အရှင်အနူရုဒ္ဓါစတဲ့ ရဟန္တာ၆-ပါးဟာ ဘုရားရှင်ထံမှ ဆံတော်ခြောက်ဆူကိုတောင်းပြီး သမုဒ္ဒရွာအနီး ရွယ်ငယ်တစ်ခုမှာ စေတီတည်ထားတယ်။ သိကြားမင်းက ဒကာခံတယ်။ ဘုရားရှင် ရုပ်ပွားတော် ရွှေဆင်းတုကို ဖန်ဆင်းပြီး ဌာပနာတယ်လို့ ကေသာဓာတုဝင်ကျမ်းမှာ ပြတယ်။
လောကပညတ္တိ၊ ဆဂတိဒီပနီကျမ်းတွေမှာလဲ ဟရိနီ နတ်မိဖုရားနဲ့ မဟေသယမည်သော မရမေသွရာ ဘုမ္မစိုးနတ်မင်းက ဟိမ၀န္တာ ဂန္ထာဂီရီတောင်မှာ ဘုရားရှင်ရဲ့ ၇ုပ်ပွားတော်ကို ဘုရားရှိစဉ်ကပင် ဖန်ဆင်းကိုးကွယ်ကြောင်းကို ပြဆိုပါတယ်။ ဒီကျမ်းတွေဟာလဲ သံဂါယနာဝင်ကျမ်းတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ဘုရားသက်တော်ထင်ရှားရှိစဉ်မှာ ရုပ်တုကိုးကွယ်မှု မရှိဘူးလို့ပဲ မှတ်ရပါမယ်။
No comments:
Post a Comment