လူသားတို့သည် ကြီးခါကာလ နောင်တရလာကြလေသာအခါ မိမိတို့ ဘာသာအလိုက် အထက်တက်ရန် တာစူကြ၏။ လူအဓိပ္ပာယ် ဖော်ဆောင်ရန်ပင် ဖြစ်၏။ ထိုတာစူချက်ကို ပျမ်းမျှအားဖြင့် အသက်လေးဆယ်ပိုင်းက စသည်ဆိုအံ့။ ထိုတာစူစသည် တစ်ရက်လျှင် တစ်နာရီထက် မပိုချေ။
ထိုတစ်နာရီတွင်လည်း ကျင့်ဆဲအကြား စိတ်ရှိ အစွဲအတေးများက လာရောက်ကာ ဂယက်လက်တစ်ဆုံးမျှ (သို့) အသိတစ်ချက်၊ အသိမဲ့တစ်ကွက်လုံးမျှအတွေးဖြင့် ဖုံးလွှမ်းကြရရှာ၏။ ထိုတစ်နာရီအတွင်း အကျင့်၏ အသိကား ဆယ့်ငါးမိနစ်မျှထက် မပိုချေ။
သို့ကြောင့် တစ်ရက်တာကာလ မိမိအတွက် လူ့အသက် (၁၅) မိနစ်မျှ မှတ်ပါလေ၊ ထိုတစ်ရက်လျှင် (၁၅)မိနစ်မျှသော လူ့အသိရှိ လူအသက်များကိုပေါင်းသော် -
လေးရက်မှ တစ်နာရီ၊ တစ်လမှ ခုနှစ်နာရီခွဲမျှသာတည်း။ တစ်ဖန် တစ်လတစ်လေ ထို ခုနှစ်နာရီခွဲမျှ လူသက်တို့ကို ပေါင်းကြည့်သော် တစ်နှစ်မှာမှ နာရီပေါင်း တစ်ရာ့နှစ်ဆယ်မျှသာ ရှိရာ ငါးရက်စာမျှသာ တစ်နှစ်အတွက် လူသက်ရှိတော့၏။
သင်သည် အသက်ငါးဆယ်ပြည့် ဖြစ်အံ့ -
လူသက်စင်စစ်သည် ဆယ်ရက်မျှဖြစ်၍ သင်ကား မီးတွင်းသားမျှသာတည်း။
သင်သည် အသက် ခြောက်ဆယ်အထိ နေရအံ့၊ သင့်လူသက်ကား တစ်ဆယ့်ငါးရက်မျှဖြစ်၍ မီးတွင်းသားမျှသာတည်း။
သင်သည် အသက်ခုနှစ်ဆယ်အထိ နေရအံ့၊ သင့်အသက်ကား တစ်လမျှသာ လူသက်ရှိသေး၍ မီးတွင်းမှ မလွတ်သေးပြီ။
အကယ်တိတိ အသက်ရှစ်ဆယ်တွင် သွားလမ်းဆုံးသော်ကား သင့်အသက် အရက်လေးဆယ်ရ၊ မီးတွင်းကလေးဘ၀ဖြင့် ဆုံးရချေပြီတကား။
ဤကား လက်ငင်း ဘ၀သေပုံတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment