ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 January 2013

ရတနသုတ်တော်ဝတ္ထုဖြစ်စဉ် ပါဠိတော် အနက် အကျိုးသွား

ရတနသုတ် ၀တ္ထုဖြစ်စဉ်
ဘုရားဒါယကာ ဗိမ္ဗိသာရမင်းကြီး စိုးစံသော ရာဇဂြိုလ်ပြည်နှင့် ရှစ်ယူဇနာ ကွာသော နေရာတွင် ဝေသာလီတိုင်းပြည်ရှိ၏။ လိစ္ဆ၀ီမင်း စိုးစံ၏။ ထို တိုင်းပြည် နှစ်ပြည်၏ ဗဟို အလယ်တွင် ဂင်္ဂါမြစ် ခြားလျက်ရှိလေသည်။

ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုလ်ပြည်တွင် ၀ါဆိုနေစဉ်က ဝေသာလီပြည်တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးမရ၊ မိုးကြီး ခေါင်ကာ ဒုဗ္ဘိက္ခန္တရကပ် ငတ်မွတ် ခေါင်းပါးသော ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးကြသည်။

အသေအပျောက် များလာသောအခါ လူသေကောင်များကို သုသာန်မပို့နိုင်တော့ဘဲ မြို့ထဲမှာ ပုတ်ပွနေ လေတော့သည်။ ထိုအနံ့ကြောင့် မြို့ပြင်မှ ဘီလူး၊ သရဲများ မြို့ထဲဝင်ကာ စားသောက်ကြတော့သည်။


ထိုဘီလူး၊ သရဲများကို မှီ၍ ကပ်ရောဂါများ ပိုမိုဖြစ်ပွားကာ ဝေသာလီတစ်ပြည်လုံး စိုးရိမ်ဖွယ်ရာ ချောက်ချား လာလေတော့သည်။

တိုင်းသူပြည်သား များက လိစ္ဆ၀ီမင်းများ အပေါ် မင်းကျင့်တရား၊ ညီ၊ မညီ စုံစမ်းသောအခါ မင်းကျင့်တရားလည်း မချွတ်ယွင်း၊ လိစ္ဆ၀ီမင်းများကလည်း တိုင်းသူပြည်သားများ ဖောက်ပြား ကြလေသလော စစ်မေးရာ ဖောက်ပြားမှုမရှိ၊ ကြံရာမရ သည့်အဆုံး ရာဇဂြိုလ်ပြည့်ရှင် ဘရင်ဗိမ္ဗိသာရ မင်းကြီးထံ အကူအညီ တောင်းကာ ဂေါတမမြတ်စွာဘုရားအား မဟာကရုဏာရှေ့ထားကာ ကြင်နာသနားသဖြင့် ကယ်ဆယ်တော်မှုပါရန် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် တောင်းပန် ပင့်ဖိတ်ရတော့သည်။

ယင်းသို့ ပင့်ဖိတ်လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်တကွ ရဟန္တာငါးရာ ခြံ ရံလျက် ဝေသာလီပြည်သို့ ကြွချီတော်မှုလေသည်။

ရာဇဂြိုလ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးက ကျောင်းတော်မှ ဂင်္ဂါမြစ်ကမ်းထိ ဝေသာလီပြည်သို့ ကြွချီရန် မင်းခမ်းမင်းနားဖြင့် ပို့ဆောင် ပူဇော်လေသည်။

လိစ္ဆ၀ီမင်းတို့ကလည်း လှပစွာ မွမ်းမံ ခြယ်လှယ် စီမံထားသော လှေတော်ကြီး ၂-စင်းတွဲဖြင့် မင်းခမ်းမင်းနားဖြင့် ထည်ဝါခန့်ညားစွာ ပင့်ဆောင်လာကြသည်။

မြတ်စွာဘုရားသခင်အား ပင့်ဆောင်ခဲ့ကြသော လိစ္ဆ၀ီမင်းတို့၏ လှေဖောင်ကြီး ဝေသာလီဆိပ်ကမ်း ဘက်သို့ ရောက် သည်နှင့် တစ်ပြိုင်နက် မိုးသားတိမ်လိပ်များ တရိပ်ရိပ် တက်လာကာ ကောင်းကင်အလုံး မိုးထစ်ချုန်းလျက် တအုံးအုံး အော်မြည်၍ မိုးကြီးသည်းထန်စွာ ရွာချလေတော့သည်။

ဝေသာလီ တစ်ပြည်လုံး ရေလွှမ်းဖုံးပြီး လူသေအလောင်းကောင်များသည် ရေထဲ မျောပါသွားကြတော့ သဖြင့် မြို့အတွင်း သန့်ရှင်းကျန်ရစ်တော့သည်။ အနံ့အသက်များပါ ကင်းသွားလေတော့၏။

မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော်များ ခြံရံလျက် ဝေသာလီမြို့ တံခါးဝတွင် ရပ်လျက် ရဟန်းတော်များနှင့်အတူ ရတနသုတ်တော်ကို ရွတ်ဆိုတော်မှုသည်။ သိကြားမင်းနှင့် နတ်မင်းကြီးများ လာရောက်၍ တရားနာယူကြသည်။

ထိုမှတစ်ဆင့် မြို့လယ်ရှိ ရတနာမဏ္ဍပ်သို့ ကြွတော်မှုရာ ရဟန္တာငါးရာနှင့် နတ်ဒေ၀ါများလိုက်ပါပူဇော် ကြသဖြင့် သရဲ၊ တစ္ဆေ၊ ခြေဘုတ်ဘီလူးတို့ ဝေးရာသို့ ပြေးကြလေတော့သည်။

မြတ်စွာဘုရားသည် ဝေသာလီမြို့တွင် ပတ်၍ ဒေသစာရီကြွချီကာ ရတနသုတ်တော် ရွတ်ဖတ်ခြင်းဖြင့် ကပ်ရောဂါများ ကင်းဝေးစေခဲ့သည်။ ယင်းသို့ ရတနသုတ်တော် ဖြစ်ပေါ်၍ ရွတ်ဆိုခဲ့ကြပါသတည်း။

၂ - ရတနသုတ်ပါဠိ
၂၅။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသပါရမိယော,
ဒသ ဥပ-ပါရမိယော, ဒသ ပရမတ္ထ-ပါရမိယော တိ
သမတ္တိံသ ပါရမိယော, ပဉ္စမဟာ ပရိစ္စာဂေ,
လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ
တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ
ဇာတိံ အဘိနိက္ခမနံ ပဓာန-စရိယံ ဗောဓိပလ္လင်္ကေ
မာရ၀ိဇယံ သဗ္ဗညုတ ညာဏပ္ပဋိဝေဓံ
ဓမ္မစက္ကပ္ပတ္တနံ န၀ လောကုတ္တရဓမ္မေတိ
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တရေသု
တိယာမရတ္တိ ပရိတ္တံ ကရောန္တော
အာယသ္မာ အာနန္ဒတ္ထေရော ၀ိယ
ကာရုည-စိတ္တံ ဥပဋ္ဌပေတွာ -

၂၆။ ကောဋီ-သတ-သဟေဿသု၊ စက္က၀ါဠေသု ဒေ၀တာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

၂၇။ ရောဂါ မနုဿ ဒုဗိ ၻကၡ-သမ ၻဴတံ တိ၀ိဓံ ဘယံ။
ခိပ္ပ မန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂၈။ ယာနီဓ ဘူတာနိ သမာ-ဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိဝ အန္ထ-လိက္ခေ။
သဗ္ဗေ၀ ဘူတာ သု-မနာ ဘ၀န္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၂၉။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုဒ္ဒဿိယာ ပဇာယ။
ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၃၀။ ယံကိဉ္စ ၀ိတ္တံ ဣဓ၀ါ ဟုရံဝါ၊
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာ ဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၁။ ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျ-မုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၂။ ယံ ဗုဒ္ဓသေဋ္ဌော ပရိ ၀ဏ္ဏယီ သုစိံ၊
သမာဓိ မာနန္တရိကည မာဟု။
သမာဓိနာ တေန သမော န ၀ိဇ္ဇတိ။
ဣဓမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၃။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရီ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္တိ ဟောတု။

၃၄။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမ-သာသနမှိ။
တေ ပတ္တိ-ပတ္တာ အမတံ ၀ိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၅။ ယထိန္ဒ ခီလော ပထ၀ိဿိတော သိယာ၊
စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊
ယော အရိယ သစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၆။ ယေ အရိယ-သစ္စာနိ ၀ိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၃၇။ သဟာဝဿ ဒဿန-သမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သကၠာယ ဒိ႒ိ ၀ီကိစိ ၦတဥၥ၊
သီလဗၺတံ ၀ါပိ ယဒတိၳ ကိဥၥိ။

၃၈။ စတူဟ ပါယေဟိစ ၀ိပ္ပမုတ္ထော၊
ဆစ္စာ ဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧနေတ သစ္စေန သုဝတ္ထိ ဟောတု။

၃၉။ ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အ-ဘဗ္ဗတာ ဒိဋ္ဌ-ပဒဿ ၀ုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၄၀။ ၀နပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပထမသ္မိံဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
နိဗ္ဗာန-ဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၄၁။ ၀ရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊
အနုတ္တရော ဓမ္မ-၀ရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၄၂။ ခီဏံ ပုရာဏံ န၀ နတၳိ သမ ၻ၀ံ၊
ဝိရတ္တ-စိတ္တာယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရုဠှိ-ဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၄၃။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိဝ အန္တလိက္ခေ။
တထာဂတံ ဒေ၀-မနုဿ-ပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၄၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀-မနုဿ-ပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

၄၅။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀-မနုဿ-ပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ရတနသုတ္တံ နိဌိတံ။

 

ရတနသုတ် အနက်
၂၅။ ပဏိဓာနတော၊ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေရင်းတော်မှ ဘုရားဆုကို တောင်းသည်မှ။ ပဋ္ဌာသ၊ စ၍။ တထာ ဂထဿ၊ မြတ်စွာဘုရား၏။ ဒသပါရမိယော၊ ဆယ်ပါးသော ပါရမီတို့ကို လည်းကောင်း။ ဒသဥပပါရမိယော၊ ဆယ်ပါးသော ဥပပါရမီတို့ကို လည်းကောင်း။ ဒသပရမတ္ထပါရမိယော၊ ဆယ်ပါးသော ပရမတ္ထပါရမီတို့ကို လည်းကောင်း။ ဣတိ၊ ဤသို့သော အပြားရှိကုန်သော။ သမတိံသပါရမိယော၊ အမျှ သုံးဆယ်သော ပါရမီတို့ကိုလည်းကောင်း။ ပဉ္စမဟာပရိစ္စာဂေ၊ ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။ လောကတ္ထစရိယံ၊ လောကသုံးပါး၏ အကျိုးစီးပွား အလို့ငှာကျင့်ခြင်း။ ဉာတတ္ထစရိယံ၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း။ ဗုဒ္ဓတ္ထစရိယံ၊ ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်ခြင်း။ ဣတိ၊ ဤသို့။ တိေဿာစရိယာယော၊ သုံးပါးသော အကျင့်တို့ကို လည်းကောင်း။ ပစ္ဆိမဘဝေ၊ အဆုံးစွန်သောဘ၀၌။ ဂဗ္ဘဝေါက္ကန္တိံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းကို လည်းကောင်း။ ဇာတိံ၊ ဖွားခြင်းကို လည်းကောင်း။ အဘိနိက္ခမနံ၊ မြတ်သော တောထွက်ခြင်းကို လည်းကောင်း။ မဓာနစရိယံ၊ ပြင်းစွာသော လုံ့လဖြင့် ကျင့်ခြင်းကို လည်းကောင်း။ ဗောဓိပလ္လင်္ကေ၊ ဗောဓိပလ္လင်၌။ မာရ၀ိဇယံ၊ မာရ်ငါးပါးကို အောင်ခြင်းကို လည်းကောင်း။ သဗ္ဗညုတဉာဏပ္ပဋိဝေဓံ၊ သဗ္ဗညုတဉာဏ်ကို သိတော်မူခြင်းကို လည်းကောင်း။ ဓမ္မစက္ကပ၀တ္တနံ၊ ဓမ္မစကြာ တရားတော်ကို ဟောတော်မူခြင်းကို လည်းကောင်း။ န၀လောကုတ္တရဓမ္မေ၊ ကိုးပါးသော လောကုတ္တရာတရားတို့ကို လည်းကောင်း။ ဣတိ၊ ဤသို့။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဣမေဗုဒ္ဓဂုဏော၊ ဤဘုရားသခင်၏ ကျေးဇူးတော်တို့ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်၍။ ဝေသာလိယာ၊ ဝေသာလီပြည်၏။ တီသု၊ သုံးထပ်ကုန်သော။ ပါကာရန္တရေသု၊ မြို့တံတိုင်း၏ အကြားတို့၌။ တိယာမရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ ပရိတ္တံ၊ အရံအတားကို။ ကရောန္တော၊ ပြုသော။ အာယသ္မာ၊ ရှည်သောအသက်ရှိသော။ အာနန္ဒတ္ထေရောဝိယ၊ အာနန္ဒာ ထေရ်ကဲ့သို့။ ကာရုညစိတ္တံ၊ သနားခြင်းနှင့် ယှဉ်သောစိတ်ကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေဦး၍။

၂၆ -၂၇။ ကောဋီသတသဟေဿသု၊ ကုဋေ တစ်သိန်းမျှ လောက်ကုန်သော။ စက္က၀ါဠေသု၊ စကြာဝဠာ တိုက်တို့၌။ ဒေ၀တာ၊ နတ်တို့ဥည်။ ယဿ၊ အကြင် ရတနာသုတ်ပရိတ်တော်၏။ အာဏံ၊ အာဏာစက်ကို။ ပတိဂ္ဂဏှာန္တိ၊ ခံကုန်၏။ ဝေသာလိယာ၊ ဝေသာလီ အမည်ရှိသော။ ပုရေ၊ ပြည်၌။ ဂေါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ၊ အနာ, ဘီလူး, မွတ်သိပ်ခြင်းကြောင့် ဖြစ်သော။ တိဝိဓံ၊ သုံးပါးအပြား ရှိသော။ ဘယံ၊ ဘေးကို။ ယဉ္စ-ယဗေ ပရိတ္တံ၊ အကြင်ရတနသုတ် ပရိတ်တော်သည်လျှင်။ ခိပ္ပံ၊ လျင်စွာ။ အန္တရဓာပေသိ၊ ကွယ်စေတတ်၏။ တံပရိတ္တံ၊ ထိုရတနသုတ် ပရိတ်တော်ကို။ ဟေဒ၊ အရှင် သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

၂၈။ ဘုမ္မာနိ၊ မြေ၌တည်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင်ဘုမ္မစိုး, ရုက္ခစိုး, စတုမဟာရာဇ်, သာဝတိံ သာနတ်တို့သည်လည်းကောင်း။ အန္တလိက္ခ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊ ဖြစ်ကုန်သော။ ယာနိ ဘူတာနိဝါ၊ အကြင်ယာမာစသော နတ်တို့သည်လည်းကောင်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီအညွတ်လာကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာဧ၀၊ နတ်တို့သည်သာလျှင်။ သုမနာ၊ ၀မ်းမြောက်သော နှလုံးရှိကုန်သည်။ ဘ၀န္တု၊ ဖြစ်ကုန်လော့။ အထောပိ၊ ထိုမြို့လည်း။ အာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။ သက္ကစ္စံ၊ ရိုသေစွာ။ သုဏန္တု၊ နာကုန်လော့။

၂၉။ ဘူတာနိ၊ အိုနတ်တို့…။ ယသ္မာ၊ အကြင်ကြောင့်။ သမာဂတာနိ၊ အညီအညွတ် စည်းဝေးလာကုန်၏။ တသ္မာဟိ ကသ္မာဧ၀၊ ထိုသို့ စည်းဝေးလာကုန်သောကြောင့် သာလျှင်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တုမှေ၊ သင်တို့သည်။ နိသာမေထ၊ နာကုန်လော့။ အနုဿိယာ၊ လူဖြစ်သော၊ ပဇာယ၊ သတ္တ၀ါ၌။ မေတ္တံ၊ ချစ်ခြင်းကို။ ကရောထ၊ ပြုကုန်သော။ ဒိဝါစ၊ နေ့၌ လည်းကောင်း၊ ရတ္တောစ၊ ညဉ့်၌လည်းကောင်း။ ယေ၊ အကြင်သူတို့သည်။ တုမှာကံ၊ သင်တို့အား။ ဗလိံ၊ ပူဇော်သက္ကာရကို။ ဟရန္တိ၊ ဆောင်ကုန်၏။ တသ္မာဟိ တသ္မာဧ၀၊ ထိုသို့ ဆောင်ကုန်သောကြောင့် သာလျှင်။ အပ္ပမတ္တာ၊ မမေ့မလျော့ ကုန်သည်ဖြစ်၍။ နေ၊ ထိုသူတို့ကို။ ရက္ခထ၊ စောင့်ကုန်လော့။

၃၀။ ဣဝေါ၊ ဤလူ့ပြည်၌ လည်းကောင်း။ ဟုရံဝါ၊ နဂါးပြည်, ဂဠုန်ပြည်၌လည်းကောင်း။ သဂ္ဂေသုဝါ၊ နတ်ပြည်တို့၌လည်းကောင်း။ ယံကိဉ္စီ၊ ခပ်သိမ်းသော။ ယံဝိတ္တံဝါ၊ အကြင် သုံးဆောင်အပ်သော ဥစ္စာသည်လည်းကောင်း။ ယံ-ရတနံဝါ၊ အကြင်အလေးအမြတ် သိုထားအပ်သော ရတနာသည်လည်းကောင်း။ ပဏီတံ၊ မြတ်၏။ တံ၊ ထိုရတနာသည်။ တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူသောရတနာသည်။ နနော အတ္ထိ၊ မရှိသည်သာလျှင် ကတည်း။ ဗုဒ္ဓေ-ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိရတနံအယမ္ပိရတနာဘာဝေါ၊ ဤ အရဟံ စသော ကျေးဇူးတို့နှင့် ပြည့်စုံသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ - ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၁။ သကျမုနိ၊ သာကီဝင်မင်း၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ သမာဟိတော၊ တည်ကြည်သော နှလုံးရှိတော်မူသည်ဖြစ်၍။ ခယံ၊ ရာဂစသော ကိလေသာတို့၏ ကုန်ရာလည်းဖြစ်ထသော။ ၀ိရာဂံ၊ ရာဂ၏ ကင်းရာလည်း ဖြစ်သော။ အမတံ၊ သေခြင်းကင်းထသော။ ပဏီတံ၊ မြတ်ထသော။ ယံ၊ အကြင်နိဗ္ဗာန်ကို၊ အဇ္ဈဂါ၊ သိတော်မူ၏။ တေနဓမ္မေန၊ ထိုနိဗ္ဗာန်ဖြစ်သော တရားနှင့်။ သမံ၊ တူသော။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ရတနာသည်။ နအတ္ထိ၊ မရှိသည်သာလျှင် ကတည်း။ ဓမ္မေဓမ္မဿ၊ နိဗ္ဗာန်ဖြစ်သော တရား၏။ ဣဒမ္ပိရတနံ-အယမ္ပိရတနဘာဝေါ၊ ဤခယသာစသော ရတနာ၏ အဖြစ်သည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သော စကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၂။ ဗုဒ္ဓသေဋ္ဌော၊ မြတ်စွာဘုရားသည်။ အညံ၊ သောတာပတ္တိမဂ်သိသော အပိုင်းအခြားကို မလွန်ဘဲ သိတတ်ထသော။ သူစိံ၊ စင်ကြယ်စွာထသော။ ယံသမာဓိံ၊ အကြင် အရဟတ္တမဂ်နှင့် ယှဉ်သော သမာဓိကို။ ပရိဝဏ္ဏယီ၊ ချီးမွမ်းတော်မူ၏။ အာနန္တရိတံ၊ မဂ်၏ အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍။ အာဟု၊ ဟောတော်မူပြီ။ တေနသမာဓိနာ၊ ထို အရဟတ္တမဂ် သမာဓိနှင့်။ သမော၊ တူသောသမာဓိသည်။ န၀ိဇ္ဇတိ၊ မရှိ။ ဓမ္မေ ဓမ္မဿ၊ မဂ်နှင့်ယှဉ်သော သမာဓိတရား၏။ ဣဒမ္ပိရတနံ အယမ္ပိ ရတနဘာဝေါ၊ ဤစင်ကြယ်ခြင်းစသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန-သစ္စေန၊ ဤသို့မှန်သော စကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၃။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော။ ယေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့ကို။ သတံ၊ ဘုရားစသော-သူတို့သည်။ ပသတ္ထာ၊ ချီးမွမ်းအပ်ကုန်၏။ တစ်နည်းကား အဋ္ဌသတံ၊ တစ်ရာ့ရှစ်ယောက် ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့ကို။ ပသတ္ထာ၊ မြတ်စွာဘုရားသည် ချီးမွမ်း အပ်ကုန်၏။ ဧတာနိ၊ ထိုရှစ်ယောက် ပုဂ္ဂိုလ်တို့သည်ကား။ စတ္တာရိ ယုဂါနိ၊ လေးပါးသော အစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သုဂတဿ၊ မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်ဖြစ်ကုန်သော။ တေ၊ ထိုရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည်ကား။ တစ်နည်းကား - တေ၊ ထိုတစ်ရာ့ရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည်ကား။ ဒက္ခိဏေယျော၊ မြတ်သောအလှူကို ခံထိုက်ကုန်၏။ ဧတေသု၊ တိုရှစ်ယောက်သော ပုဂ္ဂိုလ်တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သော ၀တ္ထုတို့သည်။ မဟဒပ္ဖသာနိ၊ များသော အကျိုးရှိကုန်၏။ သံဃော-သံဃော၊ သံဃာတော်၏။ ဣဒမ္ပိရတနံ-အယမ္ပိရတနသာဝေါ၊ ဤသို့ မြတ်စွာဘုရား ချီးမွမ်းတော်မူခြင်း စသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်ကုန်သော စကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၂၄။ ယေ၊ အကြင်ရဟန္တာတို့သည်။ ဂေါတမသာသနမှိ၊ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌။ ဒဠှေန၊ ပြင်းစွာသော။ မနသာ၊ နှလုံးဖြင့်။ သုပ္ပယုတ္တာ၊ ကောင်းစွာလုံ့လ ပြုကုန်သည်ဖြစ်၍။ နိက္ကာမိနော၊ ၀ဋ်ဒုက္ခမှလွတ်မြောက်ကုန်၏။ တေ၊ ထိုရဟန္တာတို့သည်။ အမတံ၊ နိဗ္ဗာန်ကို။ ၀ိဂယှ၊ အာရုံပြု၍။ လဒ္ဓါ၊ ရသည်ဖြစ်၍။ မုဓာ၊ ကိလေသာ ကင်းကုန်လျက်။ နိဗ္ဗုတံ၊ နိဗ္ဗာန်ချမ်းသာကို။ ဘုဉ္ဇမာနာ၊ ခံစားကုန်သည်ဖြစ်၍။ ပတ္တိံ၊ အရဟတ္တဖိုလ်သို့။ ပတ္တာ၊ ရောက်ကုန်သည်။ ယောန္တိ၊ ဖြစ်ကုန်၏။ သံဃေ သံဃဿ၊ ရဟန္တာဖြစ်သော သံဃာတော်၏။ ဣဒမ္ပိရတနံ အယမ္ပိရတနဘာဝေါ၊ ဤ အရဟတ္တဖလာသမာပတ်ဟူသော ရဟန္တာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သ၀စ္စန၊ ဤသို့မှန်သော စကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟေတု ဖြစ်စေသတည်း။

၃၅။ ပထ၀ိ ဿိတော၊ မြေ၌မြှုပ်သော။ ဣန္ဒခီလော၊ ကျောက်စာတိုင်သည်။ စတုဗ္ဘီ၊ အရပ်လေးမျက်နှာမှ လာကုန်သော။ ၀ါတေဟိ၊ လေတို့သည်။ အသမ္ပကမ္ပိယော၊ မတုန်မလူပ် စေနိုင်သည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အရိယသစ္စာနိ၊ လေးပါးသော အရိယသစ္စာတို့ကို။ အဝေစ္စ၊ သောတာ ပတ္တိမဂ်ဖြင့် သက်ဝင်၍။ ပဿတိ၊ မြင်၏။ သပ္ပုရိသံ၊ ထိုသောတာပတ္တိမဂ်ဖြင့် အရိယသစ္စာတို့ကို မြင်ပြီးသော သုံးပါးအပြားရှိသော သောတာပန်ဖြစ်သော သူတော်ကောင်းကို။ တထူပမံ၊ ထိုကျောက်စာတိုင်နှင့်တူ၏ ဟူ၍။ ၀ဒါမိ၊ ငါဘုရားသခင် ဟောတော်မူ၏။ သံဃေ သံဃဿ၊ သုံးပါးသော သောတာပန်သံဃာ၏။ ဣဒမ္ပိရတနံ အယမ္ပိရတနဘာဝေါ၊ ဤသို့ မတုန်မလူပ်သော သူ၏ အဖြစ်တည်းဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၆။ ဂဗ္ဘရပညေန၊ နက်နဲသော ပညာရှိသော မြတ်စွာဘုရားသည်။ သုဒေသိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော။ အရိယ သစ္စာနိ၊ လေးပါးသော အရိယသစ္စတို့ကို။ ယေ၊ အကြင်သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်တို့သည်။ ၀ိဘာဝယန္တိ၊ သိကုန်၏။ တေ၊ ထိုသတ္တက္ခတ္တုပရမ သောတာပန် ပုဂ္ဂိုလ်တို့သည်။ ဘုသံပမတ္တာ၊ ဘာဝနာ၌ အလွန်မေ့လျော့ကုန်သည်။ ကိဉ္စ၀ပိဟောန္တိ၊ အကယ်၍ ဖြစ်ကုန်အံ့၊ တထာပိ၊ ထိုသို့ပင် မေ့လျော့ကုန်သော်လည်း။ တေ၊ ထိုသတ္တက္ခတ္တု ပရမသောတာပန် ပုဂ္ဂိုလ်တို့သည်။ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။ ဘ၀ံ၊ ဘ၀ကို။ နအာဒိယန္တိ၊ မယူကုန်။ သံဃ-သံဃာဿ၊ သတ္တက္ခတ္တုပရမဖြစ်သော သောတာပန် သံဃာ၏။ ဣဒမ္ပိရတနံ အယမ္ပိရတနဘာဝေါ၊ ဤရှစ်ကြိမ်မြောက်သော ဘ၀ကို မယူခြင်းတည်းဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ မဏိတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၇။ သက္ကာယဒိဋ္ဌိစ၊ အတ္တဟူသော မိမိကိုယ်ရှိ၏ဟူသော အယူလည်းကောင်း။ ၀ိစိကိစ္ဆာတဉ္စ၊ ရှစ်ပါးသောဌာန၌ ယုံမှားခြင်းလည်းကောင်း။ သီလဗ္ဗတံဝါပိ၊ နွား၏ သီတင်းအကျင့် ခွေး၏သီတင်းအကျင့် စသည်ဖြင့် သံသရာမှ ထွက်မြောက်၏ ဟူသော အယူလည်းကောင်း။ တယော၊ သုံးပါးကုန်သော။ ဓမ္မာ၊ သဘောတရားတို့ကို။ အဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်၏။ ဒဿန-သမ္ပဒါယ၊ သောတာ ပတ္တိမဂ်၏ ပြည့်စုံခြင်းနှင့်။ သဟာဝ၊ တကွလျှင်။ ဇဟိတာ၊ စွန့်အပ်ကုန်သည်။ အဿုဘ၀န္တိ၊ ဖြစ်ကုန်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ယံ၊ အကြင်မှားသော အယူသည်။ အတ္ထိ၊ ရှိ၏။ တံပိ၊ ထိုမှားသော အယူကိုလည်း၊ ဇယိတံ၊ စွန့်အပ်၏။

၃၈။ သော-သောတာပန္နော၊ ထိုသောတာပန် ပုဂ္ဂိုလ်သည်။ စတူဟိ၊ လေးပါးကုန်သော။ အပါယေဟိ၊ အပါယ်တို့မှ။ ၀ိပ္ပမုတ္တော၊ လွတ်၏။ ဆ၊ ခြောက်ပါးကုန်သော။ အဘိဋ္ဌာနာနိစ၊ လွန်စွာသော အကြောင်းတို့ကိုလည်း။ ကာတုံ၊ ပြုအံ့သောငှာ။ အဘဗ္ဗော၊ မထိုက်။ သံဃေ-သံဃဿ၊ သုံးပါးသော သောတာပန်ဖြစ်သော သံဃာတော်၏။ ဣဒမ္ပိရတနံ-အယမ္ပိ ရတနဘာဝေါ၊ ဤသုံးပါးသော သံယောဇဉ်တို့ကို ပယ်ခြင်း အစရှိသော ရတနာ၏ အပြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၃၉။ သော၊ ထိုသောတာပန် ပုဂ္ဂိုလ်သည်။ ကာယေန၀ါ၊ ကာယဒွါရဖြင့် လည်းကောင်း။ ၀ါစာ ၀ါစာယ၀ါ၊ ၀စီဒွါရဖြင့် လည်းကောင်း။ ဥဒ၊ ထိုမြို့။ စေတသာဝါ မနောဒွါရဖြင့်လည်းကောင်း။ ပါပကံ၊ မကောင်းသော။ ကမ္မ၊ အမူကို။ ကိဉ္စာပိ၊ အကယ်၍လည်း။ ကရောဘိ၊ ပြုမိ၏။ သော၊ ထိုသောတာပန်ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမကောင်းမူကို။ ပဋိစ္ဆဒါယ၊ ဖုံးလွှမ်းအံ့သောငှာ။ အဘဗ္ဗော၊ မထိုက်ပြီ။ ဒိဋ္ဌပဒဿ၊ မဂ်ဖြင့် မြင်အပ်ပြီးသော နိဗ္ဗာန်ရှိသော သောတာပန်၏။ အဘဗ္ဗတာ၊ မကောင်းမူကို ဖုံးလွှမ်းခြင်းငှာ မထိုက်သော အဖြစ်ကို။ ၀ုတ္တာ၊ ဟောတော်မူအပ်၏။ သံဃေ-သံဃဿ၊ သုံးပါးသော သောတာပန် သံဃာ၏။ ဣဒမ္ပိရတနံ-အထမ္ပိ ရတနာဘာဝေါ၊ ဤသို့ ပြုပြီးသော မကောင်းမူကို ဖုံးလွှမ်းခြင်းငှာ မထိုက်ခြင်းတည်းဟူသော ရတနာ၏အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန-သစ္စေန၊ ဤသို့မှန်သော စကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၄၀။ ၀ိမှာန မာသေ၊ နွေလေးလအတွင်း၌။ ပဋ္ဌမသ္မိံ ၀ိမှေ၊ အစစွာသောနွေလ၌။ ဖုဿိတဂ္ဂေ၊ ပွင့်သော အဖျားရှိသော။ ၀နပ္ပဂုမ္ဗေ၊ တောအုပ်သည်။ သိရိကောယထာ၊ အသရေရှိသကဲ့သို့။ ပရမံဟိတာယ၊ မြတ်သော လောကုတ္တရာ စီးပွားအလို့ငှာ။ တထူပမံ၊ ထိုတောအုပ်နှင့်တူသော။ နိဗ္ဗာန-ဂါမိံ၊ နိဗ္ဗာန်သို့ ရောက်စေတတ်ထသော။ ဓမ္မ၀ရံ၊ ပရိယတ္ထိ၊ တရားတော်မြတ်ကို။ အဒေ သယိ၊ ဟောတော်မူ၏။ ဗုဒ္ဓေဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိရတနံ-အယမ္ပိရတနဘာဝေါ၊ ဤဒေသနာဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန-သစ္စေန၊ ဤသို့မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၄၁။ ၀ရော၊ မြတ်ထသော၊ ၀ရညူ၊ မြတ်သောတရားကိုလည်း သိတော်မူတတ်ထသော။ ၀ရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်ထသော။ ၀ရောဟရော၊ မြတ်သော စီးပွားကိုလည်း ဆောင်တော်မူတတ်ထသော။ အနုတ္တရော၊ လွန်သောသူ မရှိသော မြတ်စွာဘုရားသည်။ ဓမ္မ၀ရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏။ ဗုဒ္ဓေ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဣဒမ္ပိရတနံ၊ အယမ္ပိရတနဘာဝေါ၊ ဤသို့ ဣန္ဒြိယ ပရော ပရိ ယတ္တိဉဏ် ရှေးရှိသည် ဖြစ်၍ ပရိယတ္တိဓမ္မကို ဟောခြင်းတည်းဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောစကားကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၄၂။ ယေ၊ အကြင်ရဟန္တာတို့သည်။ အာယတိကေ၊ လာလတ္တံ့သော။ ဘ၀သ္မိံ၊ ဘ၀၌။ ၀ိရတ္တစိတ္တာ၊ တပ်ခြင်းကင်းသော စိတ်ရှိကုန်၏။ တေသံ၊ ထိုရဟန္တာတို့အား။ ပုရာဏံ၊ ရှေး၌ဖြစ်သောကံသည်။ ခီဏံ၊ ကုန်ပြီ။ န၀သမ္ဘ၀ံ၊ ဘ၀သစ်၌ ဖြစ်လတ္တံ့သော ကံသည်လည်း။ နတ္ထိ၊ မရှိ။ ခီဏဗီဇာ၊ ကုန်ပြီးသော ကံဟူသော မျိုးစေ့ ရှိကုန်ထသော။ ခီရာ၊ ပညာလည်း ရှိကုန်ထသော။ တေ၊ ထိုရဟန္တာတို့သည်။ အယံ-ပဒီပေါ၊ ဤဆီမီးသည်။ နိဗ္ဗာယတိ ယထာ၊ ငြိမ်းသကဲ့သို့။ နိဗ္ဗာယန္တိ၊ ငြိမ်းကုန်၏။ သံဃေ - သံဃဿ၊ ရဟန္တာဖြစ်သော သံဃာတော်၏။ ဣဒမ္ပိရတနနံ-အယမ္ပိရတနဘာဝေါ၊ ဤဘ၀သစ်၌ မဖြစ်ပြန်ခြင်းတည်းဟူသော ရတနာ၏ အဖြစ်သည်လည်း။ ပဏီတံ-ပဏီတော၊ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့ မှန်သောသဘောကြောင့်။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၄၃။ ဘုမ္မာစိုး၊ မြေ၌တည်ကုန်သော။ ယာနိဘူတာနိဝါ အကြင်ဘုမ္မစိုး, ရုက္ခစို, စတုမဟာရာဇ်, တာဝတိံသာနတ်တို့သည်လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊ ဖြစ်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင် ယာမာစသောနတ်တို့သည်လည်းကောင်း။ ဣစ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီအညွတ်လာကုန်၏။ တေမယံ၊ ထိုသို့လာကုန်သော နတ်အပေါင်းဖြစ်ကုန်သော ငါတို့သည်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းထသော။ ဒေ၀မနုဿ ပူဇိတံ၊ နတ်လူတို့သည်။ ပူဇော်အပ်ထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နမဿာမ၊ ရှိခိုးကုန်၏။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၄၄။ ဘုမ္မာနိ၊ မြေ၌တည်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင်ဘုမ္မစိုး, ရုက္ခစို, စတုမဟာရာဇ်, တာဝတိံသာနတ်တို့သည်လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊ ဖြစ်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင် ယာမာစသောနတ်တို့သည်လည်းကောင်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညွန်လာကုန်၏။ တေမယံ၊ ထိုသို့လာကုန်သော နတ်အပေါင်းဖြစ်ကုန်သော ငါတို့သည်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းထသော။ ဒေ၀မနုဿ ပူဇိတံ၊ နတ်လူတို့သည် ပူဓေဇ်ာအပ်ထသော။ ဓမ္မံ၊ တရားတော်ကို။ နမဿာမ၊ ရှိခိုးကုန်၏။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသောစီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

၄၅။ ဘုမ္မာနိ၊ မြေ၌တည်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင်ဘုမ္မစိုး, ရုက္ခစို, စတုမဟာရာဇ်, တာဝတိံသာနတ်တို့သည်လည်းကောင်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ နိဗ္ဗတ္တာနိ၊ ဖြစ်ကုန်သော။ ယာနိဘူတာနိဝါ၊ အကြင်ယာမာစသော နတ်တို့သည်လည်းကောင်း။ ဣဓ၊ ဤအရပ်၌။ သမာဂတာနိ၊ အညီအညွတ်လာကုန်၏။ တေမယံ၊ ထိုသို့ လာကုန်သော နတ်အပေါင်းဖြစ်ကုန်သော ငါတို့သည်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းထသော။ ဒေ၀ မနုဿ ပူဇိတံ၊ နတ်လူတို့သည် ပူဇော်အပ်ထသော။ သံဃံ၊ သံဃာတော်ကို။ နမဿာမ၊ ရှိခိုးကုန်၏။ ပါဏီနံ၊ သတ္တ၀ါတို့အား။ သုဝတ္ထိ၊ ကောင်းသော စီးပွားခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

ရတနသုတ္တံ၊ ရတနသုတ် ပရိတ်တော်သည်။

နိဋ္ဌိတံ၊ ပြီးပြီ။



ရတနသုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး

ရတနသုတ်တော်ကို အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ စုန်း ကဝေ တစ္ဆေများ မပြုစားနိုင်။ အချုပ်အနှောင်အဖွဲ့များက ကင်းလွတ်စေနိုင်သော တန်ခိုးသတ္တိ ရှိလေသည်။

အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ကိုးကား

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်

No comments:

Post a Comment