ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 1 August 2010

ဥဒ္ဒိဿစေတီဆိုတာ ဘာလဲ?


ဥဒ္ဒိဿစေတီဆိုတဲ့ ပါဠိစကားက ရည်ရွယ်မှန်းထားခြင်းလို့ အဓိပ္ပာယ်ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀-ကျော်တုန်းက သက်တော်ထင်ရှား မြတ်စွာဘုရားရှိခဲ့တာကို စိတ်က မှန်းဆပြီး ရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ စိတ်အာရုံထဲမှာ မှန်းဆလို့ ပေါ်လာတဲ့ ဘုရားရှင်အာရုံကို ဥဒ္ဒိဿစေတီလို့ခေါ်တယ်။

ဘုရားပုံတော်၊ ပန်ချီကား၊ ဘုရားကားတွေနဲ့ ရုပ်ပွားဆင်းတုတော်ပုံတွေဟာလဲ ဥဒ္ဒိဿစေတီတွေ ဖြစ်ပါတယ်။ ဓာတ်တော် မွေတော်တွေ မဌာပနာဘဲ တည်ထားတဲ့ သဲပုံစေတီ၊ အုတ်စေတီ စသည်တွေဟာလဲ ဘုရားရှင်ကို ရည်မှန်းပြုလုပ်ထားတာဖြစ်လို့ ဥဒ္ဒိဿစေတီတွေဖြစ်ပါတယ်။

No comments:

Post a Comment