ဗုဒ္ဓရှင်တော်ဘုရား၏ ပရိတ်ဒေသနာတော်များသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ၀င်စံတော်မှုပြီးနောက် ဗုဒ္ဓကိုယ်စား ထားခဲ့သော အဆုံးအမတော်များ ဖြစ်သဖြင့် ကြည်ညိုဖွယ် ဖြစ်အောင် ရွတ်ဖတ်မှသာ လေးစားရာ ရောက်ပေမည်။
ထို့ကြောင့် ပရိတ်တော် ဒေသနာကို ရွတ်ဖတ်သရဇ္ဈာယ်မည့် ပုဂ္ဂိုလ်များသည် အောက်ပါ အချက်အလက်များကို လိုက်နာသင့်ပေသည်။
ထို့ကြောင့် ပရိတ်တော် ဒေသနာကို ရွတ်ဖတ်သရဇ္ဈာယ်မည့် ပုဂ္ဂိုလ်များသည် အောက်ပါ အချက်အလက်များကို လိုက်နာသင့်ပေသည်။
(၁)ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ ရေချိုးခြင်း၊
(၂) လျှော်ဖွပ်ပြီး သန့်ပြန့်သော အ၀တ်ကို ၀တ်ဆင်ခြင်း၊
(၃) ၀မ်းဗိုက်တောင့်တင်း မအောင့်အင်းစေရန် သင့်တင်ရုံမျှသာ စားသောက်ထားခြင်း၊
(၄) ပတ်ဝန်းကျင် ဆူညံမှု မဖြစ်ရန် စီစဉ်ထားခြင်း၊
(၅) ရွတ်ဖတ်မည့် နေရာ သန့်ရှင်းစွာ သုတ်သင်ထားခြင်းတို့ ဖြစ်စေသင့်ပေသည်။
ဤကဲ့သို့ သန့်ပြန့်စွာ စီစဉ်ထားသော နေရာတွင် သန့်ရှင်းစင်ကြယ်စွာ ရေချိုး၊ သန့်ပြန့်စွာဝတ်ဆင်ထားသော ခန္ဓာကိုယ်ဖြင့် မြတ်စွာဘုရားကို အာရုံပြု ရွတ်ဖတ်သင့်သည်။
ဗုဒ္ဓရုပ်ပွားတော်နှင့်လည်း မနီးလွန်း မဝေးလွန်းသော နေရာဖြစ်သင့်သည်။
ပရိတ်ရွတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ(၃)ရပ်ကိုလည်း ရှေးဆရာကြီးများ၏ ကျမ်းအသီးသီးတို့တွင် ပြဆိုထားပေသည်။ ထိုအင်္ဂါ(၃)ရပ်မှာ -
၁။ ပရိတ်တော်၏ ပါဠိအက္ခရာများကို စနစ်တကျ အသံထွက် ပီပြင်အောင် ဌာန်၊ ကရိုဏ်းကျကျရွတ်ဖတ်တတ်ခြင်း၊
၂။ မိမိရွတ်ဖတ်သော ပရိတ်တော်ပေါ်၌ ယုံကြည်မှုရှိခြင်း၊ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ကောင်းစွာ သိရှိနားလည်ခြင်း၊
၃။ မိမိ ပရိတ်ဒေသနာ ကြားနာသူတို့အပေါ်၌ မေတ္တာ၊ ကရုဏာ အပြည့်အ၀ဖြင့် လာဘ်လာဘကို မငဲ့ကွက်ဘဲ ရွတ်ဖတ်ခြင်း စသည်တို့နှင့် ပြည့်စုံရမည် ဖြစ်လေသည်။ ထိုအင်္ဂါရပ်များနှင့် ညီညွတ်စွာ ရွတ်ဖတ်ပါက များစွာသော ကောင်းကျိုး အမျိုးမျိုးတို့ကို ရရှိနိုင်လေသည်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment