ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 3 August 2010

ဘုရားရှင်ကိုယ်စား စေတီ(၄)မျိုးထဲမှာ ဘယ်စေတီကို အပူဇော် အများဆုံးလဲ? ဘာကြောင့်လဲ ?

ဘုရားရှင်ကိုယ်စား စေတီ(၄)မျိုးထဲမှာ ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားတော် ဆင်းတုတော်နဲ့ ဘုရားကားဟာ အပူဇော် အများဆုံးဖြစ်ပါတယ်။ များရတဲ့ အကြောင်းကတော့ -


(၁) ဓာတုစေတီနဲ့ ပရိဘောဂစေတီတွေကို လူတိုင်းစေ့ရဖို့မလွယ်ပေမယ့် ရုပ်ပွားဆင်းတုတော်တွေကို လူတိုင်း အလွယ်ကူ ရနိုင်လို့ရယ်။


(၂) ဓာတုစေတီ ဌာပနာထားတဲ့ အုတ်စေတီနဲ့ မဟာဗောဓိပင်ကို ကြည့်ရူဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို မျက်စိထဲမြင်ောအင် မျှော်မှန်းရတာထက် ရုပ်ပွားဆင်းတုတော်ကို ဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်မှာ မြင်အောင် ရည်မှန်းရတာက ပိုပြီး လွယ်ကူလို့ရယ်။


အဲဒီအကြောင်း နှစ်မျိုးကြောင့် ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကို အများဆုံး ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment