ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 11 August 2010

ဥဒါန်း ဂါထာအဓိပ္ပာယ်



အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာလက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘ၀များစွာ သံသရာတစ်လျှောက် ကျင်လည်ခဲ့ရပြီ။



တဏှာယောက်ျား လက်သမား၊ ယခုသင့်ကို ငါတွေ့ပြီ။ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ် ဆောက်ခွင့် မရှိတော့ပြီ။ ခန္ဓာအိမ်တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြှားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ။ မသိမှု အ၀ိဇ္ဇာဆိုတဲ့ အိမ်ရဲ့အထွက်ကိုလဲ ငါဖျက်ဆီးလိုက်ပြီ။ ငါ့ရဲ့ စိတ်တော်အစဉ်ဟာ ပြုပြင်စီစဉ်မှု ကင်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ။ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီ။ ဘုရားစင်စစ် ဖြစ်တော်မှုပြီ။

No comments:

Post a Comment