
ရွှေမြန်မာဥယျာဉ်မှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံး


ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့် ရဲရင့်ရထာ အမည်ရတဲ့ ရွှေမိသားစုဝင်တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစုအားလုံးလည်း အစ်ကိုရဲရင့်ရထာရဲ့ အကြောင်းတစေ့တစောင်းလေးကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ အစ်ကိုရဲရင့်ရထာကို ရွှေမိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။


အစ်ကိုရေ မင်္ဂလာပါရှင် ညီမလေးတို့ ရွှေမြန်မာဥယျာဉ် အင်တာဗျူးကဏ္ဍလေးအတွက် အစ်ကိုကိုအင်တာဗျူးလေး မေးချင်လို့ပါရှင်။
မင်္ဂလာပါအမရေ ဟုတ်ကဲ့မေးပါခင်ဗျာ…


ပထဆုံးအနေနဲ့ အစ်ကိုရဲ့ နာမည်အရင်းလေးကို ရွှေမိသားစုကြီးနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါအုံးရှင်။
ဟုတ်ကဲ့ ကျွန်တော်နာမည်အရင်းကတော့ ဥယျာဉ်လေးထဲမှာ သူငယ်ချင်းများ အားလုံးသိနေတဲ့အတိုင်း ရဲရင့်ရထာပါပဲခင်ဗျာ…


အစ်ကို့နာမည်အရင်းလေးကလည်း ရဲရင့်ရထာပဲဆိုတော့လေ ခေါ်ရတာ တစ်မျိုးလေးပဲနော်၊ အစ်ကို့နာမည်အရင်းလေးကို သိလိုက်ရပြီဆိုတော့ ရွှေမြန်မာဥယျာဉ်ထဲကို အစ်ကိုစတင်ရောက်ရှိခဲ့ပုံ လေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဟုတ်ကဲ့ ဥယျာဉ်လေးထဲကို ဖိတ်ခေါ်ခြင်းနဲ့ ရောက်ရှိလာတာပါ အင်းးးးးးးးး ဘယ်သူဖိတ်ခေါ်တာလဲ ဆိုတာကိုတော့ သေချာမမှတ်မိတော့ဘူး ခိခိ (ရယ်လျှက်) (အော်... အဲ့လိုဆို ခေါ်လာတဲ့သူက ဒီအင်တာဗျူးလေးဖတ်ဖြစ်ရင် ပြန်သတိပေးလိုက်ပါဦးနော် ဟိဟိ) ဥယျာဉ်လေးထဲကို စဝင်တဲ့ရောက်ရှိခဲ့တဲ့ နေ့လေးကတော့ (ဇွန်လ ၉ရက် ၂၀၁၂) လောက်ကပါ... စာပေလေးတွေရေးသားမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ရောက်ဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ…


အစ်ကိုရဲ့ ရဲရင့်ရထာဆိုတဲ့ နာမည်လေးကိုကြားရတာ တစ်မျိုးလေးနဲ့ ထူးဆန်းနေသလိုပဲ သူများတွေက ကလောင်နာမည်လေးတွေနဲ့ စာပေတွေရေးသားအသုံးပြုကြပေမယ့် အစ်ကိုက ရဲရင့်ရထာဆိုတဲ့ နာမည်အရင်းလေးကိုပဲ ဆိုဒ်ထဲမှာ စွဲမြဲရွေးချယ် အသုံးပြုခဲ့ပုံလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဟုတ်ကဲ့ ရဲရင့်ရထာဆိုတဲ့ နာမည်လေးနဲ့ပတ်သတ်လို့ မေးမြန်းတဲ့လူတွေလဲ ရှိပါတယ်… တချို့ကျတော့လဲ ကျွန်တော်နာမည်လေးက ထုးဆန်းတယ်ဆိုပြီး ပြောကျသလို လှောင်ပြောင်တဲ့ အနေနဲ့လဲ အနော်ရထာနဲ့ ဘာတော်လဲဘာညာ စသဖြင့်မေးကျပါတယ်… ဒါပေမဲ့ ကျွန်တော်နာမည်လေးကိုတော့ ကျွန်တော် အဖွားက ပေးခဲ့(မှည့်ခေါ်)ခဲ့တာပါ… စာပေတွေရေးသားမယ်လို့ စပြီးစိတ်ကူးရတဲ့ အချိန်မှာတော့ တခြားသော စာပေပညာရှင်တွေလို ကလောင်နာမည် လှလှလေးတွေ မရွေတက်ခဲ့ဘူး… အဲ့တာနဲ့ ကျွန်တော်လဲ ကလောင်နာမည်လေးကို မရွေးတက် မစဉ်းစားတက်ခဲ့တာနဲ့ ကျွန်တော် နာမည်အရင်းလေးဖြစ်တဲ့ ရဲရင့်ရထာ ဆိုတဲ့နာမည်ကိုပဲ ကလောင်နာမည်အဖြစ် အသုံးပြုခဲ့တာပါ အမ…


အစ်ကိုရဲ့ လက်ရှိရောက်ရှိနေတဲ့ အသက်နဲ့ အစ်ကိုရဲ့ မွေးသက္ကရာဇ်လေးကို အဆင်ပြေမယ်ဆိုရင် ရွှေမိသားစုကြီးသိရအောင် ပြောပြပေးပါအုံးရှင့်... ဒါမှ မွေးနေ့ရောက်ရင် ရွှေမိသားစုကြီးအားလုံးက မုန့်ဝယ်ကျွေးခိုင်း အဲမှားလို့ ရွှေမိသားစုကြီးအားလုံးက မွေးနေ့ဆုတောင်းပေးရအောင်လို့ပါ ဟီး။
ဟုတ်ကဲ့ အခုလာမယ် ၁၀-လပိုင်း အောက်တိုဘာလ ၇-ရက်နေ့ဆိုရင်တော့ ကျွန်တော်မွေးနေ့လေးပါ... ဘယ်နှနှစ် ပြည့်တာလဲဆိုတာကိုတော့ တိုးတိုးလေးပြောပြမယ် ခိခိ (ရယ်လျက်) (ဟော်တော့် တိုးလို့သာ တစ်ဆိုဒ်လုံးကြားကုန်ပြီ ဟီး) ၂၂- ပြည့်တာပါခင်ဗျာ (အယ် မေးရင်းနဲ့ အားတောင်နာလာပြီ အစ်ကိုလို့ခေါ်မိတာ ဆောရီး မောင်လေးပေါ့ အစ်မထက်ငယ်တယ်လေ… ခေါ်ပြီးသားတော့ထားလိုက်တော့မယ်နော် ဟဲဟဲ) မွေးနေ့မှာတော့ သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးတာတွေတော့ အနည်းအကျင်းတော့ရှိပါတယ်… ဒါပေမဲ့ ကျွေးတာစားပြီးရင်တော့ မွေးနေ့လက်ဆောင် တောင်းတော့တာလေ ဟားးးးးးးးးးးးဟားးးးးးးးးးးးးးး(ရယ်လျှက်) (အမလေး ဘာကျွေးမလဲ မေးမလို့တောင် ရုတ်တရက်ကြီး ဆွံ့အသွားတယ် ခိခိ) အခု အမက အင်တာဗျူးရင် ကျွန်တော် မွေးနေ့လေးကို သိသွားပြီဆိုတော့ ကျွန်တော်ကိုမွေးနေ့လက်ဆောင်ပေးရမယ်ခစ်ခစ် (အယ် မကျွေးခိုင်းရသေးဖူး တောင်းနေပြီတော့် လက်ဆောင် ဟီး) (စတာပါ မောင်လေးလည်းတော်တော်လေး ပျော်တက်တယ်နော် အစ်မကလည်းစတက်နောက်တက်တာနဲ့ ကဲရွှေမိသားစုကြီးရေ မောင်လေးရဲရင့်ရထာရဲ့ အင်တာဗျူးလေးကိုဖတ်ပြီး မွေးနေ့လေးကိုမမေအောင့်မှတ်ထားပြီး မုန့်ဝယ်ကျွေးခိုင်းပြီးရင် လက်ဆောင်တော့ ပေးဖြစ်အောင်ပေးလိုက်ကြပါလို့ မဟုတ်ရင် စိတ်ဆိုးပြီး မခေါ်တော့မယ့်ပုံ…ခိခိ)


မောင်လေးရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိရှင်သန်နေထိုင် အခြေချနေတဲ့ မြို့နေရပ်လေး ကိုလည်း ပြောပြပေးပါအုံးရှင်။
ကျွန်တော် မွေးရပ်မြေ ဇာတိလေးကတော့ မကွေးတိုင်း အထက်မင်းလှမြို့လေးပဲ ဖြစ်ပါတယ်… အညာသားလေးပေါ့ဗျာ… အခုလက်ရှိမှာတော့ အက်ဒမင် ကိုရဲတို့နေထိုင်နေတဲ့ နိုင်ငံလေးမှာပါ ခင်ဗျာ…


မောင်လေးရဲ့ မိသားစုကိုလည်း ရွှေမိသားစုကြီးသိရအောင် မိတ်ဆက်ပေးပါအုံးရှင်။
ဟုတ်ကဲ့ ကျွန်တော်က တစ်ဦးတည်းသောသားပါ အခုဆိုရင်တော့ ကျွန်တော်တို့ မိသားစုလေးကတော့ ကျွန်တော်အဖွားရယ် အဖေရယ် အမေရယ် ကျွန်တော်ရယ် နောက်ပြီးတော့ ကျွန်တော်ရဲ့ သားလေးရယ်ပါ... အခုလက်ရှိမှာတော့ ကျွန်တော်က ပြည်ပမှာပါ…


မောင်လေးရဲ့ အကြိုက်ဆုံးအရောင်၊ အစားအစာလေးတွေကိုလည်း ပြောပြပေးပါအုံး... ဒါမှ ရွေမိသားစုကြီးနဲ့ဆုံရင် မောင်လေးအကြိုက်သိနေတော့ သူတို့ကဘာဝယ်ကျွေးရမယ်ဆိုတာ ကြိုသိနေအောင်ပေါ့ ။
ဟဲဟဲ အကြိုက်ဆုံးအရောင်ကတော့ အမဲရောင်ကို အကြိုက်ဆုံးပါပဲ ဘာလို့ကြိုက်လဲဆိုတော့ ခိခိ (ရယ်လျက်) ကျွန်တော်က ညစ်ပတ်တယ်လေ(ရေချိုးပါသည်) အဖြူတွေ ဘာတွေ ဝတ်ရင်ခဏလေးနဲ့ ပေသွားတာ အဲ့တော့ ကိုယ်နဲ့ လိုက်မဲ့အရောင်လေးလဲဖြစ်တဲ့ အမဲရောင်ကို ကြိုက်ပါတယ်… တကယ်လဲ အမဲရောင်လေးကိုပဲ အကြိုက်ဆုံးပါပဲ ခစ်ခစ် (ရယ်လျက်) အစားအသောက်တွေ အကြောင်းပါလာလို့ သရေတွေတောင်ကျလာပြီ စားတာကတော့ စားသလားမမေးနဲ့ (ဟုတ်ကဲ့ မမေးနဲ့ ဆိုပေမယ့် မေးမိသွားပြီး ဟိဟိ) အမရေ ဟိုစပ်စပ် ဒီစပ်စပ် ပါပဲ…. စားစရာတွေကို အများကြီးမှာပြီးရင် ကျွန်တော်က နည်းနည်း နည်းနည်းပဲ စားတက်တာ အကုန်မစားဘူး… ရွှေထဲကသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဘာပဲကျွေးကျွေးပါ(သေးဆေးမဟုတ်ရင်ပြီးတာပဲ) ရပါတယ် ရေတိုက်လဲ သောက်ပါမယ်ဗျာ ဟားးးးးးးးးးး(ရယ်လျှက်) (ကဲ ရွှေမိသားစုကြီးကြားတဲ့အတိုင်းပဲ အပြင်မှာ တွေ့ရင် ရေလေးပဲတိုက်လိုက်ကြပါနော် ဟီးဟီး)


အခုလက်ရှိ မောင်လေးမှာ ဘ၀လက်တွဲဖော် ချစ်သူ/အိမ်ထောင်ဖက် ရှိမရှိဆိုတာလေးရယ်၊ မောင်လေးရဲ့ စိတ်ကူးထဲမှာရှိတဲ့ ဘ၀လက်တွဲဖော်ကို ဘယ်လိုပုံစံလေး ရွေးချယ်ထားသလဲ ဆိုတာနဲ့ အချစ်အပေါ် မောင်လေးအမြင်လေးကိုလည်း ပြောပြပေးပါအုံရှင်။
ဟုတ်ကဲ့ ကျွန်တော်မှာ အိမ်ထောင်ရှိပါတယ်ခင်ဗျာ… အခုလက်ရှိ သားလေးတစ်ယောက်လဲရှိပါတယ်… အခုဆိုရင်တော့ ကျောင်းတက်နေပါပြီ ရွှေထဲက အပျိုကြီးမမတွေကိုလဲပြောပေးပါ… ရဲရင့်ရထာမှာ သားလေးရှိပါတယ်လို့ ဘာမှစိတ်ဓာတ်မကျပါနဲ့လို့ ခစ်ခစ် (ရယ်လျှက်) (နဲနဲထိသွားသလိုပဲ လက်ထဲမိုက်ရှိတယ်နော် ဟဲဟဲ မကြောက်ပါနဲ့ စတာပါ ဟိ) အခုလက်ရှိမှာတော့ အိမ်ထောင်ဘက်ကတော့ (????????????)ခင်ဗျာ (ဟိုက်… ဖြစ်မှဖြစ်ရလေ ခိခိ) အချစ်ဆိုတာက တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွတ် တက်ရမယ်လို့တော့ မြင်မိပါတယ်…. အပြစ်မြင်နေမယ် ဆိုရင်တော့ မည်သူမှ မချစ်ချင်တော့ဘူးလေ... အချစ်ကို တန်ဖိုးမထား တက်ရင်တော့ သင်ဟာ ကံဆိုးတရားတွေနဲ့ပဲ ရင်ဆိုင်နေရမယ်လို့ပြောချင်ပါတယ်…


လူတိုင်းမှာ မွေးရာပါ ၀ါသနာတွေ သူသူငါငါ ကိုယ်စီရှိကြတယ်ဆိုတော့ မောင်လေးအနေနဲ့ ဘယ်လို အရာလေးတွေကို ၀ါသနာပါလဲ ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ကျွန်တော်ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့တာကတော့ ဇာတ်လမ်းဇာတ်ညွန်းတွေကို ရေးရတာ ဝါသနာပါတယ်… နောက်ပြီး ဒါရိုက်တာ - တစ်ယောက်လဲအရမ်း ဖြစ်ချင်တယ်... ဒါရိုက်တာကောင်း တစ်ယောက်အနေနဲ့လဲ အကယ်ဒမီဆုတွေကိုလဲ လိုချင်မိတယ်… ဒါကတော့ရူးသွပ်ခဲ့တာပါ အဲ့တာတွေ ဖြစ်ဖို့ကလဲ အချိန်အင်အားတွေ ငွေအင်အားတွေ တော်တော်လိုအပ်တယ်လေ ဖြစ်နိုင်မယ်လို့တော့ မထင်တော့ပါဘူးအမရာ (အော် အားမလျှော့ပါနဲ့ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တာပဲလေ ရွှေမိသားစုကြီးက အမြဲအားပေးနေပါ့မယ်ရှင် ဒါရိုက်တာဖြစ်ရင်တော့ မမေ့နဲ့ပေါ့နော် မင်းသမီး/မင်းသားတွေ လိုရင်ပြောနော် ဟဲဟဲ ရွှေထဲမှာ ချောချောလှလှတွေပေါတယ်လေ ကြော်ငြာတာပါ ဟီး) နောက်ပြီးကျွန်တော် သူငယ်ချင်းက အဆိုတော် တစ်ဦးလေ အဲ့တာ သူ့ရဲ့ ရှိုးပွဲတွေမှာ သီချင်းဆိုတဲ့အခါ နောက် ပါတီပွဲတွေ သွားတဲ့အခါကျရင် ဝတ်မဲ့င်္အကျီ စတိုင်တွေ ဆံပင်အနေအထားစသည့် အရာတွေကိုတော့ အကြံပြုပြီး ပြောပြပါတယ်… ကျွန်တော်မြန်မာပြည် ပြန်ရောက်ရင်တော့ သူ့ရဲ့ အဝတ်စားဒီဇိုင်းတွေကို ရေးဆွဲပေးမယ်လို့တော့ စိတ်ကူးထားတယ်… ဒီဇိုင်နာ (အမျိုးသား) လုပ်ရတာကိုတော့ မရူးသွပ်ခဲ့ပါဘူး… ဒါပေမဲ့ စိတ်တော့ဝင်စားတယ်… (အစ်မကလည်း ဒီဇိုင်းတွေအသစ်အဆန်းလေးတွေ ထွင်ပြီး စိတ်ကူးလေးနဲ့ ဒီဇိုင်းမျိုးစုံလေးတွေကို ရေးဆွဲရတာ ၀ါသနာပါတယ်ဆိုတောု့ အောင်မြင်ရင် လက်တို့လိုက်အုံး တပည့်ခံမလို့ပါ ဟီး) ဟိုနေ့က ပြောသွားတာကတော့ ကုန်ပစ္စည်းကြောညာတစ်ခုရိုက်ဖို့ ကမ်းလှမ်းလာတယ်လို့တော့ပြောတယ်…ဖြစ်မဖြစ်တော့ မသိသေးဘူး… ကျွန်တော်သူငယ်ချင်းကတော့ (၉လပိုင်း၂ရက်နေ့)က ထွက်တဲ့ မျိုးဆက်သစ် သီချင်းခွေမှာ ပါဝင်သီဆိုထားပါတယ်… နာမည်တော့ပြောပြတော့ဘူး…. စိတ်မဆိုးနဲ့နော် ခစ်ခစ် (စိတ်မဆိုးတော့ပါဖူး စိတ်ဆိုးလာရင် လက်ထဲရှိတာနဲ့ ရိုက်တက်တာအကျင့်ဖြစ်နေလို့လေ ဟီးဟီး.. စတာပါမောင်လေး ဒီအင်တာဗျူးလေးကို အားပေးဖတ်ရူနေကြတဲ့ သူငယ်ချင်းတွေလည်း စိတ်ချမ်းသာကြအောင်ပေါ့ မောင်လေးရဲ့ရည်ရွယ်ချက်တွေ အမြန်အောင်မြင်ပြီး ဖြစ်ချင်တဲ့ဘ၀ဆန္ဒ ထပ်တူကြပါစေလို့ ရွှေမိသားစုကြီးအားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ရှင်…)


မောင်လေးအခု လက်ရှိရှင်သန်နေရတဲ့ အကြောင်းလေးကိုလည်း ရွှေမိသားစုကြီးကို ပြောပြပေးပါအုံးရှင်။
စာပေတွေရေးသားပြီး ပရဟိတတွေ လုပ်ရင်ရှင်းသန်မယ်လို့ စိတ်ကူးထားတယ်… ကျွန်တော် မိသားစုအတွက်လဲပါပါတယ်... ရွှေမိသားစုကြီးလဲ ပါပါတယ်ဗျာ… အားလုံးသော အရာတွေ ရှိနေလို့လဲ ကျွန်တော်အခုလို ရှင်သန်နေတာပေါ့ ခိခိ (အရမ်းကောင်းတဲ့ ရည်ရွယ်ချက်လေးပါပဲ မောင်လေးရေ ချစ်ရတဲ့သူငယ်ချင်းတွေ ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်သောဘ၀ခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်)


မောင်လေးရဲ့ စာပေတွေ အပေါ်မှာ စိတ်ဝင်စားမူနဲ့ ဘယ်လိုစာပေအမျိုးအစားလေးတွေကို ပိုပြီး ရေးရ ဖတ်ရတာ ၀ါသနာပါပြီး ပိုကြိုက်နှစ်သက် အားရမူရှိသလဲဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
စာပေအားလုံးကို စိတ်ဝင်စားပါတယ်… ဝတ္ထုတို/ရှည် ကဗျာတွေ ထဲမှာတော့ ခံစားမှူတစ်ခုကို ရရှိစေမဲ့ ဟာတွေကိုပဲဖတ်တာများပါတယ် ဥပမာ-ဝမ်းနည်းရတာ ကြေကွဲရတာတွေကိုပဲ ဖြစ်တာများတယ်… ကျွန်တော်လဲ အဲ့လို ဝမ်းနည်းတာ ကြေကွဲတာတွေကိုပဲ ရေးတာများတယ်လေ… စာပေတွေ ဖတ်ရတာကိုတော့ ဝါသနာပါတယ်… ကိုယ့်အတွက် အသိပညာ အတက်ပညာနဲ့ ဗဟုသုတလေးတွေလဲ ရရှိစေတယ်… စာပေအားလုံးတိုင်းကို ကျေနပ်အားရမှူရှိပါတယ်… ကျွန်တော်အကြိုက်ဆုံးကတော့ လွမ်းမယ် ဆွေးမယ် ကြေကွဲမယ် အဲ့ဒါမျိုးတွေကို ပိုကြိုက်ပါတယ်။


မောင်လေးက ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သလဲဆိုတာရယ် ဘာသာရေးစာပေတွေနဲ့ ရိုးရိုးစာပေတွေအပေါ် ဖတ်ရူရတဲ့ မောင်လေးရဲ့ခံယူချက် ခြားနားချက် အမြင်လေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
ကျွန်တော်က ဗုဒ္ဒဘာသာဝင်တစ်ဦးပါ... ဘာသာရေးစာပေတွေလဲ ဖတ်ဖြစ်တယ်… ရိုးရိုးစာပေနဲ့ ဘာသာရေးစာပေမတူဘူးလေ… ဘာသာရေးက ကိုယ်ကိုးကွယ်တဲ့ ဘာသာနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ဖတ်ကိုဖတ်သင့်တယ်… ရိုးရိုးစာပေတွေကျတော့ စိတ်ကိုခဏတာ အပန်းဖြေစေတဲ့ စာပေတွေလေ ချစ်မယ် လွမ်းမယ် ဆွေးမယ် ကြေကွဲမယ် အဲ့တာတွေပဲပါတာဗျ... တရားခွေတွေလဲ နားထောင်ဖြစ်တယ်…ဆရာတော်ဥူးသုမဂ်လ၊ ရွှေပြည်သာဆရာတော်တို့ နောက်ပြီး ပဲခူးဆရာတော်တို့စသည့် ဆရာတော်တွေရဲ့ တရားခွေတွေလဲ နားထောင် တယ်လေ… မဟုတ်တာတွေလဲ လုပ်တယ် ဟားးးးးးးးးးဟားးးးးးးးးး (ရယ်လျှက်) နည်းနည်းပါးပါးပါ ဘာတွေလုပ်လဲဆိုတာကိုတော့ ပြောပြဘူး ခစ်ခစ် (မပြောပြနဲ့ပေါ့လို့ ခစ်ခစ်… မေးရင်း နားထောင်ရင်းကူးသွားတာလေ ဟီးဟီး)


လူရယ်လိုဖြစ်လာရင် ဘ၀မှာ မည်သူမဆို အခက်အခဲတွေ အနဲနဲ့အများရင်ဆိုင် ကြုံတွေ့ကြရတဲ့အတွက် အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လိုရင်ဆိုင် ဖြေရှင်းရမလဲဆိုတာရယ် မောင်လေးရဲ့ဘ၀မှာ အခက်အခဲတွေကို ဘယ်လိုစိတ်လေးနဲ့ ဖြေရှင်း ကျော်ဖြတ်ခဲ့သလဲဆိုတာလေးလည်း ပြောပြပေးပါအုံးရှင်။
အခက်အခဲတွေကိုတော့ တစ်ယောက်ထဲ ရင်ဆိုင်တာ များပါတယ်… ဘယ်သူ့ကိုမှလဲ မပြောပြတက်ဘူး… အခက်အခဲတွေ တော်တော်များများ ဖြစ်ပြီဖြေရှင်းလို့မရတော့ဘူးဆိုမှ သူငယ်ချင်းတွေ မိသားစုတွေကိုပြောပြတာပါ … တစ်ယောက်ထဲ ရင်ဆိုင်ရင်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးလုပ်ထည့်လိုက်တာပဲ… ကျွန်တော်က လုပ်ရဲရင် ခံရဲတဲ့ စိတ်ဓာတ်ရှိတယ်… အဲ့လိုစိတ်ဓာတ်ကြောင့်လဲ အလွဲလွဲ အချော်ချော် အမှားတွေလည်း အများကြီးရခဲ့တယ်… နောင်တတွေကတော့ အများကြီးပါပဲဗျာ… လူသားတိုင်းကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပါပဲ… ကျွန်တော်လဲ ထိုလူသားတွေလိုပါပဲ ရင်ဆိုင်းရင်းဖြတ်ကျော်နေတာပေါ့ဗျာ။


မောင်လေး ဖြစ်ချင်တဲ့ ၀ါသနာ ဘ၀ရည်မှန်းချက်နဲ့ ယခုလက်ရှိလျှောက်လှမ်းနေရတဲ့ ဘ၀ပုံစံနဲ့က ထပ်တူကျ ကျေးနပ်အားရမူ ရှိရဲ့လားဆိုတာလေးကိုလည်း ပြေားပြပေးပါအုံးရှင်။
ကျွန်တော် ဝါသနာပါပြီး ရည်မှန်းချက် ထားရှိခဲ့တာကတော့ အထက်မှာပြောခဲ့သလို ဇာတ်လမ်းဇာတ်ညွန်းတွေရေး ဒါရိုက်တာ လုပ်ရတာကိုပါပဲ… အခုတော့ စာပေတွေ ရေးနေတယ်ဆိုတော့ တစ်နေ့ဖြစ်လာမယ် ဆိုပြီးရင်ခုန်စွာနဲ့ မျှော်လင့်ရင်း ဆက်လက်ကြိုးစားနေဆဲပါပဲဗျာ… ကျေနပ်အားရမှူတော့ ရှိလာပါတယ်… စာပေတွေဝင်ရေးနေတဲ့ နိုင်းဆိုဒ်တွေတော်တော်များများမှာတော့ စာဖတ်ပရိတ်သတ်တွေလဲရှိပါတယ်… နောက်ပြီး ဘလော့ဂါတစ်ယောက်လည်း ဖြစ်နေတယ်ဆိုတော့လေ…


မောင်လေးရဲ့ဘ၀မှာ မောင်လေးအနေနဲ့ လေးစားအားကျခဲ့ရတဲ့ ပုဂ္ဂိုလ်များရှိခဲ့ရင် သူ့တို့အပေါ်မှာ ဘယ်လိုအချက်လေးတွေကို အားကျအတုယူခဲ့ရလည်း ပြောပြပေးပါအုံးရှင်။
အားလုံးသောသူတွေကို လေးစားပါတယ်… စာပေလောက အွန်းလိုင်းပေါ်မှာ ဆိုရင်တော့ ဦးလေးကွန်ဆူးမာတို့ သူရသာဝါတို့ ကြည်ပြာရောင်တို့ ချစ်ဦးမောင်တို့ အခုအင်တာဗျူးမေးနေတဲ့ အမတောသူမလေး အများကြီးပါပဲဗျာ (အဲ နာမည်က ကပ်ပါသွားသေးတယ်… ကျေးဇူးပါ ဟီး) အားလုံးကို လေးစားတယ်… အားကျတယ်… စာပေတွေလဲ ရေးသားတာ ကောင်းတယ်… နောက်ပြီး အသိပညာတွေ ဗဟုသုတတွေလဲရစေတယ်… မအားလို့သာ ကောမန်တွေ မပေးသွားခဲ့တာပါ… ဖတ်တာကတော့အကုန်ဖတ်ပါတယ်… အားလုံးကိုလည်း လေးစားအာကျပါတယ်ခင်ဗျာ…


ရွှေမြန်မာဥယျာဉ်လေးထဲမှာ စာပေတွေကို ရေးသားမျှဝေဖတ်ရူအားပေးနေကြတဲ့ စာပေချစ်သူတွေအတွက် မောင်လေးရင်ထဲကဖြစ်ပေါ်လာတဲ့ ဖြစ်စေချင်တဲ့ စကားလက်ဆောင်လေးတွေ ရှိရင်လည်း ပြောပြပေးပါအုံးရှင်။
မိမိရင်ထဲက ခံစားချက်တွေကို ကဗျာတစ်ပုဒ်ဖြစ်စေ ဝတ္ထုတိုတစ်ပုဒ်ဖြစ်စေ ဖွင့်ဟရေးချပြီးမှ တစ်ခြားသောသူတွေကိုပါ မျှဝေပါလို့ပြောချင်ပါတယ်… ဘာကြောင့်လဲဆိုတော့ မိမိခံရဲ့ချက်တွေလဲ အနည်းငယ် ကွယ်ပျေက်သွားမယ် ဖတ်လိုက်ရတဲ့ သူလဲ မိမိရဲ့ခံစားချက်ကို မျှဝေခံစားလို့ရတယ် အသိပညာတွေကိုလဲ ဆောင်းပါးတစ်ပုဒ်ဖြစ်စေ ရသတစ်ခုဖြစ်စေ ဖော်ထုတ်ပေးပါလို့ ပြောချင်ပါတယ်…


ရွှေမြန်မာဥယျာဉ်က အက်ဒမင်တွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ မောင်လေးအနေနဲ့ လိုအပ်ချက်လေးတွေရှိမယ်ထင်ရင် ပြောပြပေးပါအုံးရှင်။
ပြောပြစရာ မလိုအောင်ကို ကောင်းပါတယ်… အက်ဒမင်တွေလဲ စည်းလုံးညီညွတ်ကျပြီး ဥယျာဉ်ကြီးကို ယခုထက်မက တိုးတက်လှပအောင် ပြုပြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ… (ပေးတဲ့ဆုနဲ့ ပြည့်အောင်ကြိုးစားသွားကြမှာပါ မောင်လေးရေ...)


မောင်လေးရဲ့ ဘ၀မှာ အမြဲတမ်း လက်ကိုင်ထား ကျင့်သုံးနေကြ ဆောင်ပုဒ်လေးရှိရင် ရွှေမိသားစုကြီးလည်း မှတ်သားရအောင် စကားလက်ဆောင်လေးအနေနဲ့ ပြောပြပေးပါအုံးရှင်။
ဟုတ်ကဲ့ ကျွန်တော်မှာကလည်း ညီအကိုမောင်နှမတွေမရှိတော့ သူငယ်ချင်းတွေကိုပဲ ညီအကိုမောင်နှမလို့ ပေါင်းသင်းဆက်ဆံတာပါ… ဆောင်ပုဒ်လေးကတော့ သူငယ်ချင်းနဲ့ပတ်သတ်တဲ့ ဆောင်းပုဒ်လေးပါ ''သူငယ်ချင်းဆိုတာဟာ သာယာသောဟင်းလင်းပြင်ပေါ်မှာ ရင်ခုန်သံ ထပ်တူကျတဲ့ နေရာတစ်ခုပါ… သို့သော် သင့်ရင်ခုန်သံတွေက စည်းချက်မမှန်ခဲ့ရင်တော့ သင်သည် အနာတရ တွေနဲ့အတူ ခံစားမှူလေးတစ်ခုအား လက်ဆောင်အဖြစ် ပေးကမ်းခြင်း ခံရမည်'' (အင်မတန်ကိုမှ မှတ်သားထိုက်တဲ့ စကားလက်ဆောင်လေးတွက် ကျေးဇူးတင်ပါတယ်ရှင်)


ရွှေမြန်မာဥယျာဉ်ဆိုဒ်တည်ထောင်သူ ဥယျာဉ်မှူးလေးလေးကို ဒီအင်တာဗျူးအစီအစဉ်လေးကနေ မောင်လေးအနေနဲ့ အကြံပေးချင်တာလေးများရှိရင် ပြောပြပေးပါအုံးရှင်။
ဟုတ်ကဲ့ လစဉ်ဆုပေးနေတဲ့ ဘာသာရေးဆောင်းပါးတွေ ဆောင်းပါးတွေ ဗဟုသုတတွေစသည့် စာပေတွေရဲ့ လစဉ်ဆုတွေကို ကြည့်သူဦးရေများပြားမှူ ကော်မန်အရေအတွက် များပြားမှူတွေကို ကြည့်ပြီးမှ ရွေးချယ်ပြီးမှ ဆုရွေခြယ်ပေးနေတာကို တွေ့မြင်ရတဲ့အတွက် အခုလိုပြောတာကလဲ အကြံတစ်ခုအနေနဲ့ ပေးခြင်းဖြစ်ပါတယ်… အဲ့လိုပေးတာက နည်းနည်းလေး ကွာဟမှူလေးရှိနေတယ်လို့ ထင်မိတယ်… အဘယ်ကြောင့်ဆိုတော့ ဥပမာ- အခုအင်တာဗျူးမေးနေတဲ့ အမရယ် ကျွန်တော်ရယ်က ဆိုကျပါစို့… ဘာသာရေးဆောင်းပါးတစ်ခုကို ၂ယောက်တူတူ တင်လိုက်တယ်… အမရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက ရွှေထဲမှာများရင်းလဲများမယ်… နည်းရင်လဲနည်းမယ်… ကျွန်တော်လဲ ထိုနည်း၎င်းပဲ အဲ့တော့ သူငယ်ချင်းမိတ်ဆွေ များတဲ့သူက ဖတ်တဲ့သူများသွားမယ်… နောက်ကောမန်များသွားမယ် သူငယ်ချင်းမိတ်ဆွေ နည်းတဲ့သူကတော့ ကြည့်သူနည်းမယ် ကောမန့်လည်းနည်းမယ် … ကျွန်တော်ပြောတာကို သဘောပေါက်မယ်လို့ထင်ပါတယ် … အဲ့တော့စာပေကောင်း တစ်ခုက ကောမန်နည်းလို့ ကြည့်သူဦးရေနည်းလို့ ဆုမရသွားတာတွေလဲ ရှိတယ်… အခုကတော့ ကျွန်တော်မြင်တွေ့ရတာလေးကို အကြံပေးတဲ့အနေနဲ့ ပြောပြတာပါ ထိုကဲ့သို့ ကြည့်သူဦးရေတွေ ကောမန်ဦးရေတွေနဲ့ ကြည့်ပြီး မပေဖို့အကြံပြုတာပါ … ဘာကြောင့်လဲဆိုတော့ စာပေကောင်းတစ်ခုက ကြည့်သူဦးရေကောမန် အရေအတွက်ကြောင့် ဆုမရပဲ တိန်မြုတ်သွားမှာ ကြောက်လို့ပါ… အရေးအသားနဲ့ အသိပညာ ဘယ်လိုပေးစေလဲဆိုတာကို ကြည့်ပြီးပေးစေချင်တာပါ… ဆုဆိုတာကတော့ လူတိုင်းလိုလို ရချင်ကျတဲ့ အရာတစ်ခုပဲလေ… နောက်ပြီးဂုဏ် တစ်ခုပေါ့… ထို့ကြောင့် ကြည့်သူဦးရေ တွေကောမန်အရေအတွက်တွေနဲ့ ကြည့်ပြီး ဆုမပေးဖို့ ဒီအင်တာဗျူးလေးကနေတစ်ဆင့် အကြံပေးပြောပြချင်ပါတယ်… နောက်ပြီးတော့လဲ ဤကဲ့သို့ ပေးတာကလဲ နည်းနည်းလေး လွဲနေတယ်လို့… အံကြံပြုချင်ပါတယ်… မှားတာရှိခဲ့ရင်လဲ ဥယျာဉ်မှူး လေးလေးနဲ့အတူ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးကို တောင်းပန်ပါတယ်ဗျာ (ဝတ္ထုတို မပါ) (ဟုတ်ကဲ့ပါခုလို အစ်မတို့ ဆိုဒ်လေးရဲ့ လိုအပ်ချက်လေးကို စိတ်ရှည်လက်ရှည်နဲ့ ဝေဖန်ပြောကြားအကြံပေးခဲ့တဲ့ မောင်လေးရဲရင့်ရထာကို အစ်မနဲ့အတူ ရွှေမိသားစုကြီးကကျေးဇူးတင်သလို လေးလေးလည်း ရဲရင့်ရထာ ရင်ထဲက ဖြစ်စေချင်တဲ့ဆန္ဒလေးကို ရွှေအင်တာဗျူးလေးကနေတစ်ဆင့် သိရှိသွားမယ်လို့ထင်ပါတယ်ရှင်)


အခုလို ရွှေမြန်မာဥယျာဉ် အင်တာဗျူးကဏ္ဍလေးအတွက် အစ်မမေးမြန်းသမျှကို အခုလို စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးဖြေကြားပေးခဲ့တဲ မောင်လေးရဲရင့်ရထာကို အစ်မနှင့်အတူ ရွှေမိသားစုကြီးအားလုံးမှ ကျေးဇူးအထူး တင်ပါတယ်ရှင်။
ဟုတ်ကဲ့ပါ အခုလို အင်တာဗျူးလေးတွေ မေးပေးသွားတဲ့ အမတောသူမလေးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်… နောက် ရွှေမြန်မာဥယျာဉ်ထဲက တာဝန်ရှိသူအက်ဒမင်များနှင့်အတူ ဥယျာဉ်သူ/သားတွေကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ…




ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် မောင်လေးရဲရင့်ရထာနဲ့ တောသူမလေးတို့ရဲ့ ရွှေအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။



ရွှေမိသားစုကြီးအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


No comments:
Post a Comment