နောက်၌ နို့တိုက်သတ္တ၀ါ၊ အစာခွံ့သတ္တ၀ါအဆင့်ထိ တက်လာသော တိရစ္ဆာန်များ၊ လူတို့နှင့် ယဉ်ပါးက လူ့ဘ၀ရောက်နိုင်ကြောင်း ပြပြီး ဖြစ်ခဲ့၏။
တိရစ္ဆာန်ဘ၀များစွာ အဆင့်ဆင့် ကျင်လည်ခဲ့ရပြီး ပထမဆုံး လူ့ဘ၀ ရောက်လာရသော ထိုလူသားသည် မသိသော မောဟကသာ ဦးစီး၏။ သိသော ဉာဉ်၊ စရိုက်၊ ၀ါသနာတို့သည် ထို မောဟ လက်အောက်မှသာ အစွမ်းပြသာကြ၏။ သို့ကြောင့် ဘယ်သူ ဘာပြောပြော သဘောမပေါက်တတ်၊ ဘယ်သူ ဘယ်လိုတားတား စိတ်မ၀င်စားတတ်၊ သူ စိတ်ဝင်စားသည်မှာ သူထင်-ထင်သလို သူမထင်-မထင်သလို ဇွတ်ပြုကျင့်ခြင်းပင်တည်း။
ထိုသူအတွက် လူ့ဘ၀မှ ပတ်ဝန်းကျင် အတွဲအဘက်များ ပေါ်လာခဲ့သော်
(၁) ရမ္မက်ကြီးဉာဉ်စရိုက် ပါသူကား၊ ဖဲသမားများနှင့်တွေ့က မခွာတော့ပြီ။ သို့မဟုတ် ဖဲသမားနှင့်သာ ပေါင်းသင်းတော့ခြင်း။
(၂) အမျက်ကြီးဉာဉ်စရိုက် ပါသူကား အရက်သမားများနှင့်တွေ့က ပူပေါင်းသွားပြီ။ သို့မဟုတ် အရက်သမားများနှင့်သာ ပေါင်းသင်းတော့ခြင်း။
(၃) မက်မက်ကြီးဉာဉ်စရိုက် ပါသူကား ဘိန်းသမားများနှင့်တွေ့က သဘောတူသွားပြီ။ သို့မဟုတ် ဘိန်းသမားများနှင့်သာ ပေါင်းသင်းတော့ခြင်း။
အယူဝါဒရေးရာ ဘာသာအားဖြင့်လည်း မည်သည့်ဘာသာဝင် မိဘနှစ်ပါးက မွေးဖွားပါစေ၊ လူ့ဘ၀မှ အထက်ဆင့်သို့ တစ်ဆင့်တိုးစေမည် ထိုအမူအကျင့်မျိုး အတုလည်း မခိုး၊ အားလည်းမကျ၊ ဖျောင်းဖျ၍လည်း မရတတ်ချေ။
နှစ်ပေါင်းတစ်ရာမျှ ရေထဲ၊ မိုးထဲ ပစ်ထားသော ကြေးအိုးကြီး တစ်လုံကို အသုံးချလိုသူက တွေ့သဖြင့် ကေက်ယူကာ ချေးညှော်များကို ပွတ်တိုက်ရာ၌ အစတွင်ပင် လက်လျှော့ရမတတ် ချေးညှောင့်များ ထုတက်နေသည့်ပမာ။
ဘ၀များစွာ မောဟဘုံသားအဖြစ် ခံယူပြီး ဉာဉ်စရိုက်၊ ၀ါသနာအတိုင်း တောတွင်းဝယ် ကိုယ်ထင်ရာ ကိုယ်ပြုကြစတမ်း စည်းကမ်းလွတ် ဥပဒေတို့ဖြင့် စိတ်လွတ်ကိုယ်လွတ် နေခဲ့ရလေသူ တိရစ္ဆာန်တစ်ဖြစ်လဲ ထိုလူသားသစ်သည် အကောင်းပြော၍ အကောင်းပြောမှန်း မသိခြင်းကား အဆန်းမဟုတ်ပြီ။ ကိုယ်ထင်ရာ လုပ်ရမှ အားရတတ်ခြင်းသည်လည်း အဆန်းမဟုတ်ပြီ။ သူတစ်ပါးစကား မနာခံလိုခြင်းသည်လည်း အဆန်းမဟုတ်ပြီ။
တစ်ဖန် မိမိ အကောင်းထင်ဖြင့် အမြင်လည်း သန်နေ၏၊ ဘ၀များစွာ လိုက်စားခဲ့သဖြင့် မျက်မှန်လည်း တန်းမိနေ၏။ အကြောင်းခံ နှစ်ချက်နှင့် ပြည့်စုံသော အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်ခံစားခြင်း၊ အတတ်သုံးမျိုးတို့၌ကား မကောင်းဖြစ်လျက်က အကောင်းထင်နေခြင်း၊ မည်သည့် ဆရာသမားမျိုးတို့နှင့်မှ အပ်ချ၊ စမတ်ကျ သင်မပြရပါဘဲလျက်က မိမိဘာသာ ထိုးဖောက် မြင်သိနေခြင်းများသည်လည်း အဆန်းမဟုတ်ပြီ။ ဘယ်တုန်းကမျှ မတွေ့မသိခဲ့ရဖူးသော ဘ၀ ကြီးပွားတိုးတက်ရေး၊ ဘ၀အဆင့် မြင့်မားရေးစသည့် ကောင်းသောအကျင့်မျိုး၊ ဘာသာတရား အမျိုးမျိုးတို့ကား အကောင်းဖြစ်လျက်က မကောင်းထင်နေခြင်း၊ အမြင်ပြောင်းပြန်နှစ်ပါး ဖြစ်ပွားနေခြင်းများသည်လည်း အဆန်းမဟုတ်ပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
ကျေးဇူးပါ
ReplyDelete