ဗုဒ္ဓမန္တန် ပရိတ်ဒေသနာတော်များးကို နေ့အလိုက် သတ်မှတ်လျက် တနင်္ဂနွေနေ့မှသည် စနေနေ့တိုင်အောင် အလှည့်ကျရွတ်ဆိုသော အစီအစဉ် တစ်ရပ်ကိုလည်း ရှေးဆရာမြတ်တို့ သတ်မှတ် ထားခဲ့ဖူးလေသည်။
အဖွဲ့အစည်းအလိုက် ၀တ်အသင်းများက အခါအားလျော်စွာ စုစုပေါင်း ရွတ်ဆိုကြရာ၌ ရွတ်ဆိုရသော နေရာနှင့် ရွတ်ဆိုရခြင်း၏ မှုလ အဓိက အကြောင်းရင်းကို လိုက်၍ သုတ်တော်အနည်းအများကို အလျဉ်သင့်အောင် စီစဉ် ရွတ်ဆိုကြရမြဲဖြစ်သည်။
အဖွဲ့အစည်းအလိုက် ၀တ်အသင်းများက အခါအားလျော်စွာ စုစုပေါင်း ရွတ်ဆိုကြရာ၌ ရွတ်ဆိုရသော နေရာနှင့် ရွတ်ဆိုရခြင်း၏ မှုလ အဓိက အကြောင်းရင်းကို လိုက်၍ သုတ်တော်အနည်းအများကို အလျဉ်သင့်အောင် စီစဉ် ရွတ်ဆိုကြရမြဲဖြစ်သည်။
တစ်ဦးတစ်ယောက်တည်း မိမိဘာသာနေအိမ်မှာ ရွတ်ဆိုကြသူများသား နေ့အလိုက် သတ်မှတ်ရွတ်ဆိုခြင်းကို သုံးစွဲကြရန်ဖြစ်သည်။ ပရိတ်တော်ကို နေအလိုက် ရွတ်ဆိုရန် ရှေးဆရာတို့ စီစဉ်ခဲ့ပုံမှာ -
၁။ တနင်္ဂနွေနေ့တွင် = သမန္တာမှစ၍ မင်္ဂလသုတ်အကုန်ထိ၊
၂။ တနလာင်္နေ့တွင် = ရတနသုတ်၊
၃။ အင်္ဂါနေ့တွင် = မေတ္တသုတ်
၎။ ဗုဒ္ဓဟူးနေ့တွင် = ခန္တသုတ်၊ မောရသုတ်၊ ၀ဋသုတ်၊
၅။ ကြာသပတေးနေ့တါင် = ဓဇဂ္ဂသုတ်၊
၆။ သောကြာနေ့တွင် = အာဋာနဋိယသုတ်၊
၇။ စနေနေ့တွင် = အင်္ဂုလိမာလသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ဗုဗ္ဗဏှသုတ်။
ပရိတ်တော်များနေ့အလိုက်ရွတ်ဆိုပြီတိုင် မေတ္တာပို့ရမည် အမျှဝေရမည်။
အချို့က တနင်္ဂနွေ ပရိတ်တစ်သုတ်မှ သုံးသုတ်ထိ ရွတ်၍ မေတ္တာပို့ အမျှဝေသည်။
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ပရိတ်တော်တစ်သုတ် လက်ကျန်ကို ရွတ်၍ အခြားပရိတ်များကို ရွတ်ဖတ်ကြသည်။ ဒေသအလိုက်၊ အသင်းအဖွဲ့အလိုက် မိမိတို့ သဘောတူ ညီညွတ်သလို ရွတ်ဆိုကြသည်။
ဗုဒ္ဓ၏မုက္ခပါဌ်ပါဠိတော် ဒေသနာများသည် ဘယ်နေ့ ဘယ်အချိန်ပဲ ရွတ်ရွတ် လွတ်လပ်သလို ပြုလုပ်သည်နှင့် တပါတည်း ပြုလုပ်သူကို အကျိုးပေးသဖြင့် မည်သည့်နေ့ဟု သတ်မှတ်ပြဌာန်းသော ဥပဒေသမရှိ “၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” ဟူသော အဆုံးအမအရ ထာဝရ အချိန်တိုင်း ဒေသနာ အဆုံးအမ တစ်ခုခုကို သက်ဝင်နေခြင်းသည်သာ ပဓာနဖြစ်သည်။
ဌာန် - သိ - မေတ္တာ၊ ရွတ်သူမှာ၊
ယုံ - သိ - ကံကွာ၊ နာသူမှာ၊
သုံးစီအင်္ဂါ၊ မှတ်ကုန်ပါ။
ယုံ - သိ - ကံကွာ၊ နာသူမှာ၊
သုံးစီအင်္ဂါ၊ မှတ်ကုန်ပါ။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment