ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 12 August 2010

အာဋာံနာဋိယသုတ်မှာ ၀ိပဿိဿစ နမတ္ထု စသည်ဖြင့် ၀ိပဿအစ ဂေါတမအဆုံး ဘုရား ၇-ဆူကို ရှိခိုး ပူဇော်ထားတယ်။ ဘာဖြစ်လို့ ဒီဘု၇ား ၇-ဆူကို သီးခြားရှိခိုးပါသလဲ ?

အာဋာနာဋိယသုတ်မှာလာတဲ့ ၀ိပဿိဿစ နမတ္ထု စက္ခုမန္တဿ သီရိမတော စတဲ့ ဘုရားရှိခိုးဂါထာတွေက ဗြဟ္မာကြီးရဲ့ ဘုရားရှိခိုး ဖြစ်ပါတယ်။ ဗြဟ္မာတွေဟာ အလွန် သက်တမ်းရှည်တဲ့အတွက် ၀ိပဿီဘုရားကိုမီတဲ့ ဗြဟ္မာကြီးတွေဟာ ၀ိပဿီဘုရားရှင်ရဲ့ နောက်မှာပွင့် တဲ့ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရား ၇-ဆူကို ဖူးတွေ့တရားနာခဲ့ရဖူးပါတယ်။


ဒါကြောင့် ဗြဟ္မာကြီးက ဖူးတွေ့တရားနာဖူးတဲ့ ဘုရား ၇-ဆူ ဂုဏ်တော်တွေကို ထုတ်ဖော် ချီးကျူးပြီး ရှိခိုးတာ ဖြစ်ပါတယ်။ အဲဒီ အာဋာနဋိယသုတ်လာ ဗြဟ္မာကြီးရဲ့ ဘုရား ၇-ဆူ ရှိခိုးကို မှီငြမ်းပြုပြီး ဘုရား ၇-ဆူ ဘုရားရှိခိုးဟာ တွင်ကျယ်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment