အသေ၀နာစ ဗာလာနံဟူသောပုဒ်၌(၃-ပါး)
၁။ သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်း တစ်ပါး။
၂။ ပညာရှိသော သူတို့ကို မှီဝဲဆည်းကပ်ရခြင်းလည်း တစ်ပါး။
၃။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်းလည်း တစ်ပါး။
ပတိရူပဒေသ၀ါသောစ ဟူသောပုဒ်၌(၃-ပါး)
၁။ တင့်အပ်လျောက်ပတ်သောအရပ်၌ နေရခြင်းသည်လည်း တစ်ပါး။
၂။ ရှေးရှေးသော ကိုယ်၏ အဖြစ်၌ ပြုအပ်သော ကောင်းမူရှိသောသူ၏ အဖြစ်လည်း တစ်ပါး၊
၃။ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ရခြင်းလည်း တစ်ပါး။
ဗာဟုဿစ္စဉ္စ ဟူသောပုဒ်၌(၄-ပါး)
၁။ အကြားအမြင် များသောသူ၏ အဖြစ်လည်း တစ်ပါး။
၂။ အပြစ်မရှိသော အတတ်တို့ကို တတ်ရခြင်းလည်း တစ်ပါး။
၃။ ကောင်းစွာသင်အပ်သော ၀ိနည်းတရားလည်း တစ်ပါး။
၎။ ကောင်းစွာဆိုအပ်သော စကားလည်း တစ်ပါး။
မာတာပိတု ဥပဋ္ဌာနံဟူသောပုဒ်၌(၃-ပါး)
၁။ အမိအဘတို့ကို လုပ်ကျွေးမွေးမြူရခြင်းလည်း တစ်ပါး။
၂။ သားမယားတို့အား သင်္ဂြိုလ် ထောက်ပံ့ရခြင်းလည်း တစ်ပါး။
၃။ အနှောင့်အယှက် မရှိသော အမူလည်း တစ်ပါး။
ဒါနဉ္စ ဓမ္မစရိယာဟူသောပုဒ်၌(၄-ပါး)
၁။ အလှူပေးရခြင်းလည်း တစ်ပါး။
၂။ တရားတော်နှင့်အညီ ကျင့်ရခြင်းလည်း တစ်ပါး။
၃။ အဆွေအမျိုးတို့အား သင်္ဂြိုလ် ထောက်ပံ့ရခြင်းလည်း တစ်ပါး။
၎။ အပြစ်မရှိသော အမူလည်း တစ်ပါး။
အာရတီ ၀ိရတီဟူသောပုဒ်၌(၄-ပါး)
၁။ မကောင်းမူကို ဝေးစွာရှောင်ကြဉ်ရခြင်းလည်း တစ်ပါး။
၂။ မကောင်းမူကို အထူးသဖြင့် ကြဉ်ရှောင်ရခြင်းလည်း တစ်ပါး။
၃။ သေအရက်ကို သောက်ခြင်းမှ ကောင်းစွာကြဉ်ရှောင်ရခြင်းလည်း တစ်ပါး။
၎။ တရားတော်ကို မမေ့မလျော့ရခြင်းလည်း တစ်ပါး။
ဂါရဝေါစ နိဝါတောစဟူသောပုဒ်၌(၅-ပါး)
၁။ ရိုသေအပ်သော သူတို့ကို ရိုသေရခြင်းလည်း တစ်ပါး။
၂။ မိမိကိုယ်ကို နှိမ့်ချရခြင်းလည်း တစ်ပါး။
၃။ ရောင့်ရဲလွယ်ရခြင်းလည်း တစ်ပါး။
၎။ သူ့ကျေးဇူးကို သိရခြင်းလည်း တစ်ပါး။
၅။ လျောက်ပတ်သော အခါ၌ တရားတော်ကို နာရခြင်းလည်း တစ်ပါး။
ခန္တီစ သောဝစဿတာဟူသောပုဒ်၌(၄-ပါး)
၁။ သည်းခံရခြင်းလည်း တစ်ပါး။
၂။ သူတော်ကောင်းတို့ ဆုံးမရာ လိုက်နာလွယ်ရခြင်းလည်း တစ်ပါး။
၃။ ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ရခြင်းလည်း တစ်ပါး။
၎။ လျောက်ပတ်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းရခြင်းလည်း တစ်ပါး။
တပေါစ ဗြဟ္မစရိယဉ္စဟူသောပုဒ်၌ (၄-ပါး)
၁။ ခြိုးခြံစွာ ကျင့်ရခြင်းလည်း တစ်ပါး။
၂။ မြတ်သောအကျင့်ကို ကျင့်ရခြင်းလည်း တစ်ပါး။
၃။ အရိယသစ္စာ တရားတို့ကို သိမြင်ရခြင်းလည်း တစ်ပါး။
၎။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းလည်း တစ်ပါး။
ဖုဋ္ဌဿ လောကဓမ္မေဟိဟူသောပုဒ်၌ (၄-ပါး)
၁။ လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံငြားသော်လည်း ရဟန္တာပုဂ္ဂိုလ်၏စိတ်သည် တုန်လူပ်ခြင်းမရှိသည်လည်း တစ်ပါး။
၂။ စိုးရိမ်ခြင်းမရှိသည်လည်း တစ်ပါး။
၃။ ရမ္မက်ဟူသော မြူကင်းခြင်းသည်လည်း တစ်ပါး။
၎။ ဘေးမရှိခြင်းသည်လည်း တစ်ပါး။
မင်္ဂလာတရားတော် ကောက်နုတ်ချက် ပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment