“သိင်္ဂါလောဝါဒသုတ်ထွက် ကျင့်ဝတ်များ” တွင်ပါသော ကျင့်ဝတ်များသည် ဆရာတော် ဦးဗုဓ်၏ ၀ိဟိဝိနယ ဆုံးမစာများဖြစ်ပါသည်။ ကျန်ရှိသော ကျင့်ဝတ်များကို ဤနေရာ ၀ိဟိဝိနယ ဆုံးမစာ၌ ဖြည့်စွက်ထည့်သွင်းလိုက်ပါသည်။
အကျဉ်းပြဥဒ္ဒေသ
(၁) သူ့သက်သတ်က၊ စသည့်လိမ်ကျံ၊ ကံကိလေသာ၊ လေးဖြာပယ်ဘိ၊ အဂတိဟု၊ မပြုလေးဖြာ၊ ဥစ္စာကုန်ပျောက်၊ သေသောက်ခြင်းက၊ စသည့်ခြောက်လီ၊ မမှီဝဲမူ၊ ဆယ့်လေးခုမူ၊ ပြုကြ ကင်းလပ်၊ ခြောက်ရပ် မျက်နှာ၊ ဖုံးလွှမ်းကာလျှင်။ ။ သေခါနတ်ပြည် ရောက်လိမ့်မည်။
(၂) ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ လွန်ကျူးမှားသော်။ ။မပွားလရောင် ဆုတ်ယောင်သောဝ်။(၃) ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ မလွန်ငြားသော်။ ။တိုးပွားလရောင် ပြည့်ယောင်သောဝ်။
(၄) မွေးတုံမွေးပြု၊ ဆောင်မူကြီးငယ်၊ မျိုးနွယ်တည်စေ၊ မွေထိုက်ကျင့်ဟန်၊ သေလွန်ကောင်းမူ၊ ပြု၍ဝေငြား။
(၅) မကောင်းမြစ်ထာ၊ ကောင်းရာသွင်းပေ၊ သင်စေအတတ်၊ လျောက်ပတ်မယား၊ ထိမ်းမြားချိန်ခါ၊ ဥစ္စာအတတ်၊ လျောက်ပတ်မယား၊ ထိမ်းမြားချိန်ခါ၊ ဥစ္စာအမွေ ချိန်တန်ဝေးသည်။ ။ငါးထွေမိဘ-ကျင့်ဝတ်တည်း။
(၆) ခရီးဦးကြို၊ ဆိုသည့်ဓလေ့၊ တစ်နေ့သုံးခါ၊ ကပ်လှာမြဲတည်၊ ယုံကြည်နာယူ၊ ရေဒန်ပူက၊ စသည်လုပ်ကျွေး၊ ကျင့်ရေးကောင်းပေ၊ ရိုသေသင်ကြား၊ ဤငါးပါးကား။ ။မမှားတပည့် ကျင့်ဝတ်တည်း။
(၇) ဆုံးမကောင်းဝေ၊ သင်စေကောင်းမွန်၊ မကျန်းကြားထွေ၊ မိတ်ဆွေစေ့စပ်၊ အရပ်စောင့်ငြား၊ ဤငါးပါးကား။ ။ခေါင်ဖျားဆရာ ကျင့်ဝတ်တည်း။
(၈) မည်ခေါ်နာအီ၊ မထီမဲ့မြင်၊ ပြုကျင်မဲ့တွန်၊ ကျူးလွန်ကျင့်ကင်း၊ ဆောင်နှင်းခန်းဝါ၊ တန်ဆာဆင်ယင်၊ ဤငါးအင်။ ။လင်တို့ကျင့်ရိုး-တံထွာတည်း။
(၉) စီမံမူခင်း၊ သင်္ဂြိုဟ်မျိုးမှန်၊ လွန်မကျင့်ရာ၊ ဥစ္စာစောင့်ခြင်း၊ မပျင်းမူမှာ၊ ဤငါးဖြာကား။ သည်းလျာ ဇနီး၊ ကျင့်ဝတ်တည်း။
(၁၀) ပေးကမ်းလိုမယ်၊ ချစ်ဖွယ်ဆိုငြား၊ စီးပွားကျင့်မူ၊ ကိုယ်တူပြုခြင်း၊ ချွတ်ယွင်းမဲ့စေ ဤငါးထွေကား။ ။ကြင်ဆွေတို့အား-ကျင့်ဝတ်တည်း။
(၁၁) မေ့လျော့စောင်လှာ၊ ဥစ္စာစောင့်ရှောက်၊ ကြောက်တန့်ပယ်လေ့၊ ဘေးတွေ့မစွန့်၊ ဆက်ညွန့် သားမြေး၊ မြတ်လေးပူဇော်၊ ဤငါးဖော်ကား။ ။ညီလျော်တို့လမ်း-ကျင့်ဝတ်တည်း။
(၁၂) အားလျော်မူခင်း၊ ထမင်းရိက္ခာ၊ ပေးရာတရေး၊ လုပ်ကျွေးဖျားနာ၊ ရသာဝေဖန်၊ ချိန်တန်လွှတ်ထား၊ ဤငါးပါးကား။ ။ကျွန်အားအရှင်-ကျင့်ဝတ်တည်း။
(၁၃) ရှေးဦးစွာထ၊ နောက်မှအိပ်ရေး၊ ပေးမှယူရာ၊ ကောင်းစွာပြုခြင်း၊ သီတင်းဆောက်တည်၊ ဤငါးမည် ကား။ ။စဉ်ရှည်ကျွန်တို့-ကျင့်ရိုးတည်း။
(၁၄) ကိုယ်နူတ်စိတ်မှာ၊ မေတ္တာရှိငြား၊ တံခါးဖွင့်ခြင်း၊ ဆွမ်းဟင်းရေစာ၊ ပေးလှူသာလျှင်။ ။ဒကာကျင့်ဝတ် ငါးပါးတည်း။
(၁၅) မကောင်းမြစ်ထာ, ကောင်းရာသွင်းကြောင်း, ကောင်းစိတ်သနား, မကြားစတောင်း, ထုံးကောင်းကြားသိ, ကြားမိသင်စေ, နတ်ပြည်ညွှန်လမ်း, ဤခြောက်ခန်းကား။ ။ရဟန်းပုဏ္ဏား-ကျင့်ရိုးတည်း။
ဝိဟိဝိနယ ဆုံးမစာပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment