ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 8 February 2013

ပျက်စီးကြောင်း တရားများ


ဥစ္စာပျက်ကြောင်း ၆-ပါး

သေစားသောက်စား၊ လမ်းသွားခါမဲ့၊
ရူငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊
မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊
ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း။


သေအရက်သောက်ခြင်းအပြစ် ၆-ပါး

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့ထုံ၊
မလုံအင်္ဂါ၊ ပညာနည်းပါ၊
ဤခြောက်ပါးကား၊ သောက်စားသေစာ၊
အပြစ်တည်း။

အခါမဲ့လမ်းသွားခြင်း အပြစ်

ကိုယ့်သားမယား၊ တခြားဥစ္စာ၊
လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊
ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊
ဆင်းရဲစု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

သဘင်ပွဲလမ်းအပြစ် ၆-ပါး

ကခြင်းတလီ၊ သီခြင်းတသီး၊
မှုတ်ခြင်းတသင်း၊ ပြိန်ဖျင်းတအုပ်၊
လက်ခုပ်တလီ၊ အိုးစည်တဖြာ၊
ရှိရာရှာ၍၊ ဥစ္စာပျက်မှု၊
ဤခြောက်ခုကား၊ ကြည့်ရူသဘင်၊
အပြစ်တည်း။

လောင်းတမ်းကစားသူအပြစ် ၆-ပါး

အောင်သူရန်ပွား၊ ရှုံးသွားစိုးရိမ်၊
စည်းစိမ်လျော့ပါး၊ တရားသဘာင်၊
မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊
မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊
ပျော်ပါး ကြွေန် အပြစ်တည်း။

မိတ်ဆွေပျက် ၆-ယောက်

ကြွေအန်ကြူးထ၊ မိန်မကြူးတွေ၊
သေစာကြူးမှု၊ အတူပြုငြား၊
လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊
နိုင်းထက်လုယူ၊ ဤသူ ၆-ပါး
မိဘ်ဖြစ်လားကြောင့် ပျက်ပြားမိတ်ဆွေ၊
အပြစ်တည်း။

ပျင်းရိခြင်း၏အပြစ် ၆-ပါး

အချမ်းပြင်းဝှန်၊ အပူလွန်နိုး၊
မိုးချုပ်လှမော၊ အစောလွန်းလှရောင်၊
ဆာလောင်ဝမ်းဝ၊ နေကဥစ္စာ၊
ပညာမပွား၊ ဤခြောက်ပါးကား၊
ထင်ရှားလူပျင်း အပြစ်တည်း။

No comments:

Post a Comment