ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 10 August 2010

ဒက္ခိဏသာခါ ဘုရားရဲ့ ခေါင်းပေါ်မှာ ဘာဖြစ်လို့ ကြာပွင့် ဆောင်းထားသလဲ ?

သံဂါယနာတင် ကျမ်းဂန်မဟုတ်တဲ့ မဟာယနကျမ်းတစ်ခုမှာ ကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားတို့ ဘုရားဖူးဖို့ လာတဲ့အခါ ဘုရားရှင်မရှိ ဖြစ်နေတယ်။ ရှင်မောဂ္ဂလာန်က တန်ခိုးတော်နဲ့ လိုက်ရှာတော့ ကြာမျိုးငါးပါး ဖူးပွင့်နေတဲ့ အနောက်တတ္ထအိုင်ထဲမှာ ဘုရားရှင်ဟာ ကြာပွင့်ကြီးတစ်ပွင့်ပေါ်မှာ ဈာန်ဝင်စားနေတာကို တွေ့ရတယ်။ အိုင်စောင့်နတ်ကိုးပါးကလဲ ဘုရားရှင်ကို ကြာပွင့်ထီးတစ်လက်စီနဲ့ ဆောင်းမိုးထားကြတယ်။ အဲဒီ ကြာပွင့်ပေါ်မှာ ထိုင်ပြီး ကြာပွင့်ထီးဆောင်းတဲ့ အသွင်ဟာ ကြည့်ရူဖူးမြော်လို့ မ၀နိုင်အောင် ကြည်ညိုဖွယ် ရှိပေတယ်လို့ ကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားကြီးတို့ကို ရှင်မောဂ္ဂလာန်မထေရ် ပြန်လည် မိန့်ကြားတယ်။ ရှင်မောဂ္ဂလာန် မိန့်ကြားချက်ကို ကောသလမင်းကြီးက ကြားတော့ မင်းကြီးလည်း ကြာပွင့်ပေါ်မှာ ဈာန်ဝင်စားပြီး ကြာထီး ဆောင်းထားတဲ့ ဘုရားရှင်ရဲ့ ပုံတော်ကို အာရုံမှာ ဖူးတွေ့ရလို့ အလွန်ကြည်ညိုသွားတယ်။ ဒီပုံမျိုး ဘုရားရုပ်တု ပြုလုပ်ကိုးကွယ်ချင်ပါတယ်လို့ ကောသလမင်းကြီးက လျှောက်တော့ ရှင်မောဂ္ဂလာန်က ခွင့်ပြုလို့ ကြာပန်းထီးဆောင်းပုံကို ဘုရားရှင် လက်ထက်တော်တုန်းကတည်းက ထုလုပ် ကိုးကွယ်ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။


ဒါပေမယ့် အခုခေတ် ဒက္ခိဏသာခါ ဘုရားတွေမှာလို ကြာပန်းကို ခေါင်းတော်ပေါ်မှာ အုပ်ထားတဲ့ပုံမျိုး မဟုတ်ဘဲ ဦးခေါင်းတော်အထက်က ထီးဆောင်းသလို ဆောင်းထားတယ်လို့ မှတ်ရမယ်။


အခု မြန်မာပြည်မှာ ထုလုပ် ကိုးကွယ်နေတဲ့ လည်ကုတ်တိုတို ပုအိုင့်အိုင့် ပုံတော်ဟာ မကျွမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က လိမ်ညာ ရောင်းရာက အဟုတ်ထင်ပြီး ကိုးကွယ်နေကြတဲ့ ပုံတော်အမှား ဖြစ်တယ်လို့ သုတေသီတွေက တစ်ညီတည်း ဆိုနေကြပါပြီ။ ဒါကြောင့် ပန်းပုဆရာများကိုလည်း ယခုလို ပုံတော်ပုအိုင့်အိုင့် လည်ကုတ်တိုတိုနဲ့ မသပ္ပာယ်တဲ့ပုံမျိုး မထုလုပ်ကြဖို့၊ ဗုဒ္ဓဘာသာတွေကလဲ ထိုဘုရားရှင်ပုံ မုတ်တဲ့ ပုံမျိုးကို မကိုးကွယ်မဆည်းကပ်ဖို့ အထူးသတိပေးလိုက်ပါတယ်။


တကယ်လို့ ကြာပွင့်ပေါ်မှာထိုင်၍ ဈာန်ဝင်စားပြီး ကြာပန်းထီးမိုးထားတဲ့ပုံ ကိုးကွယ်ချင်တယ်ဆိုရင်လဲ ထုလုပ်ကိုးကွယ် နိုင်ပါတယ်။ ဘုရားရှင် ရုပ်တုတော်ကတော့ အများ ကိုးကွယ်နေကြတဲ့ ကြည်ညိုဖွယ် သပ္ပာယ်တဲ့ ပုံမျိုးပဲ ဖြစ်ရပါမယ်။

No comments:

Post a Comment