ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 3 August 2010

ရုပ်ပွားဆင်းတု ပူဇော်မှုဟာ ဘယ်တုန်းက စခဲ့ပါသလဲ?


မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီက ဘုရားမရှိတဲ့အခါ ဘုရားရှင်ကိုယ်စား မဟာဗောဓိပင်ကို ပူဇော်ခဲ့တယ်။ ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ဓာတ်တော်တွေကို ဌာပနာခဲ့ ဓာတုစေတီကို ကိုးကွယ်ခဲ့တယ်။ ဥဒ္ဒိဿစေတီအဖြစ်တော့ စိတ်က ရည်မှန်းရှိခိုးပူဇော်နေကြတယ်။ ဘုရားရှင်ဟာ လက္ခဏာတော်ကြီး-၃၂ လက္ခဏာတော်ငယ်-၈၀တို့ဖြင့် သပ္ပာယ်တော်မှုတဲ့အတွက် ဘုရားရှင်ကို ကိုယ်စားပြုနိုင်တဲ့ ပုံတော်ကို ဘယ်ပန်းချီဆရာမှလဲ ပုံတူရေးဆွဲနိုင်မှာ မဟုတ်ဘူး။ ဘယ်ပန်ပုကျောက်ဆစ်မှလဲ ပုံတူထုနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားတော် ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်မှု မပြုခဲ့ကြဘူး။

၎-ရာစု ဘီစီမှာ ဂရိတ်လူမျိုး စစ်ဘုရင် အလက်ဇန္ဒားမင်းကြီးနဲ့ ဂရိတ်တပ်မတော်ကြီးက အိန္ဒိယပြည်အနောက်မြောက်ပိုင်းကို သိမ်းပိုက်လိုက်တဲ့အခါ ဂရိတ်တွေ ဗုဒ္ဓဘာသာဖြစ်လာတယ်။ ဂရိတ်တွေဟာ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေကို ရုပ်တုပြုလုပ်ကိုးကွယ်ကြသလို ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို ထုလုပ်ကိုးကွယ်ကြတယ်။ ရှာဖွေတွေ့ရှိရတဲ့ သမိုင်း အထောက်အထားအရ ဗုဒ္ဓရုပ်ပွားတော်ဆင်းတု ကိုးကွယ်မှုဟာ (၁)ရာစု အေဒီမှာ စခဲ့တယ်လို့ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်။

No comments:

Post a Comment