ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 18 January 2013

လုံတော်ဆရာတော်ကြီး၏ ဆုံးမစာများ

၁။ ကုသိုလ် ဥစ္စာ၊ ပညာသုံးခု၊ တနေ့မှာမူမှာ၊ တခုခုကို ရအောင်ကြံ။

၂။ ကံကို ချည်းလည်း မယိုးနှင့်။

၃။ ဥာဏ်ကိုချည်းလည်း မကိုးနှင့်။

၎။ လိမ္မာတုကို ခိုး၊ ကိုယ်ကျိုးကို ရှိအောင်ကြံ။

၅။ လောဘ ခက်ထန်လျှင် စားသုံးရ၏။


၆။ ဒေါသခက်ထန်လျှင် ပစ္စုပ္ပန်သံသရာ၊ နှစ်ဖြာရူံး၍၊ စုံစုံနစ်တတ်၏။

၇။ အကြံပင်ကောင်းသော်လည်း၊ နှောင်းလျှင် အကျိုးမရှိ။

၈။ များစွာသော ဆွေမျိုးတို့၏ အကျိုးကို မြော်ထောက်၍ တစ်ယောက်ကို စွန့်ရာသည်။

၉။ တစ်ရွာလုံးအကျိုးကြောင့်လည်း အမျိုးကိုစွန့်ရာသည်။

၁၀။ ပြည်သူတို့အကျိုးငှာ ရွာကိုပင် စွန့်ရာသည်။

No comments:

Post a Comment