ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 12 August 2010

ဘုရားကိုးဆူ ပူဇော်မှုဟာ ပိဋကတ်တော်မှာပါတဲ့ အစဉ်အလာ ဟုတ်ပါသလာဲး ?

ဘုရားကိုးဆူပူဇော်မှုကို ပိဋကတ်တော်မှာမတွေ့ရပါဘူး။ ပူဇော်ပွဲတစ်ခုအနေနဲ့ ကျင်းပတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဓမ္မပဒအဌကထာမှာပါတဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး တီထွင်ထားတဲ့ ပူဇော်ပွဲတစ်ခုသာ ဖြစ်ပါတယ်။


ဘုရားရှင်ဟာ ဒီဃလင်ဂိကမြို့မှာ သီတင်းသုံးနေစဉ်ပုဏ္ဏားတစ်ယောက်က မွေးခါစ သူ့ရဲ့သားဟာ ၇-ရက်သာ အသက်ရှည်မယ်လို့ တိတ္ထိရဟန်းတစ်ပါးက ဟောပါတယ်။ သနားကရုဏာထားပြီး ကယ်မတော်မှုပါလို့ လျှောက်တယ်။ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်တစ်ခု ထိုးစေပြီး မဏ္ဍပ်အလယ်မှာ ကလေးကို ထားစေပြီး ရဟန္တာ (၈)ပါးဖြစ်စေ၊ (၁၆)ပါးဖြစ်စေ၊ နေ့ရောညပါ (၇)ရက်လုံးလုံး ပရိတ်ရွတ်စေပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ ဘုရားရှင် ကိုယ်တော်တိုင် ကြွရောက်ရွတ်ပါတယ်။ နတ်ဗြဟ္မာတွေက ပရိတ်တော်နာဖို့ ဘုရားရှင်ကို ဖူးဖို့မဏ္ဍပ်ဝန်းကျင်မှာ ပြည့်နေတဲ့အတွက် ကလေးကို စားခွင့်ရထားတဲ့ အ၀ရုဒ္ဓကဘီလူးဟာ ကလေးနား မကပ်နိုင်လို့ မစားနိုင်တော့ဘူး။ (၈)ရက်မြောက်နေ့မှာ ကလေးအား ဘုရားရှင်ကို ရှိခိုးစေရာ “အသက်ရှည်စေသော်လို့” မေတ္တာပို့လိုက်ရာက ပုဏ္ဏားက သူ၏ကလေးကို “အာယုဝဓုန= မောင်သက်ရှည်” လို့ နာမည်ပေးလိုက်တယ်။


ဘုရားရှင်ဟာ ဒီဃလင်ဂိကမြို့မှာ သီတင်းသုံးနေစဉ်ပုဏ္ဏားတစ်ယောက်က မွေးခါစ သူ့ရဲ့သားဟာ ၇-ရက်သာ အသက်ရှည်မယ်လို့ တိတ္ထိရဟန်းတစ်ပါးက ဟောပါတယ်။ သနားကရုဏာထားပြီး ကယ်မတော်မှုပါလို့ လျှောက်တယ်။ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်တစ်ခု ထိုးစေပြီး မဏ္ဍပ်အလယ်မှာာ ကလေးကို ထားစေပြီး ရဟန္တာ (၈)ပါးဖြစ်စေ၊ (၁၆)ပါးဖြစ်စေ၊ နေ့ရောညပါ (၇)ရက်လုံးလုံး ပရိတ်ရွတ်စေပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ ဘုရားရှင် ကိုယ်တော်တိုင် ကြွရောက်ရွတ်ပါတယ်။ နတ်ဗြဟ္မာတွေက ပရိတ်တော်နာဖို့ ဘုရားရှင်ကို ဖူးဖို့မဏ္ဍပ်ဝန်းကျင်မှာ ပြည့်နေတဲ့အတွက် ကလေးကို စားခွင့်ရထားတဲ့ အ၀ရုဒ္ဓကဘီလူးဟာ ကလေးနား မကပ်နိုင်လို့ မစားနိုင်တော့ဘူး။ (၈)ရက်မြောက်နေ့မှာ ကလေးအား ဘုရားရှင်ကို ရှိခိုးစေရာ “အသက်ရှည်စေသော်လို့” မေတ္တာပို့လိုက်ရာက ပုဏ္ဏားက သူ၏ကလေးကို “အာယုဝဓုန= မောင်သက်ရှည်” လို့ နာမည်ပေးလိုက်တယ်။


ဒီဖြစ်ရပ်ကို နမှုနာယူပြီး ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ကိန်းခမ်းအရ ဂြိုလ်စား ဂြိုလ်နင်း အတိတ်နိမိတ်မကောင်းတဲ့အခါ ဂြိုလ်ကိုးလုံးပူဇော်မှုနဲ့ တွဲပြီး ဘုရားကိုးဆူ ပူဇော်တဲ့ အလေ့အထကို တီထွင်ခဲ့ကြတာဖြစ်တယ်။

1 comment:

  1. ထားလိုက်ပါဗျာ ... ဘုရားကိုးဆူဆရာတွေ စီးပွားပျက်ကုန်ပါဦးမယ်..

    ReplyDelete