ဘုရားသက်တော်ထင်ရှားရှိစဉ်က ဗုဒ္ဓရုပ်တု ရွှေဆင်းတု တစ်ဆူကို ကောသလမင်း ပြုလုပ်ကိုးကွယ်ကြောင်း ပါဠိတော် အဌကထာဋီကာမှာ မပြ၊ ဇင်းမယ်ပဏ္ဏာသ၊ (သို့မဟုတ်) ယွန်း ပဏ္ဏာသဟုခေါ်သော ကျမ်းစတုတ္ထ၀ဂ်၊ သတ္တမမြေးက် ၀ဋင်္ဂုလီဇာတ်မှာ ဖော်ပြတဲ့ အကြောင်းအရာ ဖြစ်တယ်။ သာသနအာယုကျမ်းမှာလဲ အလားတူ ဖော်ပြတယ်။
ဒါပေမယ့် ဒီကျမ်းတွေဟာ သံဂါယနာဝင်ကျမ်းတွေမဟုတ်လို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့က အခိုင်အမာ ကျမ်းအဖြစ် အသိအမှတ်မပြုကြဘူး။ ဒါကြောင့် ဘုရားလက်ထက်မှာ ရုပ်တုမရှိသေးဘူးလို့ဘဲ မှတ်ရမယ်။
No comments:
Post a Comment