ပရိတ်ရွတ်ဖတ်သူ၌ အင်္ဂါ(၃)ပါး ရှိသလို ပရိတ်နာသူများလည်း အင်္ဂါ(၃)ပါနှင့် အညီ နာယူသူမှ အကျိုးရှိလေသည်။ ဤ အချက်အလက် တိုကိုလည်း သိရှိထားမှသာ ပရိတ်တော် ဗုဒ္ဓမန္တန်၏ အကျိုးကျေးဇူးးတရားကို ခံစားနိုင်ကြရပေမည်။
ပရိတ်နာသူတို့၌ ရှိရမည့် အင်္ဂါ(၃) ပါးမှာ -
ပရိတ်နာသူတို့၌ ရှိရမည့် အင်္ဂါ(၃) ပါးမှာ -
(၁) လေးစားကြည်ညိုစွာ နာကြားခြင်း၊
(၂) အယူမှားသော မိစ္ဆာဒိဌိ ၀ါဒတို့မှာ ကင်းလွတ်ခြင်၊
(၃) စူးစိုက်ယုံကြည် စွဲမြဲစွာ မှတ်သာခြင်း။
ထိုအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ ပရိတ်တော်ဒေသနာ နာရခြင်းအကျိုး အပြည့်အ၀ရရှိနိုင်လေသည်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment