ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 10 August 2010

ဘုရားရှင်မှာ သျှောင်ထုံးရှိပါသလား ?

ဒီမေးခွန်းကတော့ ယနေ့လက်ရှိ ရုပ်ပွားဆင်းတုတော်တွေကိုကြည့်ပြီး ကလေးတွေနဲ့ ဗုဒ္ဓဘာသာ မဟုတ်သူတွေက မေးလေ့ရှိတဲ့ မေးခွန်းလေးပါပဲ။


ဘုရားရှင်မှာ သျှောင်တုံးမရှိပါဘူး။ သိဒ္ဓတ္ထမင်းသားဘ၀က သျှောင်ထုံးကို တောထွက်စဉ်က သန်လျက်နဲ့ ဖြတ်ခဲ့ပါတယ်။ သန်လျက်နဲ့ ဖြတ်တာဖြစ်လို့ အခုခေတ်သင်ဓုန်းဓားနဲ့ ရိပ်သလို မပြောင်သွားပါဘူး။ ဘုရားရှင်ရဲ့ လက်သစ်တော်နဲ့ လက်နှစ်သစ် အုတ်ကျန်ပါတယ်။ အဲဒီ ဆံပင်ငုတ်တွေဟာ လက်ယာရစ်ခွေပြီး ကျန်ရစ်တာ နိဗ္ဗာန်စံတဲ့ အထိပါပဲ။ ဘုရားဖြစ်တဲ့အခါ ဆံပင်တော်မှ ရောင်လျှံတော်တွေ ထွက်နေတဲ့အတွက် မြင်ရသူတွေက သျှောင်ထုံးပုံစံလို့ မြင်ရပါတယ်။ ဘုရားရှင်ကို ဖူးတွေ့မြင်ရတဲ့အတိုင်း ရောင်လျှံတော် ကွန့်မြူးနေတဲ့ ဆံတော်ပုံကို ထုထွင်းရာက ယနေ့ဆင်းတုတွေမှာ ဆံထုံးပုံစံ ရှိနေတယ်လို့ပဲ ယူဆကြပါတယ်။


ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်က သူ့ရဲ့စိတ်ကြိုက် မတ်ရပ်တော်ဘု၇ားပုံတော် ပန်ချီကား တစ်ခုကို ရေးဆွဲစေရာမှာ ခေါင်းတော်မှာ သျှောင်ထုံးပုံစံ မပါဘဲ ရဟန်းတော်များကဲ့သို့ ကတုံးပုံတော်နဲ့ ရေးဆွဲပူဇော်ထားတာကို မဟာသိမ်တော်ကြီးထဲမှာ ယနေ့တိုင် ဖူးတွေ့မြင်နိုင်ကြပါတယ်။

No comments:

Post a Comment