သံပ္ပံပညာရှင်တို့သည် စကြ၀ဠာအတွင်းရှိ “ တွင်းနက်ကြီး” (Black Hole)” ကိုသာ အသည်းအသန် လေ့လာစူးစမ်းနေရာမှ သူတို့နေထိုင်သော ဤကမ္ဘာဂြိုလ်ကြီးပေါ်တွင်လည်း ကြီးမားသော တွင်းနက်ကြီး များ ဖြစ်ပေါ်တည်ရှိနေသည်ကို အံ့သြဖွယ်တွေ့သိလာခဲ့ကြသည်။
တောင်အာဖရိက ကင်ဘာလေတွင်းကြီး (

တောင်အာဖရိကသည် စိန်ထွက်ရာတွင် နာမည်ကြီးသည်။ ယခုဖြစ်ပေါ်နေသော ကင်ဘာလေ တွင်းကြီး သည် လု့ပယောဂတွင်းကြီးများအနက် အကြီးဆုံးတွင်းကြီး ဖြစ်ပြီး အနက် ၁၀၉၇ မိတာ ( ၃၆၀၁ ပေ) ရှိ သည်။ ယင်းတွင်းကြီးထဲမှ စိန်စုစုပေါင်း သုံးတန်ကျော် တူးဖော်ရရှိခဲ့ပြီးဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ဆက်လက် မတူးဖော်တော့ဘဲ ရပ်ဆိုင်းခဲ့သော တွင်းဟောင်းကြီးဖြစ်သည်။
ဘင်ဂမ်ကင်နွန် သတ္တုတွင်းပေါက်ကြီး (

၁၈၆၃ ခုနှစ်ကတည်းက ယခုတိုင် တူးဖော်လုပ်ကိုင်နေဆဲ တွင်းကြီးဖြစ်၍ ပုံမှန် ကျယ်ပြန့်နက်ရှိုင်းလာ လျက်ရှိသည်။ လက်ရှိအနေအထားတွင် အနက်လေးပိုင်း သုံးပိုင်း မိုင် (ပေပေါင်း ၃၉၆၀) ခန့်ရှိပြီး၊ အကျယ်နှစ်မိုင်ခွဲခန့် ရှိပေသည်။ ဘင်ဂမ်ကင်နွန် သတ္တုတွင်းပေါက်ကြီးသည် အမေရိကန်ပြည်ထောင်စု ၏ ၄၅ ခုမြောက် ပြည်နယ်ဖြစ်သော အူတပ် (
တွင်းပြာကြီး(Breat Blue Hole)

ဤကြီးမားကျယ်ပြန့်သော တွင်းကြီးကို စကြ၀ဠာအတွင်းမှ “တွင်းနက်ကြီး” (Black Hole) နှင့် နှင့်နှိုင်းစာ၍ တွင်းပြာကြီး (Black Hole) ဟူ၍ ပထ၀ီရူထောင့်မှ ခေါ်ဝေါ်သမုတ်ထားကြသည်။ ကာရစ်ဘီယံပင်လယ်တွင်းရှိ ဘီလိုက်ဇ်ကျွန်းအနီး မိုင် ၆၀ အကွာတွင် တည်ရှိသော သဘာဝတွင်းကြီး ဖြစ်သည်။ ကမ္ဘာပေါ်တွင် တွင်းပြာကြီးများစွာအနက် ပုံစံကျကျလှပသော တွင်းပြာကြီးမှာ ဤတစ်တွင်းသာ ရှိသည်။
အမေရိကန် ဂလော်ရီတွင်းကြီး (Glory Hole)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွန်တီဆယ်လို ရေကာတာကြီးမှ ရေပိုရေလွှဲ တွင်းကြီးဖြစ်ပြီး တစ်စက္ကန့်လျှင် ရေကုဗပေ ၁၄,၄၀၀ နှုန်းစီးဝင်လျက်ရှိသော အံ့ဖွယ်တွင်းးကြီးတစ်တွင်း ဖြစ်သည်။
မိုင်နီစိန်တွင်း (Mirny Mine)

ကမ္ဘာပေါ်ရှိ စိန်တွင်းများအနက် အ၀ကျယ်ပြီး သားရဲတွင်းကြီးအလား ကြောက်စရာကောင်းသော တွင်းကြီးတစ်တွင်းဖြစ်သည်။ ၅၂၅ မီတာ(၁၇၂၄ ပေ) နက်ပြီး အချင်း ၁၂၀၀မီတာ (ပေ ၃၉၄၀) ရှိသည်။ ထူးဆန်းသည်မှာ တွင်းကြီးပေါ်သို့ လေယာဉ်ဖြတ်မပျံသန်းရ နယ်မြေအဖြစ်သတ်မှတ်ထားတယ်။ အဘယ်ကြောင့်ဆိုသော် ဖြတ်ပျံသန်းသော ရဟတ်ယာဉ် တချို့တွင်းကြီး၏ စုပ်ယူခြင်း ခံရဖူးသောကြောင့် ဖြစ်သည်။ ဆာဗီးယားနိုင်ငံတွင်ရှိသော တွင်းကြီးဖြစ်သည်။ ဆာဗီးယားနိုင်ငံသည် ယခင် ယူဂိုဆလားဗီးယားနိုင်ငံဖြစ်ခဲ့ပြီး မြို့တော်မှာလည်း ယခင်မြို့တော်ဟောင်း ဘဲလ်ဂရိတ်ပင် ဖြစ် သည်။
ဒိုင်းယားဗစ်သတ္တုတွင်းကြီး (Diavik Mine)

ကနေဒါနိုင်ငံတွင်၇ှိပြီး ယင်းသတ္တုတွင်းကြီးတွင် ကိုယ်ပိုင်လေယာဉ်ကွင်းရှိသည်။ ဘိုရင်းဂျက် လေယာဉ်ပျံ ၇၃၇ ဆင်းသက်နိုင်လောက်အောင် ကျယ်ပြန့်ရှည်လျားသော လေယာဉ်ပြေးလမ်းလည်းရှိ သည်။ တွင်းးကြီးပတ်လည်ရှိရေပြင်မှာ ရေခဲနေလောက်အောင် ရာသီဥတု အအေးလွန်ကဲသော နေရာ လည်းဖြစ်သည်။
စင့်ခ်ဟိုးလ်ခေါ် မြေကျွံကျသွားသော တွင်းပေါက်ကြီး

ဂွာတီမာလာနိုင်ငံတွင် ယခုနှစ် ၂၀၀၈ စောစောပိုင်းက မြေကျွံကျသွားရာမှ ဖြစ်ပေါ်လာသော တွင်းပေါက်ကြီးဖြစ်သည်။ အိမ်တစ်ဒါဇင်ကျွံကျသွားပြီး လူသုံးဦးသေဆုံးခဲ့ရသည်။ ဖာထေးရန်မည်သို့မျှ မတတ်နိုင် သောတွင်းနက်ကြီး တစ်တွင်းဖြစ်သည်။
ဂွာတီမာလာ (Guatemala) နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက မာယာလူမျိုးတို့၏ ဘုန်းမီးနေလတောက်ပခဲ့သောဒေသဖြစ်ပြီး ယနေ့တိုင် ကျောက်တုံးတစ်တုံးတည်း ဖြင့် ထုလုပ်ထားသည့် အဆောက်အအုံတို့ ရှိနေသေးသောကြောင့် ကမ္ဘာလှည့်ခရီးသည်တို့ စိတ်ဝင်စားခံရသည့်နေရာဖြစ်သည်။ ကော်ဖီအထွက်ဆုံးနိုင်ငံများတွင် ပါဝင်သည်။
No comments:
Post a Comment