ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 1 January 2013

အသုံးများသော် ဉာဉ် အကျင့်လွန်သော် စရိုက်


အထက်၌ ဆိုခဲ့ပြီး ဓာတ်ဆောင်၏ ဓာတ်ကောင်းမျို့တို့ချည်းသာ သက်တမ်းရှည်အားဖြင့် လည်းကောင်း၊ ဘ၀ဆက်ကာဆက်ကာ ဖြစ်သောအားဖြင့်လည်းကောင်း၊ ထိုအစာမျိုးတို့ချည်း တွေ့ထိစားသုံးရဖန် များလာသော် စိတ်ထဲစွဲပြီ၊ အချိန်ရှိသရွေ့ ထိုစိတ်မျိုးတို့ချည်းသာ ဖြစ်လာပြီ။ မြင်သော် မြင်သည့်နောက် ထိုအသိ ရောက်သွားပြီ။ ထိုအခါ ထိုအသိအတိုင်းချည်း လိုက်ပါပြုကျင့်နေချေက ဉာဉ်ဟူသည် ပေါ်ထွန်းလာရချေပြီ။


- ကာမအားကြီးလေသူ ကာမစိတ်မှတစ်ပါး အခြားစိတ် မရှိတော့ပြီ။

- ဒေါသအားကြီးလေသူ ဒေါသစိတ်မှတစ်ပါး အခြားစိတ် မရှိတော့ပြီ။

- မေ့မေ့ပျောက်ပျောက် နေတတ်လေသူ ထိုစိတ်မှတစ်ပါး အခြား မရှိပြီ။

ကျန် စိတ်နေသဘောထားများကား အခြံအရံမျှသာ ဖြစ်ခွင့်ရတော့သဖြင့် ကြိုကြားမျှသာ၊ အဘယ်ကြောင့်ဆိုသော် ကိုယ်ထည်ဓာတ်အားကို အခြံအရံဓာတ်များက မလွန်ဆန်နိုင်ကြ၍တည်း။

(၁) အကြင်သူသည် လိုချင်တပ်မက်စိတ် လောဘဦးဆောင်လျက်က လူ့ဘ၀ဘက် ဆင်းသက်လာ၏။ ထိုသူသည် မမြင်လိုက်နှင့် သူရဖို့သာ သိသည်။ ထိုသူကို ရမ္မက်ကြီးသူ သတ္တ၀ါဆိုရ၏။

(၂) အကြင်သူသည် တစ်ဘက်၏ အာရုံဝတ္ထုတစ်ခုခုကို မတွေ့လိုက်နှင့် ဟိန်းဖို့ ဟောက်ဖို့လောက်သာ သိတတ်၏။ ထိုသူသည်လည်း ဒေါသဉာဉ်သက်ဖြင့် လူ့ဘ၀ဘက် ကူးထွက်လာသူ ဆိုရ၏။

(၃) အကြင်သတ္တ၀ါကား ၎င်းတစ်ဦးတည်း၌ သုန်မူန်မိုင်တွေကာ နေတတ်၏။ တစ်ဘက်နှင့် တွေ့သောအခါတွင်ကား ရံတစ်ခါ ကြိုက်ယောင်ပြတတ်ပြီး ရံတစ်ခါ မုန်းယောင်ပြတတ်၏။ ထိုသတ္တ၀ါမျိုးကား မောဟသက်ဖြင့် သူကျရာဘ၀ဘက်သို့ ကူးဆက်လာသူ ဆိုရ၏။

ထိုသို့ ဘာမဆို ကိုယ့်ဘက်၊ ကိုယ့်အကြောင်းကိုသာ သိတတ်ပြီး ထိုအသိအတိုင်း လိုက်ပါပြုကျင့်ဖန် များသော်ကား စရိုက်ဟူသည် ထွန်းကားလာချေတော့၏။ ရောက်လေရာဘ၀ ထိုအသိ ထိုအကျင့်အတိုင်း အကောင်အထည်ဖော်ပေတော့မည်။ ဘ၀ဘ၀တို့ကသာ နွား၊ ခွေး၊ ကြက်၊ ကြောင် စသည်အားဖြင့် ပြောင်းသော်လည်း ထိုအသိ၊ ထိုအကျင့်တို့ကား မချိုးမပြောင်းတော့လျှင်ကား ဘ၀တိုင်းဆီသို့ လိုက်ပါနေသော ၀ါသနာရှင်အဆင့် ရောက်ပြီ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏ သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment