“ရုပရုပ်ဝါ၊ ငယ်သောခါနှင့်၊ ဇရာလောင်ဟုပ်၊ ဤကြီး ရုပ်ကို၊ လက်ဆုပ်ဖြန့်ဖြေ၊ ရူဦးချေလော့၊ ကိလေနောက်ဆူး၊ သင်ပျော်မြူး၍၊ မူးတူးမင်ထင်၊ သိမမြင်ခဲ့၊ နေ့သွင်မဆိုင်း၊ ခဏတိုင်းဖြင့်၊ နှင်းစိုင်းမွေ့ညက်၊ မရေတွက်နိုင်၊ ဖြစ်ပျက်မဆုံ၊ ဖြစ်တုံပျက်စု၊ ဖောက်ပြန်မူကို၊ မရူစအား၊ ပျော်မူများ၍၊ ထင်ရှားသို့စင်၊ သူမထင်ခဲ့၊ အကြင်လူ့ရွာ၊ လူတကာတို့၊ ပညာသတိ၊ ကင်းလွတ်ဘိလျက်၊ မိမိတဏှာ၊ အ၀ိဇ္ဇာမျိုး၊ အိုတိုင်းတိုး၏၊
အရိုးသာရင့်၊ ဉာဏ်မပွင့်ဘူး၊ သေမင်းစစ်အင်၊ ကိုယ်တွင်းဝင်၍၊ ခုပင်အပြင်း၊ ရောက်လာလျှင်းပြီး၊ ဆင်မြင်း ရထား၊ ဗိုလ်ပါအားဖြင့်၊ ပြား၍ပြိုင်ထိုး၊ တံစိုးငွေကြေး၊ တောင်ရှိပေးလည်း၊ အရေးမသာ၊ အောင်ရာမရှိ၊ ဇာတိမစစ်၊ သေမင်းညစ်နှင့်၊ မိတ်ချစ်ဖွဲ့ငှာ၊ မတတ်ရာခဲ့၊ အာဏာတန်ခိုး၊ အမျိုးကျော်ထင်၊ ဘယ်ဘုရင်နှင့်၊ ရှင်က-လူက၊ မနေရတည့်၊ လက်စတင်းလင်း၊ တစ်ပိုင်းကြွင်းဖြင့်၊ မငြင်းနိုင်စွာ၊ အပြင်းပါလိမ့်၊ မကြာဆောလျင်၊ သေမင်းငင်အံ့၊ အပြင်အလျာ၊ ငယ်ရုပ်ဝါနှင့်၊ ပဇာတူရေး၊ ရှိသေးသနည်း၊ အချည်းသက်သက်၊ ကြာနေပျက်သို့၊ ပျက်ခဲ့ ဤကိုယ်၊ ဟောင်းရွတ်ယို၏၊ မီးလိုရှင်ရှင်၊ တောက်မမြင်လည်း၊ အသွင်အဆင်း၊ ဖောက်ယွင်း ညှိုသွေး၊ တမွေ့မွေ့လျှင်၊ အငွေ့မငြိမ်း၊ ရှိန်းရှိန်းပြိုက်ပြိုက်၊ နေ့တိုင်းမြှိုက်၏၊ ခေါင်း၌ဦးဦ၊ ဤဆံဖြူဖြင့်၊ ခုမူမကြာ သင့်ခန္ဓာကိုယ်၊ သေစာချသွင်း၊ သေစာရင်းနှင့်၊ သေမင်း မှတ်လာပြီးတကား။(မဃဒေ၀လင်္ကာသစ် - အတ္တစိန္တာန်ခန်းမှ)။
No comments:
Post a Comment