ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 August 2010

ဒက္ခိဏသာခါ ဘုရားပုံတော်ကို ကိုးကွယ်ရင် လောကီသိဒ္ဓိ အားလုံးပြီးတယ်ဆိုတာ မှန်ပါသလား?

ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ အမြင်အားဖြင့် ရိုးရိုးရုပ်ပွားတော်တွေလောက် ကြည်ညိုဖွယ် မဆောင်ပါဘူး။ ဒါပေမယ့် ဒက္ခိဏသာခါ ပုံတော်ကို လူတွေက ဘာသာရေးအရ ရုပ်ပွားတော်တစ်ဆူအနေနဲ့သာ ကိုးကွယ်ကြတာ မဟုတ်ပါဘူး။ ဒက္ခိဏသာခါဘုရားကို ကိုးကွယ်ရင် လာဘ်လာဘ ပေါများမယ်၊ အရောင်းအ၀ယ် ကောင်းမယ်၊ ရာထူးတိုးမယ်၊ အန္တရာယ် အားလုံး ကင်းမယ်၊ အိမ်လဲ မီးမလောင်နိုင်ဘူး၊ လောကသိဒ္ဓိပေါင်းစုံ ပြီးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြပါတယ်။


ဘုရားရှိခိုးတယ်၊ ပူဇော်တယ်ဆိုတာက ရုပ်ပွားတော်၊ ဆင်းတုတော်၊ ဓာတ်တော်၊ စေတီပုထိုးတွေကို ရှိခိုးပူဇော်တာ မဟုတ်ပါဘူး။ အရဟံ စတဲ့ ဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်အာရုံထဲမှာ ပေါ်လာသည်အထိ မျှော်မှန်းပြီး ရှိခိုးပူဇော်ရတာ ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတု ဓာတ်တော် စေတီတွေက သက်တော်ထင်ရှား ဘုရားရှင်ရဲ့ အာရုံထင်မြင် လွယ်ကူဖို့ အထောက်အကူ မျှသာ ဖြစ်ပါတယ်။


ဒါကြောင့် ရိုးရိုး ရုပ်ပွားတော်ပဲဖြစ်ဖြစ်၊ ဒက္ခိဏသာခါ ပုံတော်ပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကြည်ညိုသဒ္ဓါတရားအားကောင်းရင် ကောင်းသလောက် ၀ိပဿနာဘက်ကို ကူးလိုက်ရင် မင်္ဂဥာဏ် ဖိုလ်ဥာဏ်အထိ ရနိုင်ပါတယ်။

No comments:

Post a Comment