သူ့ အသက်သတ်ရင် အပြစ်၊ မသတ်ရင် အကျိုးရှိပုံကို ရှေးဆရာတော်ကြီးတွေ ရေးထားတဲ့ လင်္ကာလေးနဲ့ ရေတွက်ပြပါမယ်။ လင်္ကာလေးကို အရကျက်မှတ်ထားလိုက်ပါ။
ပါဏာတိပါတ်၊ သူ့အသက်သတ်က၊ ချို့တဲ့အင်္ဂါ ၁။မွဲပြာရုပ်သွင် ၂။အားအင်ချို့ယွင်း ၃။လျင်ခြင်းလည်းဝေး ၄။ဘေးကိုကြောက်တတ် ၅။အသတ်ခံရာ ၆။အနာများလျက် ၇။ခြွေရံပျက်၍ ၈။အသက္တိုလ် ၉။ပြစ်များစွာသည်၊ ရှောင်ကအပြန် အကျိုးတည်း။
သတ်သူဟာ...
၁။ ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်း
၂။ ရုပ်ဆင်းမလှခြင်း
၃။ ခွန်အားနည်းပါးခြင်း
၎။ လေကန်ထုံထိုင်းခြင်း
၅။ ကြောက်တတ် လန့်တတ်ခြင်း
၆။ သူတစ်ပါး အသတ်ခံရခြင်း
၇။ ရောဂါထူပြောခြင်း
၈။ ခြွေရံနည်းပါးခြင်း
၉။ အသက်တိုခြင်း
ရှောင်သူဟာ..
၁။ ကိုယ်လက်အင်္ဂါပြည့်စုံခြင်း
၂။ ရုပ်ဆင်း လှပစိုပြည်ခြင်း
၃။ ခွန်အားတောင့်တင်းခြင်း
၎။ ပေါ့ပါးလျင်မြန်ခြင်း
၅။ ရဲစွမ်းသတ္တိရှိခြင်း
၆။ သူတစ်ပါးအသတ်မခံရခြင်း
၇။ ကျန်းမာရွင်လန်းခြင်း
၈။ ခြွေရံပေါများခြင်း
၉။ အသက်ရှည်ခြင်း။
No comments:
Post a Comment