤသို့ဆိုသတည်း။

(၁၂) ရှေးဟိုးသံသာ၊ ဆက်များစွာတွင်၊ လှူဒါ, သီလ၊ ပြုကြအတူ၊ ရွှေဂူဝင်ဘက်၊ ရေစက်တူလောင်း၊ ရွှေကျောင်းတူသွား၊ တရားတူနာ၊ မေတ္တာတူပြု၊ ဤကောင်းမူကြောင်၊ ကျေးဇူးသခင်၊ မွေးမိခင်နှင့်၊ ၀မ်းတွင်းသန္ဓေ၊ ရှေ့နောက်နေ၍၊ ရင်တွေမြတ်နို့၊ ရှေ့နောက်စို့သည်၊ နှစ်လိုဖွယ်လှ၊ ကျွန်နှမ၏၊ သီသဦးလုံး၊ ရွှေပန်းကုံးသို့၊ နှလုံးဝမ်းက၊ ထင်မောလှသည်၊ လူလှဆင်းရောင်၊ နှမမောင်၊ ရွှေတောင်အသွင်၊ မောင့်ကိုကြင်၍၊ နားဝင်စေကြောင်း၊ နူတ်သံညောင်းနှင့်၊ ပျောင်းပျောင်းပျပျ၊ ဆိုသမျှကို၊ နာမမောင်ထေဓွး၊ နာဘိလေးလော့၊ လူရေးလူရာ၊ လူခြင်းရာကား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ ဆယ့်ရှစ်ပါးတွင်၊ တအင်အင်ကို၊ အကြင်သသူ၊ မတတ်မူကား၊ ထိုသူအားလျှင်၊ စီးပွားမရောက်၊ ချမ်းသာပျောက်၍၊ သူ့နောက်ကသာ၊ ရှိတို့ရာလိမ့်။ ။ချမ်းသာရမည်-ခဲ၏တည်း။

(၁၃) မရချမ်းသာ၊ ငယ်သောခါက၊ ကျောင်းမှမကြီး၊ နွယ်ဖျားသီးသည်၊ ဗူးသီးမွေးနု၊ လက်ထပ်ပြုသို့၊ ရမူပညာ၊ ငယ်ရွယ်စွာက၊ ဆရာထက်ကြပ်၊ မဆည်းကပ်မိ၊ နှမိနှမြော၊ လွန်လှမောဟု၊ အိုသောကားလ၊ နောင်တရလိမ့်၊ မောင်လှအိမ်ဝယ်၊ လုပ်ဆောင်ဖွယ်ကို၊ မောင်ငယ်ဆံမျှ၊ မကြောင့်ကြနှင့်၊ နှမတို့ရေ၊ ရှိစေသေးလော့၊ ငယ်သွေးငယ်ရွယ်၊ ငယ်နုနယ်က၊ မောင်ငယ်ပညာ၊ ရှိအောင်သာလျှင်၊ မောင်သာကြိုးစား၊ ကျောင်းကန်သွား၍၊ ရွှင်အားရရ၊ လှလှကွေးကွေး၊ စာရေးတတ်မူ၊ လုံ့လပြုလော့၊ ဗဟုသုတ၊ များသိပ္ပကို။ ။မောင်လှသင်ချေပါဦးလော့။

(၁၄) ဤသို့သာယာ၊ ပျားသကာလည်း၊ ပမာမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တစ်ဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွှေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွှေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဓေဌးသားသည်။ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံ့အပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ။ကောင်းသောလင်းတ ကျ၏တည်း။

(၁၅)ဤသို့ပမာ၊ နည်းနယာ၌၊ မိုက်စွာလှငြား၊ သူဌေးသားကို၊ ရွှေသားမောင်ဖြူ၊ နားတံချူနှင့်၊ သူဌေးသားကို၊ တောင်ဓလေ့ဖြင့်၊ စေ့စေ့နှလုံး၊ ယူပြီးဆုံးမှ၊ ကွင်းထုံးရှေးမှီ၊ ရေပေါ်ဆီသို့၊ သညီထင်ပေါ်၊ ပညာကျော်အား၊ ဆည်းကပ်သွား၍၊ စကားဆီလွှာ၊ ပညာရှိပုံ၊ ဆင်စွယ်စုံသို့၊ မတုန်မလူပ်၊ မရူပ်မထွေး၊ ပညာဆေးဖြင့်, အမေးအဖြေ၊ ဆိုလေသမျှ, ဟ, လေရာရာ, ပြဿနာကို, လျင်စွာဖြေကြောင်း, ပညာလောင်း၍, ကျမ်းပေါင်းဝတ္ထု, ဓဗဟုသုတ, ရွရွရွတ်လေ, ဆိုခါထွေလည်း, မပြေမပြစ်, တတစ်ထစ်နှင့်, အဆစ်အဖု, တစ်ခုမဟုတ်, အရူပ်ရူပ်သည်, ဗရုတ်ဗရက်, ကြောင်းအားချက်သို့, ရှက်စလိလိ, ရွံ့ဖွယ်ရှိလျှင်, မသိရှေ့နောက်, တောဝယ်မျောက်လား, ဆိုသားဆိုခွင့်, ဆိုသင့်ဆိုရာ, မသိပါက, လူငလေနှင့်, မနေကျောင်းမှာ, စာမပေတတ်, ငတ်၍သေငြား, သူဌေးသားတို့, တရားမကျ၊ လူဗာလကို။ ။မောင်လှရှောင်စေချင်၏တည်း။

(၁၆) ဤသို့ပမာ, ထုံ၊ ပုံရှာ၍, အရာအထောင်, လူတို့ဘောင်ထက်, တို့မောင်တက်၍, ထက်မြက်လိမ္မာ, တို့မောင်သာလျှင်, တတ်ပါစိမ့်ကြောင်း, တစ်ပင် ကောင်းသော်, တစ်သောင်းမှီရာ, တို့မောင်မှာလည်း, ပမာထိုသို့, ထက်လေမြို့က, တို့နှမလည်း, ထင်ရတော့မည်၊ အမှတ်တည်၍, ဆိုသည်ထုံးပုံ, အလုံးစုံသည်။ ။အကုန်ဤတွင်ပြီး၏တည်း။

(၁၇) ဤသို့မိဘ၊ နှမပေါက်ဖော်၊ တိုက်တွန်းဆော်သား၊ ထိုစကားကို၊ ဆိုငြားပြီးလျှင်၊ ဆရာတွင်၌၊ မြဲပင်နိစ္စ၊ ကွပ်ဆုံးမ၍၊ တ, နသင်ကြောင်း၊ ထုံးဟောင်းနည်းနာ၊ အဖြာဖြာကို၊ သိသာစေလို၊ ကဗျာချိုနှင့်၊ ဆိုအံ့သောငှာ၊ ဆာတုံရွာ၏၊ ဒိသာ တောင်းစောင်း၊ စဉ်းငယ်စောင်းသည်, ချောင်းရှေ့ဘက်ကမ်း, ပန်းကားဝေေ၀, သီမျိုးထွေ၍, ရေကားဧမြ, ရိပ်ချမ်းလှနဓှင့်, သာလှဝိဟာ, ကျောင်း၌သာလျှင်, ဣရိယပိုထ်, မျှသောခိုက်တွင်, နှစ်ခြိုက်ဝမ်းသာ, ဆိုလိုက်ပါသည်။ ။လင်္ကာပန်းသို့ လန်း၏တည်း။

(၁၈) အာဒိပထမ, နမောစ၍, သို့ချသို့တင်, သို့င်လုံဆင့်, သို့ပင်သို့ရစ်, ပြေပြစ်အက္ခရာ, အရာရာကို, သိသာစေချင်, ဖတ်ရွတ်လျှင်လည်း, သို့လျှင်သို့ဖက်, သို့မှသို့ဆို, သို့ကိုသို့ဧ, သံလေးသံဖြတ်, သံလွတ်သံငေါ်, နာပျော်နာသာ, နာတန်ဆာကို, သိသာလျှင်အောင်, မီးတန်ဆောင်ကို, လောင်လတ်သော့သား, တောင်ထိပ်ဖျားဝယ်, စိုက်ထားမိုးတွင်, တံခွန်တင်သို့, နာသင်ချိုဧ, နူတ်သံလေးနှင့်, ဧဧရင့်ရင့်, လက်ဖြင့်နားတွင်း, ဆုတ်၍သွင်းသို့, မတင်းမလျှော့, မပေါ့မလေး, လူရည်သေဓွးသည်, စာရေးတတ်၍, စာဖတ်သူ့ထက်, ထူးစေသော။

(၁၉) ဤသို့ပထမ၊ နာမောကကို၊ စ၍သင်ပြီး၊ သင်ပုန်းကြဓီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက်အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ်လုံ့လ၊ မကြာရခင်၊ ဓိပ္ပာယ်ငင်၍၊ သိမြင်စိမ့်ကြောင့်၊ ပညာလောင်းသား၊ မပေါင်းဖက်ရာ၊ သူမိုက်မှာသို့၊ မကပ်လျှိုနှင့်၊ မြင်းမိုရ်ပမာ၊ ရှိပညာသို့၊ ဆည်းကပ်လျှို့လော့၊ ငါတို့ဆရာ၊ သမ္မာသာမဉ္စ၊ အာဒီစ၍၊ ဓမ္မတရား၊ ရှစ်ပါးအင်္ဂါ၊ အရိယာနှင့်၊ ပူဇာရဟ၊ ထိုက်ပေလှသည်၊ မြတ်လှဓဆရာ၊ ပိတာတို့ကို၊ ကြည်ညိုနှစ်လို့၊ ပူဇော်တို့လော့၊ ဤသို့မှန်စွာ၊ အာဒိဖြာ၍၊ သုံးဆယ်စေ့သား၊ မြတ်ဘုရားနှင့်၊ ရှစ်ပါးစွန်းပါ၊ မင်္ဂလာဟု၊ ဒေသနာထူးခြား၊ ဤတရားကို၊ ရွှင်အားရရ၊ ညီလှမှတ်၍၊ စာတတ်သူ့ထက် ထူးစေသော။

(၂၀) ဤသို့မြတ်စွာ၊ မင်္ဂလာဟု၊ ဒေသနာထူးခြား၊ ဤတရားကို၊ ရွှင်အားရရ၊ ချပြီးမှလျှင်၊ ဇာတ်တော်တွင်လည်း၊ အလျင်ရှေးရှိ၊ တေမိအစ၊ နောက်မှဆုံးစွန်၊ ဝေသန္တရာ၊ ဆယ်ဖြာဇာတ်ပေါင်း၊ နူတ်သံညောင်းနှင့်၊ ညီကောင်းသို့သင်၊ သို့တွင် သို့ရှိ၊ သည်ပါဠိ၌၊ လာရှိဓိပ္ပာယ်၊ အသွယ်သွယ်ကို၊ ညီငယ်သို့ဆို၊ သည်ပါဌ်ကိုလည်း၊ နားချိုပါမြို့၊ လွန်နှစ်လိုလျက်၊ ဤသို့နက်ပေး၊ ဤအရေး၌၊ ညီထွေးသို့မှတ်၊ သို့စပ်သမ္ဗန်း၊ သို့မမှန်ဟု၊ မချန်မထား၊ ငါ့စကားကို၊ သည်းဖျားချပ်၍၊ စာဖတ်သူ့ထက် ထူးစေသော။

(၂၁) ဤသို့မဟာ၊ ဇာတ်ဆယ်ဖြာတွင်၊ ဓိပ္ပာယ်ငင်၍၊ သွန်သင်ပြဓီးမှ၊ အဋ္ဌသဒ္ဒါ၊ ကျမ်းရှစ်ဖြာတွင်၊ ရင်းချာမူလ၊ သန္ဓိစသည်၊ သရသို့လာ၊ ဒီဃမှာမူ၊ ဤသို့ဟူ၏၊ ဗျည်းမူသုံးဆယ်၊ သုံးလုံးဝယ်လည်း။ သိလွယ်လှစေ၊ ဧကစတ္တာ၊ အက္ခရာသော်၊ လေးဆယ်ကျော်လျက်၊ တလုံးပြက်တည့်၊ ရုပ်တွက်သောခါ၊ တမတြာကို၊ သို့သာပုဒ်ဖြတ်၊ တည်ပြီးလတ်မှ၊ သို့မှတ်သို့ခွင်၊ သို့ကြွင်းသို့စေ, သို့ချေသို့ကပ်, အပြီးသတ်ဟု, နူတ်မြတ်သြဇာ, မြတ်ဆရာတို့, နည်းနာညွှန်ပြ, မိန့်သမျှကို, ညီလှနားသွင်, တွက်စေချင်သည်။ ။မြင်မြင်သူ့ထက်သာစေသော။

(၂၂) ပိဋကတ်ဟု, ကျမ်းမြတ်သုံးပုံ, အလုံးစုံကို, ရောက်တုံသော်လည်း, နည်း၏မထင်, ကျွမ်းကျင်မည်ပါ, အက္ခရာနှင့်, သဒ္ဒါကျမ်းကို, လှည့်ကာဆိုမှ, ၀တ္ထုစသည်, ဖတ်ထလင်္ကာ, ပျို့ကဗျာ၌, လိမ္မာစေလို, သတ်ပုံကိုလည်း, နူတ်ချိုရွရွ, သင်ကောင်းလှ၏, လှမှစာတတ်, သတ်လတ်သေချာ, ချေလိမ္မာလိမ့်, နာသာချင်ဖွယ်, အသွယ်သွယ်နှင့်, နားငယ်နှစ်သိမ့်, ရိုးခြင်းစိမ့်လိမ့်, ဖိမ့်ဖိမ့်အက္ခရာ, ရေးသောခါလည်း, သေချာစွာလှ, က,နှင့်ပ,ကို၊ လည်းကျမတူ, ညမူတခြား, ယကားတသွယ်, န,ငယ်နှင့်မ၊ မတူကြတည့်, ကွဲကြသည်သာ, သတ်ညွှန်းစာလည်း, များစွာရှိပေ, အထွေထွေကို, ညီရွှေတပည့်, သင်စေလှည့်လော့, တည့်တည့်သို့မှ, ဓားကောင်းရှသို့, မိုးကောင်းကင်, သိန္ဓောနှင့်သို့,လျှင်လေသော့လား, ရေတရားမှ, ယိုငြားရေစက်, ပြွန်ပြွန်ထွက်သည်။ ။သူ့ထက်ညီထွေး ကဲစေသော။

(၂၃) ဤသို့အံ့ဖွယ်၊ အသွယ်သွယ်နှင့်၊ သူငယ်တို့ကို တတ်စေလို၍၊ ဆိုသည်အစဉ်၊ စကားယဉ်တွင်၊ မပြီးခင်၌၊ မှတ်ချင်ရေးရာ၊ လူ့ဘာသာသည်၊ ရှိပါတို့သေး၊ ညီကလေးကို၊ ရွေး,ပဲ,မူး,မတ်၊ ခွဲ,ကျပ်,ပိဿာ၊ ဆယ်,ရာ,ထောင်,သောင်း,သိန်း,သန်း,သောင်းနှင့်၊ ရက်ပေါင်းသင်္ချာ၊ လ,မှာ နှစ်စစ်၊ သက္ကရာဇ်ထား၊ ခုကား ဘယ့်နယ်၊ ဆယ်ကားဘယ်သို့၊ မှတ်ကုန်မြို့လော၊ မပေါ့နှင့်ကား၊ တပည့်များတို့၊ စပါး,ဆန်,ရေ,ရွှေ,ငွေ,ခဲမ၊ ပြောင်း,ပဲ စသည်၊ ဤမျှ၌ရွေ့၊ ဤနေဤသ၊ ဤကာလ၌၊ ချေထစားယူ၊ ထိုသည့်သူကား၊ တိုးပွားမည်မျှ၊ ငါကချလစ်၊ သက္ကရာဇ်သည်၊ စစ်သေ၀့်ဤမျှ၊ တွက်ချက်ရလျှင်၊ ဆံမျှမယုတ်၊ စက်မှန်ခုတ်သို့။ ။ဟုတ်ဟုတ်ညီထွေး တတ်စေသော။

(၂၄) လူရေးလူရာ၊ လူလိမ္မာဟု၊ ဖြစ်ပါလေစေ ကျောင်းမှာနေ့၊ များသိဿကို၊ သင်ကြစမြဲ၊ မချွတ်လွှဲတည့်၊ ကဲစေသူ့ထက်၊ ညဉ့်နံနက်လည်း၊ မပျက်မြဲစွာ၊ သရဏာနှင့်၊ ပဉ္စာသီလ၊ အဋ္ဌဥပုသ်၊ ကိုယ်,နူတ်,နှလုံး၊ စောင့်သုံးကုန်ကြ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ သည်သုံးပါးကို၊ မျိုးထွားမောင်လှ၊ စီးဖြန်းကြလော့ ငယ်စွငယ်သူ၊ ငယ်၏ဟူ၍၊ မယူသေမင်း၊ မာနလျှင်တည့်၊ အိုမင်းလှသာ၊ သေမင်းလာ၍၊ ယူလာတော့မည်၊ မမိတ်တည်နှင့်၊ မည်သည့်ချိန်ခါ၊ မရွေ့သာတည့်၊ ရာဇာ သေမင်း၊ ခွင်းလေးတတ်စွ၊ သတိရလော့၊ မမေ့လျော့နှင့်၊ မပေါ့နှင့်ကား၊ ထမင်းစားလည်း၊ ဦးဖျားယူလျှင်၊ သင်ပုတ်တင်မူ၊ စားကုန်ကြလော့၊ အိပ်ကြသောခါ၊ လက်ဆယ်ဖြာကို၊ ထိပ်မှာတင်ထား၊ မြတ်ဘုရားနှင့်၊ တရားသင်္ဃာ၊ ကိုးကွယ်ရာဟု၊ အိပ်မှတ်ပြုမှ၊ နိုးလေကလည်း၊ ဗုဒ္ဓဓမ္မာ၊ သင်္ဃာဟူကား၊ မြတ်သုံးပါးကို။ ။ညီကားပူဇော် လေလင့်လော့။

(၂၅) ဤသို့များစွာ၊ တတ်စရာကို၊ လှည့်ကာဆိုမှ၊ မိနှင့်ဘ၏၊ ကြီးလှကျေးဇူး၊ သင်ပေးဖူးကို၊ အထူးပြုပိမ့်၊ နားနာစိမ့်လော့၊ နှစ်သိန်းလေးသောင်း၊ ပေါင်းသည်ဤမြေ၊ ထူးထူးထွေလည်း၊ စိမ်ရွှေထွားထွား၊ ၀ါးရွက်လားသို့၊ ကျယ်များစကြ၀ဠာ၊ ကြီးဧရာလည်း၊ နွားချိုပေါက်စ၊ ပမာကျ၏၊ နက်လှစွာရှောင်း၊ ရှစ်သောင်းလေးထောင်၊ ရေဖောင်ဖောင်နှင့်၊ ထဲချောင်သမုဒ္ဒရာ၊ ရေများစွာလည်း၊ ပမာမလောက်၊ မိုးရေပေါက်သို့၊ အံ့လောက်အရာ၊ မိမာတာနှင့်၊ ပိတာအဖ၊ မြတ်ဂုဏအား၊ ဆပ်ငြားပါလို၊ မိကိုလက်ယာ၊ ဘမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြသည်၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်ဓနိုင်တည့်၊ ပိုင်မည်အကြောင်း၊ တရားကြောင်းကို။ ။ညီကောင်းနာဝယ်-စိမ့်လေတော့။

(၂၆) နားဝယ်စိမ့်ငှာ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ပြာပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တိုမိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သက်၊ ခိုးဝှက်ယူမူ၊ ဤငါးခုကို၊ မပြုနှင့်ဗျာ၊ လှူဒါမပြတ်၊ ပိဏ္ဍပတ်လည်း၊ မလုပ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာန၊ ရတနာသုံးဥဓီး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်,နူတ်,နှလုံး၊ စောင့်သုံးဗျာပါ၊ မိမာတာတို့၊ ဤသို့ဆိုတတ်၊ တို့သားမြတ်ကို။ ။ဆပ်ဆပ်ကျေးဇူး မိုး၏တည်း။

(၂၇) ကျေးဇူးဆပ်ဟု၊ ထူးမြတ်လှစွာ၊ ကျမ်းကဗျာကို၊ သိသာလှစေ၊ ဖော်ပြပေအံ့၊ ညီရွှေတပည့်၊ နားဝယ်ထည့်လော့၊ တည့်တည့်မရွက်၊ ဟုတ်တိုင်းထွက်ပိမ့်၊ ဘ၀ဂ်နှံ့လော့၊ သုံးလူဘော်၏၊ မိန့်တော်မူထ၊ သာသနကို၊ ကြည်လှစိတ်သန်၊ ထွက်နိဗ္ဗာန်သို့၊ အမှန်ရောက်လို၊ မိမိကိုယ်ကို၊ ကြည်ညိုသမူ၊ ရှင်ပြုကုန်ကြ၊ ပဉ္စင်းကကို၊ ရကြမထေရ်၊ ထိုသူသည်တို့၊ ငယ်ကစို့သည်၊ ရင်နို့ရည်ဖိုး၊ ကြိုး၍ဆပ်ပေ၊ ပိုင်လေသသူ၊ ချင့်တွက်ယူက၊ မတူဘက်ရှား၊ မြတ်ဘုရားလျက်၊ ရွှေနူတ်မြွက်ကို၊ နှစ်သက်သမူ၊ သာဓုစကား၊ သုံးကြိမ်ကြား၏၊ ဘုရားသာသနာ၊ ယခုခါလည်း၊ ကြုံပါသည်ကျိုး၊ မိနို့ဖိုးက။ ။ကြိုး၍ညီထွေး-ဆပ်လေတော့။

(၂၈) နို့ဖိုးပြေးကြောင်း၊ ကောင်းသားကျင့်ဝတ်၊ ပိဋကတ်ကို၊ ဟုတ်ဟုတ်ကြားက၊ များသိဿတို့၊ မှတ်ကြလိမ့်မည်၊ အကြောင်းတည်၍၊ ရေးသည်ကဗျာ၊ ပျို့လင်္ကာ၌၊ ရှေးခါဖြစ်ဖူး၊ ဂုဏ်ကျေးဇူးကို၊ အထူးပြလို၊ တစ်ဖန်ဆိုအံ့၊ နားချိုကြပါ ၊ ဒါယကာတို့၊ ဗာရာတွင်မည်၊ ရွှေပြည်နဂရာ၊ ထိုပြည်သာ၌၊ ရာဇာဗြဟ္မဒတ်၊ မင်းပြုလတ်သော်၊ တို့ရှင်ကျော်၏၊ သောင်းတော်အထွတ်၊ ဗောဓိသတ်လျှင်၊ မြတ်လှမိမှာ၊ စွဲလာသန္ဓေ၊ ဆယ်လနေ၍၊ ဖွားသည်နေ့မှ၊ စသည်ရေလစ်၊ ခုနှစ်နှစ်လျှင်၊ ရောက်ချင်ချင်သော်၊ အဘိုးတော်လည်း၊ မမြှော်မျက်စိ၊ ဖြစ်ရှာဘိ၏၊ မချိဆင်းရဲ၊ လက်စွဲကိုင်လျက်၊ ပြင်သို့ထွက်လည်း၊ ဆက်လက်တူပင်၊ ၀င်လည်းတူပေ၊ သို့တစေလျှင်၊ မအေမိခင်၊ အိမ်တွင်ကြီးငယ်၊ လုပ်ဆောင်ဖွယ်ကြောင့်၊ စိုးရိမ်နှောင့်လျက်၊ မောင့်ဘကြောင်းသာ၊ အိမ်မှာကိစ္စ၊ ချွတ်ယွင်းရခဲ့၊ မောင်ဘကိုလျှင်၊ လှည်းနှင့်တင်၍၊ မတာခွင်သယ်လေ၊ ငါ့မိစေက၊ ငါမွေးဘမူ၊ လူကိုဘယ့်နှယ်၊ သတ်ရမယ်ဟု၊ ဆဲရေးပြုလျင်၊ တိတ်တိတ်ပင်တည့်၊ နောက်လျှင်များစွာ၊ ဆိုသောခါ၌၊ ရှာပါမိခင်၊ လှည်းနှင့်တင်မြောက်၊ တောလှရောက်က၊ လဓှည်းမှချ၍။ ။အဘတွင်းတူး-လေ၏တည်း။

(၂၉) ထိုသို့ဆိုခါ၊ တို့မြတ်စွာ၏၊ လောင်းလျာတည်းဖြစ်၊ ခုနှစ်နှစ်သည်၊ ချစ်လည်းချစ်ဖွယ်၊ နုနယ်စလှ၊ လုလင်လှလျှင်၊ အဘနှင့်သား၊ တောသို့သွား၍၊ ကြောင်းလျားမသင့်၊ ပြုကျင့်အပ်သည်၊ အတတ်ဟူက၊ မှတ်မိဝမ်းတွင်၊ ဉာဏ်ဆင်ခြင်မှ၊ ငါ၏ဘကို၊ ငါမှကယ်ယူ၊ မရှိမူ၍၊ တွင်းမူတခြား၊ အဘသွား၍၊ တူးငြားလေလျှင်၊ သားစင်တို့မှာ၊ တွင်းတူးရာသို့၊ မကြာတူရူ၊ သွားလေမူလျှင်၊ အဘမြင်သော်၊ ညီလျှင်ဖန်ရည်၊ ဘယ်ပြုမည်ဟု၊ ဆိုသည်စကား၊ ကြားလတ်သောခါ၊ သားသည်းချာလည်း၊ အဘမှာကား၊ ဘယ်သို့ထားဘိ၊ ထံပါးကြပ်ကြပ်၊ မေးတုံလတ်သော်၊ အကြောင်းဖော်၍၊ နာပျော်ဘွယ်သာ၊ မောင့်မာတာသည်၊ တောမှာမြှုပ်လေ၊ ငါ့ကိုစေ၍၊ သေအောင်ရိုက်ချိုး၊ မောင့်ငယ့်ဘိုးကို၊ အရိုးအကြွင်း၊ ဤသည့်တွင်း၌ ထည့်လျှင်းပြီးမှ၊ ငါ့သားလှနှင့်၊ တူကွမကွာ၊ ငါတို့ရွာသို့။ ။တူသာသွားကြ-စို့၏တည်း။

(၃၀) ဤသို့ဆိုသား၊ ထိုစကားကို၊ ကြားလတ်သောခါ၊ သားပုတ္တာကား၊ သံဝါမြမြ၊ ဤသို့ဟ၍၊ မွေးဘချည်းသာ၊ ပြန်တို့ပါလော့၊ ငါ့မှာတွင်းကြီး၊ မပြီးလက်စ၊ ရှိလေထဟု၊ မြမြသံဝါ၊ ဆိုသောခါလျှင်၊ မောင့်မှာဘယ်ကြောင့်၊ ပူဆောင့်ပွဆာ၊ တူးရှာသနည်း၊ ငါ့ခမည်းဟု၊ မိန့်ဆိုပြုသော်၊ ငါ့ဘိုးတော်တို့၊ မြှုပ်ကြသော်လား၊ ငါ့ဘအားလည်း၊ ဆိုငြားသောအခါ၊ ဤတွင်းမှာလျှင်၊ ငါသာမြှုပ်မည်၊ အကြောင်းရည်၍၊ တူးသည်မွေးဘ၊ မြှူသံမြနှင့်၊ ဆိုထစကား၊ ကြားလတ်သောခါ၊ ဘပိတာလည်း၊ ငါသည်မိုက်လှ၊ သံဝေရလျက်, တွင်းမှတက်၍, နှစ်သက်ဝမ်းသာ, နမ်းရူပ်လာမှ, ငါ့သားလှသည်, တောဝမြိုင်သာ, တူမပါမူ, ပိတာအဘ, မွေးဘကိုယ်လုံး, ခုအဆုံးဟု, နှလုံးမဆံ့, လွန်ကြောက်ရွံ့မှ, မွေးဒသည့်ဘကို, သံမြသာချို, ဤသို့ဆို၏၊ မြင်းမိုရ်သမုဒ္ဒရာ၊ စကြ၀ဠာပထ၀ီ၊ ဤသည်မြေထက်၊ ကျေးဇူးနက်သည်၊ ပြိုင်ဘက်ခဲစွာ၊ ဘပိတာက၊ များစွာမကောင်း၊ မူအပေါင်းတွင်၊ မွေးဖခင်ကို၊ အကျင်သယူ၊ သတ်ချေမူကား၊ ထိုသူအားလျှင်၊ ဇမ္ဗူပြင်ကို၊ စည်သွင်မျက်နှာ၊ ညှိများစွာလျှင်၊ ရွှေပလ္လင်တည့်၊ တည်တုံဘိ၍၊ ပျားဘိသင်္ဃာ၊ ထောင်နှင့်သာလျင်၊ မြတ်စွာဘုရား၊ အထွတ်ထားကို၊ ကြည်ညိုသဒ္ဒါ၊ ပင့်တို့ပါ၍၊ ဒိဝါရတ္တ၊ အာဒိစ၍၊ ဆွမ်းကဖြူဖြူ၊ နေ့တိုင်းလှူလည်း၊ ပူသည်ဆင်းရဲ၊ ပါယ်ဝဋ်ထဲမှ၊ လွဲသည်မရှိ၊ ဒုဂ္ဂတိကို၊ သိတော်မူပါ၊ ဘပိတာဟဒု၊ သံဝါမြမြ၊ ဆိုဆုံးမသည်၊ မွေးဘပိတာ၊ ထိုအခါမူ။ ။လွန်စွာကြောက်ရွံ့တုန်၏တည်း။

(၃၁) ကြောက်ရွံ့ပြင်းစွာ၊ ဘပိတာကို၊ မြိုင်သာတောဝယ်၊ အသွယ်သွယ်နှင့်၊ ဆန်းကြယ်လှစွာ၊ ပုံစံရှာ၍၊ ထိုခါဤတွင်၊ ထိုဖခင်လည်း၊ င့ါတွင်မိုက်စွ၊ ငါ့သားလှသည်၊ တောဝမြိုင်ခြေ၊ ပါတုံပေ၍၊ မသေငါ့ဘ၊ ချမ်းသာရ၏၊ မကျငါလျှင်၊ ၀ီစိတွင်းသို့၊ မ၀င်တို့ရ၊ လွှတ်ပေစွဟု၊ အားရ၀မ်းသာ၊ သားသည်းချာနှင့်၊ ပိတာတို့လျှင်၊ အိမ်သို့ဝင်က၊ ကြည်လင်ကော်ရော်၊ ရှိပူဇော်မှ၊ မြတ်လှလုပ်ကျွေး, မွေးမြူရည်ရှာ၊ စုတေခါဝယ်၊ နတ်ရွာစံစား၊ ရသည်များကို၊ ငါးရာငါးဆယ်၊ ဇာတ်တော်ဝယ်၌၊ အကျယ်များစွာ၊ ရှိလေရာတည့်၊ ဇာတ်တော်ဝယ်၌၊ အကျယ်များစွာ၊ ရှိလေရာတည့်၊ နာသာရုံမျှ၊ စည်းငယ်ပြသား၊ ပုံစံများကို၊ မှတ်သားကုန်ကြ၊ ညီသိဿတို့၊ မိဘတို့အား၊ တရားတိမ်းစောင်း၊ ကျင့်မကောင်းက၊ ဆုံဆုံးမလေ၊ သားလှမကောင်း၊ မိဘကောင်းတည်း၊ သားကောင်းမိဘ၊ ခံရမည်ရေး၊ အလွန်ဝေးစွ၊ မိဘနှဓစ်ပါး၊ ကောင်းသောအား၊ များ၏လူတွင်၊ ဖြစ်မည်ပင်တည့်၊ မိခင်မွေးဘ၊ သားတို့မျှကို၊ ဆုံးမကြပါ၊ တချို့မှာကား၊ ငါ၏သားသည်၊ သနားစလှည့်၊ ဖြစ်ပေ၏ဟု၊ ရူကြည့်သာယာ၊ ကျောင်းမှာမထား၊ အိမ်တွင်သားနှင့်၊ စကားရေးရာ၊ ရှိသောခါမူ၊ ငါ့မှာလျှာမဲ့၊ ဟူသကဲ့သို့၊ ကဲ့ရဲ့စရာ၊ မျက်နှာမလှ၊ မိနှင့်ဘသည်။ ။ရှက်ရဧကန် သဘောတည်း။

(၃၂) ရှက်ရမှန်စွာ၊ သားပုတ္တာကို၊ မှန်စွာငယ်က၊ မဆုံးမမူ၊ မိဘတလည်၊ ရန်သူမည်ဟု၊ ဆိုသည့်စကား၊ ထုံးစံများကို၊ မှတ်သားကုန်ကြ၊ မိနှင့်ဘလည်း၊ ကျလုအပြီး၊ ၀ီစိနီးလျက်၊ နတ်ပြည်တက်၍၊ သို့ဖက်စံစား၊ သားစကားကြောင့်၊ ဖြစ်ငြားတို့လေ၊ ပုံသက်သေကို မှတ်စေစိမ့်ငှာ၊ ဆုံးမစာကို၊ သိသာရုံမျှ၊ ပြပြီးမှတည့်၊ ဘုရားသာသနာ၊ တော်၌သာလျှင်၊ သားရွှေစင်ကို၊ ကြည်လင်သမူ၊ ရဟန်းပြုငြား၊ မိဘများ၌၊ ရငြားချမ်းသာ၊ ရှိဖူးစွာကို၊ သိသာလျှင်အောင်၊ အဓိပ္ပါယ်ဆောင်အံ့၊ နားထောင်ကြပါ၊ ဒါယကာတို့၊ မြတ်စွာဘုရား၊ အထွတ်ထား၏၊ ထင်ရှားနာမ၊ ကျော်ပေါက်ပြသည်၊ သောဏတွင်ခေါ်၊ တပည့်ကျော်၏၊ ခမည်းတော်ကား၊ တရားမသိ၊ မိုက်လှဘိ၏၊ သတိမရှေး၊ ခွေးလည်းများစွာ၊ ရံစကာနှင့်၊ ကြီးစွာတောင်ထက်၊ နေ့တိုင်းရက်လည်း၊ တက်၍ရှာဖွေ၊ ခွေးတတွေနှင့်၊ နေ့ရှည်ရက်များ၊ တို့တအားကို၊ သနားစွာလှ၊ ရှင်သောဏသ၊ မွေးသဤသို့၊ မဖျင်းမြို့နှင့်၊ သို့ပင်တစေ၊ ဆုံးမလေလည်း၊ မနေတို့ပါ၊ တောသို့သင်လျှင်၊ သွားပါစမြဲ၊ တလဲလဲလျှင်၊ အိုမြဲဇရာ၊ ရောက်သောခါမှ၊ သားသောဏမူ၊ ကျောင်းသို့ယူထ၊ မွေးသည့်ဘကို၊ မြတ်လှတရား၊ ဟောငြားသမူ၊ ရဟန်းပြုသည်။ ။သေလုတရား နီးတွင်တည်း။

(၃၃) သေလုနီးနီး၊ တရားကြီးတွင်၊ မွေးဖခင်ကို၊ ကြည်လင်စေမူ၊ ရဟန်းပြုလျှင်၊ မကြာခင်၌၊ တောတွင်မြိုင်ခြေ၊ ခွေးတတွေနှင့်၊ ရှာဖွေလည်းပြု၊ မကောင်းမူကြောင့်၊ ယခုထင်ထင်၊ မြင်သည်ထင်ရှား၊ တောင်ထိပ်ဖျားက၊ ဆင်ငြားတုံလာ၊ ခွေးများစွာကို၊ ပိတာအဘ၊ မြင်လေကလျှင်၊ သားလှကယ်ပါ၊ ခွေးများစွာသည်၊ လာတကား၊ ငါ့အသားကို၊ စားကြမချွတ်၊ အသေသတ်ချိမ့်၊ လွန်ကြောက်ထိန်၍၊ ဖိမ့်ဖိမ့်လည်းတုန်၊ အသက်ခုန်၍၊ ကြောက်တုန်ပြင်းစွာ၊ ရှိသောခါမှ၊ သတိရလည်း၊ ငါ့ဘတောခွင်၊ ခွေးနှင့်ဝင်၍၊ ရှာချင်ခဲ့ထ၊ ထိုပါပသည်၊ ခုကပင်လျှင်၊ ပါယ်လေးခွင်သို့၊ ငင်၍ချမည်၊ ရည်ပြီးတကား၊ ငါ့ဘအားလည်း၊ မလားပါယ် ရွာ၊ ရှိစိမ့်ငှာလျှင်၊ ငါသားအရေး၊ ဖြစ်ချေသေး၏၊ ထေးထေးဖာဖာ၊ ဘပိတာကို၊ ငါသာနတ်ပြည်၊ တင်ပါမည်ဟု ကြံစည်ပြီးမှ၊ များသိဿအား၊ တောဝမြိုင်ချေ၊ ပန်းထွေထွေကို၊ ရစေပြီးမှ၊ မွေးသည့်ဘကို၊ ဓာတ်လှမွေတော်၊ ကျိန်းဝပ်ပျော်သား၊ ကျောင်းတော်စေတီ၊ သို့လျှင်ချီ၍၊ ရူအီဖွယ်သာ၊ ပန်းများစွာနှင့်၊ ပူဇာရဟ၊ ဤပုညကို၊ မွေဘအိုလျှင်၊ ဖန်စီရင်၏၊ စိတ်တွင်ကြည်စေ၊ ငါ့ဖအေဟု၊ ဆိုလေသောခါ၊ ဘပိတာလည်း၊ ချမ်းသာအားရ၊ ကြည်ဆွဆွလျှင်၊ ဖြစ်စေချင်သော်၊ ခွေးလျှင်ငါးရာ မလာတို့ပဲ၊ ရှောင်ကြဉ်ဖဲ့၍၊ လဲသည်ဘ၀၊ စုတေရလျှင်၊ နတ်ပြည်ခွင်သို့။ ။ဖခင်စံရလေ၏တည်း။

(၃၄) ဤသို့ဖခင်၊ နတ်ပြည်တွင်၌၊ မြဲပင်တာရှည်၊ စံရသည်ကို၊ နားလည်စိမ့်ငှာ ဥပမာဖြင့်၊ နာသာစိမ့်ကြောင်း၊ ဆိုပြန်ရှောင်းအံ့၊ မကောင်းရောဂါ၊ ဝေဒနာသည်၊ ပြင်းစွာနှိပ်စက်၊ သက်ထွက်လုနီး၊ တျားတျားတီးနှင့်၊ သက်ကြီးရှိုက်ဖို၊ ထိုသူကိုလျှင်၊ မိတ်ဝင်ကျွမ်းသူ၊ ဆွေတော်သူက၊ စသည်မျိုးပုံ၊ အားလုံးအုံ့မှ၊ မကြောင့်ကြရှင့်၊ သက်မှရှည်စေ, တိုးဝင်စေဟု, ဆိုလေတုံငြား, ဆေးသမားကို, သွား၍ခေါ်မြောက်, အိမ်ကိုရောက်ငြား, ဆေးသမားလည်း, လက်ဖျားစမ်းသပ်, သွေးသံပြတ်ဟု, ဆိုလက်သရော်, သို့သော်လွတ်မြဲ, သွေးကိုစွဲ၍, လှေကွဲစိးကာ, ပြုတိုပါဟု, ဉာတကာတို့, ဆိုကြမြို့သာ, သို့သော်၌ဆေး, တွင်းကိုပေးလော့၊ လွတ်ရေးမှန်လှ, ဧကန္တတည့်, ကောင်းစွာနှာနှတ်, မျက်စဉ်းခတ်က, ချမ်းသာရအံ့, မကြောက်လန့်နှင့်, တံ့တံ့ဝန္တံ, ခံသည်နှင့်သာ, ရက်မကြာလျှင်, ရောဂါကင်းထ, ချမ်းသာရသို့, ပုံချထို့သွင်, တို့ဖခင်လည်း, တောခွင်မြိုင်ခြေ, ရှာဖွေခဲ့ထ, ကျင့်ပါပလည်း, အာသန္နကံ, ပါယ်လေးတန်သို့, ပြောင်းပြန်ကမည်, ထင်လေသည်ကို, မထေရ်သောဏ, သားပုတ္တသည်, ဇီဝကလျှင်, ကုသောသွင်သို့, များဖျင်ကုသိုလ်, ဆေးထိုထိုဖြင့်, ဉာဏ်တော်ချင့်၍, ထိုက်လွှင့်သောခါ, ခွေးများစွာလည်း, မလာဝံ့ကြ, ပျောက်ပျက်ပ၍, ကောင်းလှအာရုံ, ဉာဏ်သင့်ကြုံ၍။ ။နတ်ဘုံစံစားလေ၏တည်း။

သားသုံးပါးစကားအမျိုးမျိုးများ
(၃၅) ဤသိုပမာ, အဖြာဖြာကို, ပညယူငင်, လူတို့တွင်လည်း, အကြင်သားကို, တတ်စေလို၍, ပျိုရွယ်ကာလ, စာချစိမ့်ငှာ, မြတ်ဆရာသို့, အပ်ကြမြို့လော့, သားတို့ပညာ, ရှိသောခါလျှင်, ဆရာ,မက၊ မိနှင့်ဘကို, သဂ္ဂနတ်ပြည်, တင်ဘူးသည်ကို, နားလည်ကြပါ, ဒါယကာတို့, ထိုသို့မဟုတ်, သားတည့်ယုတ်မူ, ဆုတ်သည်လူသား, ပုံမပြားတည့်, သားကားသုံးယောက်, ခုမျက်မှောက်တွင်, ရှိသည်ပင်တည့်, မိနှင့်အဘ, ကျင့်သမျှကို, ကျင့်ကြသမူ, အနုဇာတ, မည်ရတွင်မြောက်, သားတစ်ယောက်တည့်, တစ်ယောက်မှာကား, မိဘများထက်, တတ်သည့်ပညာ, အကျင့်သာသည်, လွန်စွာဖြစ်ဘိ, အဘိဇာတ, မည်ရတွင်မြောက်, သားတစ်ယောက်တည့်, မိဘအောက် ဆုတ်ယုတ်သည့်အကျင့်, ရှိလင့်တန်က, သမုတ်ကြသည်, အာဇာတ, မည်ရတွင်မြောက်, သားတစ်ယောက်တည့်, သုံးယောက်သားတွင်, မိနှင့်ဘအား, တူကြမည်လား, လွန်ပင်ရှား၍, မိဘများထက်, ထက်မြက်လိမ္မာ, အကျင့်သာငြား၊ ထိုသည့်သားမူ၊ လူတွင်ခပဲ၊ လွန်ဖြစ်ခဲ၏၊ ၀မ်းထဲပိုက်ကြ၊ နှလုံးမျှလော့၊ မိဘအောက်ယုတ်၊ ဆုတ်သည်သားများ၊ လူတလွှားအား၊ ပမာကြားပိမ့်၊ တောဖျားမြိုင်ဝယ်၊ သစ်ပင်နှယ်တည့်၊ အနှစ်လည်းရှိ၊ ကြီးဘိသစ်ပင်၊ နှစ်မဲ့ချင်၏၊ သစ်ပင်ကြီးမှာ၊ နှစ်ရှိပါလည်း၊ ငယ်စွာသစ်ပင်၊ နှစ်မဲ့ချင်၏၊ သစ်ပင်ကြီးငယ်၊ တောလံးငယ်လည်း၊ အကယ်အနှစ်၊ မရှိဖြစ်ခဲ့၊ သစ်ပင်ကြီးက၊ အာဒိစ၍၊ ရံတသစ်ပင်၊ ထက်ဝန်းကျင်လည်း၊ ကာလျှင်မပါ၊ အနှစ်သာနှင့် အရာထူပြော၊ ဤလေးတောသို့၊ ရှင်စောဘုရား၊ ပမာထား၍၊ ဟောကြားမိန့်မှာ၊ ပညာဆင်ခြင်၊ လူတို့တွင်လည်း၊ ဖခင်မွေးမိ၊ တရားသိ၍၊ ရှိသည့်အချင့်၊ သားကမြင့်၍၊ တင့်တင့်တယ်တယ်၊ လူ့ပြည်ဝယ်၌၊ စင်ကြယ်သန့်ရှင်း စေ၏တည်း။

(၃၆) သန့်ရှင်းစင်ကြယ်၊ အသွယ်သွယ်ကို၊ အကယ်သိထွေ၊ ဆိုးကောင်းပေသည်၊ ပဒေပဒါ၊ ကျယ်ဝန်းစွာ၍၊ နာသာရုံမျှ၊ ပြပြီးမှလျှင်၊ သိဿတို့အား၊ စကားအရာ၊ အဖြာဖြာကို၊ သိသာလှစေ၊ ဆိုတုံ့ပေအံ့၊ စကားမွှေ၊ စကားနှောက်၊ စကားလှောက်၊ စကားထား (စကားပွား)၊ စကားသွား၊ စကားလာ၊ စကားညှာ၊ စကားနှိပ်၊ စကားမိတ်၊ စကားလှယ်၊ စကားဖယ်၊ စကားသွေး၊ စကားလေး၊ စကားပေါ့၊ စကားလျော့၊ စကားတင်း၊ စကားသွင်း၊ စကားမြှူ၊ စကာချူ၊ စကားခေါ်၊ စကားချော်၊ စကားယှက်၊ စကားဝှက် စကားဖန်၊ စကားထန်၊ စကားနှိပ်၊ စကားရိပ်၊ စကားဖမ်း၊ စကားဆန်း၊ စကားမွှေး၊ စကားထွေ။ စကားလိုင်း၊ စကားဝိုင်း၊ စကားသာ၊ စကားနာ၊ စကားငေး၊ စကားမေး၊ စကားလျှောက်၊ စကားနောက်၊ စကားသင်၊ စကားတင်၊ စကားတည်း၊ စကားရှည်၊ စကားတို၊ စကားဖို၊ စကားမ၊ စကားလှ၊ စကားပင်၊ စကားနှင်၊ စကားဆုံး၊ စကားရူံး၊ စကားနိုင်၊ စကားပိုင်၊ စကားမြေ၊ စကားနေ၊ စကားပွ၊ စကားကြွ၊ စကားတတ်၊ စကားနှပ်၊ စကားသိပ်၊ စကားချိတ်၊ စကားသွမ်း၊ စကားချမ်း၊ စကားမှတ်၊ စကားဟတ်၊ စကားလော၊ စကားပြော၊ စကားထွေ၊ စကားသေ၊ စကားရှင်၊ စကားရွှင်၊ စကားအုပ်၊ စကားချုပ်၊ စကားမြောက်၊ စကားချောက်၊ စကားဟိန်း၊ စကားချိန်း၊ စကားနေ၊ အထွေထွေကို၊ ညီဆွေတပည့်၊ မှတ်လှည့်တို့ပါ၊ သုဘာသိတ၊ ပိယသစ္စာ၊ ဓမ္မအပြား၊ အင်လေးပါးနှင့်၊ ညီသဖြင့်လျှင်၊ ဆိုခွင့်ဆိုရာ၊ အဖြာဖြာကို၊ သေချာစေ့ငု၊ ပညာရူ၍၊ ဗဟုသစ္စ၊ ဟူသမျှနှင့်၊ သိပ္ပအပြား၊ အပါးပါးကို၊ မှတ်သားလေက၊ ညီသိဿအား။ ။ထင်ရှားကျော်စော-လေအံ့တည်း။

မိတ္တ၀ိန္ဒက၀တ္ထု
(၃၇) ထင်ရှားကျော်မည်၊ ရှေ့သို့ရည်၍၊ ဆိုသည်ခြင်းရာ၊ အဖြာဖြာကို၊ မှတ်နာကုန်ကြ၊ ညီသိဿတို့၊ ထိုမှတစ်ပါး၊ မိဘများ၌၊ ပြစ်မှားကုန်ဘိ၊ သိစိမ့်သောငှာ၊ ဆိုလိုက်ပါအံ့၊ ရှေးခါလွန်လေ၊ ပွင့်ကုန်ပေသည်၊ ပရမေမြတ်လှ၊ ကဿပဟု၊ ဇိနထွတ်ထား၊ မြတ်ဘုရား၏၊ ထင်ရှားသာသနာ၊ တော်၌သာလျှင်၊ များစွာဓန၊ ပြည့်စုံလှသည်၊ ကြွယ်ဝစည်ပင်၊ သူဌေးတွင်၌၊ သားလျှင်တစ်ယောက်၊ ရှိတုံမြောက်၍၊ အံ့လောက်လူဝယ်၊ ပညာကျယ်တိ၊ မွမ်းဖြင့်ရှိလည်း၊ တတ်သိစိမ့်ငှာ၊ အဋ္ဌာရသ၊ ဟူသမျှကို၊ တ,န,မသင်၊ လေးဖင်၍နေ၊ သို့တစေနှင့်၊ စာပေမကျ၊ တ,န,မသိ၊ မိုက်ဘိလှငြား၊ ထိုသည့်သားကို၊ ထံပါးအနီး၊ ခေါ်တုံပြီးမှ၊ မိနှင့်ဘမူ၊ မြွက်ဟသာချို၊ ဤဤဆို၏၊ သားပျိုမောင်လှ၊ ယနေ့ညကို၊ သားလှကျောင်းမှာ၊ အိပ်လေပါ၍၊ ညစာမစား၊ တစ်နေ့အားကို၊ တရားနာနာ၊ ဆည်းကပ်ပါအံ့၊ မှန်စွာမယုတ်၊ ဤထောင်ထုပ်ကို၊ ဟုတ်ရာမည်သိ၊ နားလည်ဘိဟု၊ ဆိုသည့်စကား၊ ကြားလေသောခါ၊ သားမိုက်စွာလည်း၊ ညစာမစား၊ ကျောင်းသို့သွား၍၊ တရားဟောရာ၊ မနာလိုရှောင်၊ လွှဲပြောင်းအိပ်ပျော်၊ မိုးသောက်သော်လျှင်၊ သုံးလူရှင်ကို၊ ဖူးမြင်မရှိ၊ လာလတ်ဘိသော်၊ မွေးမိသခင်၊ ကျေးဇူးရှင်လည်း၊ ကျောင်းတွင်ငါ့သား၊ အိပ်ပေငြား၍၊ မစားညစာ၊ ရှောင်ပါတုံပေ၊ ငါ့သက်ဝေကို၊ မှတ်ဖြေစိမ့်ရည်၊ မယ်ကြိုးရည်၍၊ ချက်သည်ကြိုင်သင်း၊ ဤထမင်းနှင့်၊ ဤဟင်းကိုလျှင်၊ သားပန်းပင်သည်၊ အလျှင်းရှေးဖျား၊ စားပြီးငြားမှ၊ ရွှေသားမယုတ်၊ ဤထောင်ထုပ်ကို၊ အဟုတ်ငါ့သား၊ ယူတော့ကားဟု၊ မယ်ဘွားနူတ်က၊ ဆိုမြဓွက်ဟသည်။ ။ချိုမြသာယောင့် သာယာတည်း။

(၃၈) သာယောင့်-သာယာ၊ သားသည်းချာကို၊ မာတာမိခင်၊ ဆိုလေကျင်က၊ ထိုသားလှသည်၊ ဥစ္စာကြောင့်သာ၊ ကျောင်းမှာအိပ်နေ၊ ရှောင်လေညစာ၊ စေနာမထက်၊ ထိုသားပျက်မူ၊ ယူအံ့ရွှေစင်၊ ရပြီးချင်မှ၊ နောက်လျှင်ထမင်း၊ စားတို့လျှင်းအံ့၊ ရွှင်ခြင်းမထား၊ ငိုသံပါနှင့်၊ မျက်နှာမလှ၊ ဆိုလေကလျှင်၊ မွေးမိခင်လည်း၊ ရွှေစင်တစ်ထောင်၊ ထုပ်ကိုဆောင်၍၊ မောင်ငယ်သားရွှေ၊ ယူတော့စေဟု၊ ပေးလေသော့ခါ၊ သာမိုက်စွာကား၊ ထမင်းစား၍၊ ကုန်သွားရင်းနှီး၊ သင်္ဘောစီး၍၊ ပြည်ကြီးဗာရာ၊ လိုက်မည်သာဟု၊ မာတာမိကို၊ အကြောင်းဆိုလျှင်၊ မွေးမိခင်လည်း၊ တို့တွင်ဥစ္စာ၊ များလှစွာ၏၊ သမုဒ္ဒရာရေ၊ စီးထွေထွေကို၊ စေ့ရေမိခင်၊ ဆိုပါချင်လည်း၊ မ၀င်နားမှာ၊ မိုက်လှစွာငြား၊ ထိုသည့်သားမူ, ယူ၍ရွှေစင်၊ သဓွားမည်ပြင်သော်၊ မိခင်ရှေ့ပါး၊ ဟန့်ဆီးတားလည်း၊ သွားမည်နှင့်သာ၊ မိမာတာက၊ ဘယ်ညာလက်စုံ၊ တွန်းလိုက်တုံသော်၊ မှောက်ခုံမွေးမိ၊ လဲသေဘိ၍၊ မချိဝေဒနာ၊ ရှိသောခါ၌၊ ထိုသားမိုက်လည်း၊ စိုက်စိုက်တန်းသွား၊ သင်္ဘောသားနှင့်၊ ပေါင်းငြားလေချင်၊ ပင်လယ်ခွင်သို့၊ လွင့်ကျင်သောအခါ၊ လှေနာဝါလည်း၊ ပြင်းစွာရေလျဉ်၊ လေနှင့်ယှဉ်သော်၊ ကစဉ်ကလျား၊ မျောလေသွား၍၊ ဦးဖျားဝမ်းလိုင်၊ နံကိုင်ပေါက်ကွဲ၊ ပင်လယ်ဝဲ၌၊ ဆင်းရဲအတိ၊ နစ်လေဘိသော်၊ မှာဘိလည်းတား၊ သင်္ဘောသားတို့၊ ငါးလိပ်အစာ၊ ဖြစ်လေပါ၍၊ ရေမှာသွေးဆင်း၊ လူခပင်းသည်။ ။ရှင်းရှင်းအကုန်-စင်၏တည်း။

(၃၉) ရှင်းရှင်းစင်လေ၊ ထိုသူတွေပင်၊ မအေမိခင်၊ တားပါချင်လည်း၊ မ၀င်နားမှာ၊ မိုက်လှစွာငြား၊ ထိုသည့်သားမူ၊ ပျဉ်ပြားတစ်ချပ်၊ မှီတဲလတ်၍၊ အရှေ့အနောက်တောင်မြောက်မသိ၊ မျောဘိရေ၀ယ်၊ တလယ်လယ်နှင့်၊ ကျွန်းငယ်၌မှာ၊ ထင်လေပါ၍၊ ညစာမစား၊ တစ်နေ့အားကို၊ ရှောင်ရှားခဲ့ထ၊ ကုသိုလ်မရ၍၊ ဒေ၀စံသီး၊ နတ်သမီးတို့၊ ခရီးဦးကို၊ ဆိုကြကြိုလျက်၊ ဗိမာန်ထက်၌၊ နှစ်သက်ဝမ်းမြောက်၊ လေးယောက်နှင့်သာ၊ စံရပါလျက်၊ ခုနှစ်ရက်လျှင်၊ စေ့ချင်သောခါ၊ ဒေ၀ါစံသီ၊ နတ်သမီးတို့၊ ဤသို့သာယာ၊ ဆိုတို့ပါ၏၊ လူ့ရွာကလျှင်, တို့ရပ်ခွင်သို့ ရောက်ချင်တို့ပေ, တို့သက်ဝေကို, နေ့ရှည်မကြာ, ရက်လည်ခါကို, မောင်သာဤတွင်, နေစေချင်ဟု, သံရှင်မြမြ, ဆိုကြကုန်သော်, နှမတို့ကား, ဘယ်သို့သွားဟု, စကားသာယာ, မေးသောခါလျှင်, တို့မှာရောပြု, ကောင်းမူနှစ်ပါး, ကျင့်တရားကြောင့်, တို့ကားခုနှစ်ရက်, ဗိမာန်ထက်၌, နေလျက်ချမ်းသာ, စံရပါလျက်, ခုနှစ်ရက်လျှင်, ငရဲခွင်၌, မြဲပင်ခံရ, ဤခြင်းတကို, မောင်လှမှတ်ပါ, ငရဲရွာလှ, သွားရှာရမည်, နားလျှင်လည်လော့, ဤသည်ထမင်း, ဤသည်ဟင်းနှင့်, မဆင်းမသက်, ဗိမာန်ထက်တွင်, နှစ်သက်ဝမ်းသာ, စားတို့ပါ၍။ ။မောင်သာနေနှင့် ရစ်ပါတော့။

(၄၀) စားရစိမ့်ငှာ, ဆိုတုံပါလည်း, မနာတို့ဘဲ, မျက်နှာလွှဲသော်, လှေကွဲပျဉ်ပြား၊, စီးသွားလေမြောက်, တကျွန်းရောက်သည်, ရှစ်ယောက်နတ်သမီး, အပြီးပြီးနှင့် , ငြီးငြီးငွေ့ငွေ့, စံပျော်မွေ့လျက်, ခုနှစ်ရက်ကြာ, ရှိပြီးစွာလည်း, ပမာရှေးလား, မှာကြားထားလည်း, မျောသဓွားလေမြောက်, တကျိပ်ခြောက်လည်း၊ ရောင်တောက်ညီးညီး, နတ်သမီးနှင့်, ဘုံးသီးဗိမာန်, ပျော်စံလေရ, ထိုမှတစ်ပါး, မျောသွားတုံပြီး, နတ်သမီးတည့်, ဖြင်းညီးရိပ်ရိပ်, သုံးကျိပ်ကသာ, နှစ်ယောက်သာနှင့်, တူသာရွှင်စံ, စည်းစိမ်ခံမှ, တစ်ဖန်ရှမ်းလား, မျောသွားလေလျှင်, မွေးမိခင်အား, ပယ်လိုက်ရှား၍, တွန်းငြားလည်ပြု, မကောင်းမူလျှင်, သည်ကိုငင်၍, ပါယ်ခွင်ကျမည်, ရှည်သည်နှင့်သာ, စောင့်ရှောက်ပါ၍, လေးဖြာဒွါရ, တံခါးမနှင့်, နာဂရသို့, အင်မချို့သည်, မြို့ကြီးပမာ, ငရဲရွာကို, ပက်ပါထင်ထင်, မြင်သည်နှင့်သာ, ချမ်းသာမရ, လူထိုမျှ၏, ဟစ်ထမညံ, သောသောသံကို, ကြားပြန်လေလျှင်, လူ့ပြည်ထင်၍, ငါလျှင်မချွတ်, ဤမြတ်ပြည်၌, အထွတ်လူ့ဖျား, မင်းတရားစစ်, ဧကန်ဖြစ်အံ့, မချွတ်တံ့ဟူ, တက်၍ယူလျှင်, တံခါးတွင်း၌, မြဲပင်နိစ္စ, ဆင်းရဲရသည်, ရှေးကမိကို, မရိုမသေ, မထီလေးစား, ပြုငြားခဲ့ထ, ဗာလလူရူံး, လူသစ်တုံးက, သင်ဒုန်းစကြာ, ထိပ်မှာတင်သည်, ချာချာလည်လျက်, သွေးစက်စက်နှင့်, ထွက်သည်နှင့်သာ, ပွတ်ပုံစာသို့, ဘရဖွာတက်, စဉ်ထွက်အလား, လွှစာသွားနှင့်, မျက်ဝါးထင်ထင်, တွေ့လေမြင်သည်, ခါးတွင်သံလွန်, မျောက်သဏ္ဌာန်သို့, လက်ပြန်ကော့ချည်, ဆောက်တည်မရ, မွေးမိဘတို့, မြင်ကြလာပါ, ငါ့ကြမ္မာဟု, ငိုရ ရှာငြား၊ ထိုသူအားကို၊ မျက်ဝါးထင်ထင်၊ တွေ့လေမြင်သည်။ ။လိုချင်တော့တ လေ၏တည်း။

(၄၁) တောင့်တလိုချင်၊ အကောင်းထင်၍၊ ထိပ်တင်မြဲရွက်၊ သင်ဓုန်းစက်က၊ နှစ်သက်ရွှင်ပြုံး၊ ရွှေတုံးပမာ၊ ခါးမှာလည်းဓား၊ သံလှံဖျားကို၊ ၀တ်စားထင်နိုး၊ နတ်ပုဆိုးသို့၊ မွှေးမျိုးနံ့သာ၊ သွေးဖြာဖြာကို၊ မှတ်ရှာချင်ဘိ၊ မွေးမိခင်နှင့်၊ ဖခင်နှစ်ပါး၊ မြင်ပါလားဟု၊ ဟစ်ငြားပြင်းထန်၊ ထိုအသံကို၊ ကြားပြန်လေလျှင်၊ သားချင်သွင်သို့၊ မှတ်ထင်မိလေ၊ သို့ဖြစ်ထွေကြောင့်၊ ချဉ်းလေးအပါး၊ ထံသို့သွား၍၊ ထိပ်ဖျား၌တွင်၊ အစ်ကိုဆင်သား၊ ရွှေပန်းအားကို၊ ငါကားပန်ချင်၊ ကိုယ့်ခါးတွင်၌၊ ဆင်ယင်တင့်တယ်၊ ပုဆိုးနှယ်သည်၊ ငါ့ဝယ်မရှိ၊ ၀တ်ချင်ဘိစွ၊ မေအးဘိလှစွာ၊ ကိုယ့်နံ့သာကို၊ လိမ်းပါရစေ၊ သာလှပေသား၊ သီချင်များကို၊ ငါ့အားသင်ပါ၊ တောင်းသောခါလျှင်၊ ငါ့မှာမကောင်း၊ မူအပေါင်းကြောင့်၊ တောင်းကြသောထက်၊ ငါ့ထိပ်တက်၌၊ ရွက်ရစကြာ၊ ငါ့ကြမ္မာတည့်၊ ပန်းသာမဟုတ်၊ ချည်နှောင်တုတ်သား၊ ငါ၏ခါးတွင်၊ သံလွန်များပင်၊ ၀တ်ချင်လှနိုး၊ ပုဆိုးတန်ဆာ၊ မဟုတ်ပါတည့်၊ ဖြာဖြာသွေးရည်၊ ယိုကျသည်ကို၊ နံ့ရည်သာလျှင်၊ မမှတ်ချင်နှင့်၊ ငါတွင်ငိုသံ၊ တညံညံနှင့်၊ မခံမသာ၊ ရှည်လင့်စွာကို၊ သီချင်းဆိုသို့၊ အစ်ကိုနားတွင်၊ မထင်နှင့်ကား၊ ဆိုလေငြားလည်း၊ ယောက်ျားချင်းကို။ လို၏ဆိုက၊ မျှကြသည်ချည်း၊ လူစဉ်းလဲဟု၊ ဆိုလေပြုသော်၊ ယခုဤသူ၊ ငါ့အတူလျှင်၊ လူ့ပြည်တွင်၌၊ မိခင်တို့ကို၊ မဇ္ဈိမသေ၊ မထီလေးစား၊ ပြုသည်ငြားက၊ ငါ့အားကြမ္မာ၊ ယခုခါလည်း၊ ကုန်ပါတော့သည်၊ ဟုတ်လမည်ဟု၊ ယူဟုစကြာ၊ ပစ်လိုက်ပါက၊ ထိပ်ချာဝ၌၊ ထွင်း၍စိုက်သို့၊ တုန်ရိုက်ဖိမ့်ဖိမ့်၊ ကိုယ်လုံးစိမ့်၍၊ ငြိမ့်လသောခါ၊ ခါးမှာသံပြား၊ လက်ကားနောက်ပြန်၊ ချည်ပြန်ကုန်ဘိ၊ သွေးတိများစွာ၊ ဘရဖွာသည်၊ ပွတ်စာအလား၊ စစ်ထွက်သွား၍၊ ခန့်ညားမသာ၊ ကိုယ်စကြာကို၊ ယူပါတော့ဆို၊ ငိုလည်းငိုလျက်၊ သံမိုနက်သို့၊ ရူထွက်မသာ၊ တချာချာသည်။ ။ထိပ်မှာတည့်တည့် လည်၏တည်း။

(၄၂) ထိုသို့ထိပ်ချာ၊ လည်သည်သာနှင့်၊ ပြင်းစွာနှိပ်စက်၊ ဆင်းရဲနက်သည်၊ သို့ဘက်တာရှည်၊ ခံရသည်ကို၊ နားလည်ကြပါ၊ ညီဓသိဿာတို့၊ မာတာပိတ၊ မိနှင့်ဘတို့၊ ဒေါသမညစ်၊ မပြစ်မှားရာ၊ မကျင့်ရှာနှင့်၊ ကျင့်ရာချေက၊ တွင်းဆုံးကျသို့၊ ခံရအမှန်၊ စကြာပန်ကို၊ ပုံစံယူပါ၊ သူ့စကကြာကို ငါ့စကြာပြု၊ ယခုတိုင်အောင်၊ ဥဒါန်းဆောင်၍၊ လူ့ဘောင်တလွှား၊ ဆိုသည်ကြား၏၊ မှတ်သားကြပါ၊ ကျမ်း၌လာကို၊ သိသာရုံမျှ၊ ရုံးလိုက်ပြသား၊ ငါ့စကားကို၊ ဟုတ်ငြားမထင်၊ မမှတ်ချင်နှင့်၊ မိခင်နှင့်ဘ၊ သိပ္ပဆရာ၊ မှန်စွာဖြစ်စေ၊ ဒက္ခိဏေယျ၊ ဟုတ်ပေစွတည့်၊ ဘုရားသာသနာ၊ ကွယ်သောခါလည်း၊ ဘယ်မှာဘုရား၊ ဘယ်ကားသင်္ဃာ၊ ရတနာတိ၊ မသိပါကြ၊ မိနှင်ဘကို၊ တုပ်ကွရိုကျိုး, ရှိခိုးဝန္ဒနာ, လုပ်ကျွေးပါသား, သူတို့အားလျှင်, နတ်ပြည်ခွင်သို့, ရောက်ချင်လေထ, စံလေရဟု, လူ့ဘဘုရား, ဟောခဲ့ထား၏။ ဘုရားသာသနာ, ယခုမှာကား, သုံးပါးသရဏာ, ကိုးကွယ်ပါဟု, သည်မှာဘုရား, သည်တရားပင်, သည်ကားသင်္ဃာ, သည်မှာမိဘ၊ ဂုဏ်ကိုပြ၍, သည်ကဆရာ, သိတို့ပါလျက်, နှစ်သက်ကြည်စွာ, မသဒ္ဓါတည့်, ရတနာသုံးဦး, မဖူးမသွား, တရားမနာ, လှူဒါမပေး, မလုပ်ကျွေးကြ, မိနှင့်ဘကို, ညွတ်ခကော်ရော်, မပူဇော်ဘဲ, ရှောင်လွဲတုံငြား, သားတို့များလည်း, မိုးဝါးပူထဲ, လွှတ်မည်ခဲ၏, ဆင်းရဲကြီးစွာ, ရှိသောခါမှ၊ မွေးမယ်တ၍, မြင်ကြလှာပါ, ငါ့ကြမ္မာဟု, ပူဆာဒုက္ခ, စိုးရိမ်တလျက်, ဘယ်နှစ်ရက်မှ။ ။ထွက်မည်အလွန် ခဲ၏တည်ဒ။

ဆရာကိုပြစ်မှားသည့် လှံသမား
(၄၃) ဤသို့ဖြစ်၍, ချစ်လည်းချစ်စွာ, ညီသိဿာကို, သာလည်းသာချို, လင်္ကာဆို၍, ချိုလည်းချိုမြတ်, လေးလေးနက်သား, ခက်လည်းခက်စွာ, ဥပမာဖြင့်, နားလည်နာဘွယ်, ထုံးနည်းသွယ်၍, မကျယ်မကျဉ်း, စိုးတမျဉ်းမျှ, ဆိုလိုက်ပြသား, ငါ့စကားကို, မှတ်သားကုန်ပါ, ညီသိဿာတို့, ဆရာမိဘ, တ,နသွန်သင်, ကျေးဇူးတင်သား, သူတို့များကို, ပြစ်မှားရှာ၍, သေပါလေဘူး, ပုံတထူးကား, မြစ်နားတစ်လျှောက်, ကတွက်ပေါက်၌, မြှောက်၍ခံစား၊ ဥဗျိုင်းအားကို၊ ယောက်ျားတစ်ယောက်၊ မြင်လေမြောက်လျှင်၊ တုမြင်တတ်ရ၊ ဖြစ်ပေစွဟု၊ စ၍လည်းသင်၊ မိုးကောင်းကင်သို့၊ မြှောက်တင်လိုက်သား၊ သစ်ချွန်များကို၊ မြေအားမကျ၊ ခံတွင်းဟ၍၊ လျှာမျှမထိ၊ ကိုက်နိုင်ဘိမှ၊ အုတ်ခဲစသည်၊ လှံမ,လှံသေး၊ ထက်စွာသွေးသား၊ သန်လျက်သွားကို၊ ကိုက်စားတို့နိုင်၊ ပြိုင်သူမရှိ၊ တတ်ခေါင်ထိလျှင်၊ ရွာသို့ဝင်၍၊ များဖျင်လာဘ်တ်သတ်၊ အထပ်ထပ်နှင့်၊ အရပ်ရပ်သိ၊ တတ်မြောက်ဘိ၍၊ မင်းကြီးရင်ပြင်၊ ပွဲသဘင်သို့၊ ၀င်၍ပြလျှင်၊ မင်းကြီးမြင်သော်၊ ရွှင်ရွှင်ပပ၊ အားပါရ၍၊ ဆုချကြေးငွေ၊ အထွေထွေနှင့်၊ နေ့ရှည်ရက်ကြာ၊ ရှိပြိးစွာလျှင်၊ လုလင်ဘယ်မှာ၊ ဘယ်ဆရာတွင်၊ သင်ပါသနည်း၊ ဖြည်းဖြည်းသမျှ၊ မေးလေကလျှင်၊ ကျွန်ုပ်တွင်၌၊ သွန်သင်ဆရာ၊ မရှိပါဟု၊ ရှိကြာလက်စုံ၊ လျှောက်ပြီးတုံမှ၊ က,မြဲကတော်၊ လှံမ,ခံတွင်း၊ အာကိုချင်း၍။ ။စင်းစင်းသေလေ-ကုန်၏တည်း။

(၄၄) ရှေးရှေးသောကံပါရမီ၊ တူညီဘ၀ကို၊ ပေါင်းဖက်ရပေသောမိတ်ဆွေ၊ စေ့စေ့ရေလျှင်၊ မြဲကြွေနိစ္စ၊ ရှိရသည်လည်းတကြောင်း၊ ရှေးဝဋ်ဟောင်းကံဆုံ၍၊ မတွေ့ကြုံသော်အလွဲ၊ ဖြစ်ပျက်မြဲဓမ္မတာ၊ တရားကိုရှာပါလျှင်၊ အနိစ္စာဝတသင်္ခါရာ၊ ဥပ္ပါယဓမ္ပိနော၊ ကျော်စောကိတ္တိ၊ နှံ့သိအကြောင်းကြောင်းတို့ကို၊ အောင်းမေ့၍လည်းနေရ၊ တကွမကွာ၊ ရွှေဟင်္သာမောင်နှံ့၊ ကဲ့သဏ္ဌာန်သို့၊ ပျော်စံသည်ထုံး၊ နှလုံးသွင်းပိုက်၍၊ စိတ်ကြိုက်ကိုလိုရာ၊ ပညာကိုတွေးတော၊ ရွှေသဘောဧ၀တန်၊ ကောင်းရာကိုကြံကြသော၊ မောင်နှံ ရွှေဥဒေါင်း၊ ဘုရားလောင်းဇာတ်ပုံ၊ အကုန်သောစကား၊ ရှေ့သို့သွားလျှင်၊ မခြားမဝေး၊ ပညာနှင့်တွေးပါရော့၊ အဆွေးအကောင်း၊ မြှော်မြင်လို့ ပေါင်းရမည်၊ ပုဂ္ဂိုလ်ဟောင်း သုခမိန်အကြိမ်ကြိမ် အကြောင်းတည်း။

ပုတ္တောဝါဒ ဆုံးမစာ ပြီး၏။

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment