ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 January 2013

ခန္ဓသုတ်တော်ဝတ္ထုဖြစ်စဉ် ပါဠိတော် အနက် အကျိုးသွား

ခန္ဓသုတ်တော် ၀တ္ထုဖြစ်စဉ်
သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မှုကြသော ရဟန်းတော်များအနက် တစ်ညဥ့်တွင် ရဟန်းတစ်ပါးကို မြွေခဲ၍ ပျံလွန်တော်မှုလေသည်။ ယင်းအကြောင်းကို မြတ်စွာဘုရား သိရှိတော်မှုလေသော် ၀ိရူပက္ခ - စသော မြွေ ၄-မျိုးကို မေတ္တာပို့သော ခန္ဓသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် အဆိပ်ရှိသော သတ္တ၀ါမှန်သမျှ မကိုက်ခဲကြကုန်-ဟု မိန့်တော်မှုကာ မခန္ဓသုတ်တော်ကို ဟောတော်မှု လေသည်။


၎ - ခန္ဓသုတ်ပါဠိ
၅၈။ သဗ္ဗာသီဝိလ ဇာတီနံ၊ 

ဒိဗ္ဗမန္ထာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ၊

သေသဉ္စာပိ ပရိဿယံ။

၅၉။ အာဏာ-က္ခေတ္တမှိ သဗ္ဗတ္ထ၊ 

သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ 

ပရိတ္ထံ တံ ဘဏာမ ဟေ။

၆၀။ ၀ိရူပက္ခေဟိ မေ မေတ္တံ၊
မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊
မေတ္တံ ကဏှာဂေါတမ ကေဟိ စ။

၆၁။ အ-ပါဒကေဟိ မေ မေတ္တံ၊ 

မေတ္တံ ဒွိပါဒကေ ဟိမေ။
စတု-ပ္ပဒေဟိ မေ မေတ္တံ၊

မေတ္တံ ဗဟုပ္ပဒေဟိ မေ။

၆၂။ မာ မံ အ-ပါဒကော ဟိံ သိ၊ 

မာ မံ ဟိံ သိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံ သိ၊ 

မာ မံ ဟိံ သိ ဗဟုပ္ပဒေါ။

၆၃။ သဗ္ဗေ သတ္တာ သဗ္ဗပါဏာ၊
သဗ္ဗေ ဘူတာ စ ကေ၀လာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊
မာ ကဉ္စိ ပါပ မာဂမာ။

၆၄။ အပ္ပမာဏော ဗုဒ္ဓေါ၊ 

အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ 

ပမာဏ၀န္တာနိ သရီသပါနိ။
အဟိ ၀ိစိ ၦကာ သတပဒီ၊ 

ဥဏၰ-နာဘီ သရဗူ မႈသိကာ။

၆၅။ ကတာ မေ ရက္ခာ, ကတံ မေ ပရိတ္တံ၊
ပဋိက္ကမန္တု ဘူတာနိ။
သော ဟံ နမော ဘဂ၀တော၊
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။


ခန္ဓသုတ္တံ နိဌိတံ။


၎။ ခန္ဓသုတ် အနက်
၅၈-၅၉။ သဗ္ဗာသီ ၀ိသဇာတီနံ၊ ခပ်သိမ်းသော အဆိပ် လျင်သော မြွေလေးပါးတို့၏။ ဃောရံ၊ ပြင်းစွာသော။ ၀ိသံ-အဆိပ်ကို။ ဒိဗ္ဗမန္တာဂဒံဝိယ၊ နတ်၌ဖြစ်သော ဆေးမန္တရားကဲ့သို့။ ယံ၊ အကြင်ခန္ဓ ပရိတ်သည်။ နာသေတိ၊ ဖျောက်တတ်၏။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော။ အာဏာခေတ္တမှိ၊ အာဏာခေတ်ဖြစ်သော ကုဋေတစ်သိန်းသော စကြ၀ဠာ၌။ သဗ္ဗပါဏီနံ၊ ခပ်သိမ်းသော သတ္တ၀ါတို့၏။ သေသံ၊ မြွေဆိပ်မူ ကြွင်းသော။ ပရိသ ယဉ္စပိ၊ ခပ်သိမ်းသော အပြားအားဖြင့်လည်း။ နိဝါ ရေတိ၊ ဖြစ်တတ်၏။ တံပရိတ္တံ၊ ထိုခန္ဓသုတ်တော်ကို။ ဟေ၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။

၆၀။ ၀ိရူပက္ခေဟိ၊ ၀ိရူပက္ခ နဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်း သည်။ ဟောတု၊ ဖြစ်စေသတည်း။ ဧရာပထေဟိ၊ ဧရာပထနဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ အဗျာပုတ္တေဟိ၊ ဆဗျာပုတ္တနဂါးမင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ကဏှာဂေါတမ ကေဟိစ၊ ကဏှာဂေါတမ နဂါးမင်းတို့နှင့်လည်း။ သဒ္ဓိံ၊ တကွ၊ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေ သတည်း။

၆၁။ အပါဒကေဟိ၊ အခြေမရှိသော သတ္တ၀ါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်း သည်။ ဟောတု၊ ဖြစ်စေသတည်း။ ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ စတုပ္ပဒေဟိ၊ အခြေလေးခုရှိသော သတ္တ၀ါတို့နှင့်။ သဒ္ဓိံ၊ တကွ၊ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဗဟုပ္ပဒေဟိ၊ များသော အခြေရှိသော သတ္တ၀ါတို့နှင့်။ သဒ္ဓိံ၊ တကွ။ မေ၊ ငါ၏။ မေတ္တံ၊ ချစ်ခြင်း သည်။ ဟောတု၊ ဖြစ်စေသတည်း။

၆၂။ မံ၊ ငါ့ကို။ အပါဒကော၊ အခြေမရှိသော သတ္တ၀ါသည်။ မဟိံသိ၊ မညှဉ်းဆဲစေသတည်း။ မံ၊ ငါ့ကို။ ဒွိပါဒကော၊ အခြေနှစ်ခုရှိသော သတ္တ၀ါသည်။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ မံ၊ ငါ့ကို။ စတုပ္ပဒေါ၊ အခြေလေးခုရှိသော သတ္တ၀ါသည်။ မာဟိံသိ၊ မညှဉ်းဆဲစေသတည်း။ မံ၊ ငါ့ကို။ ဗဟုပ္ပဒေါ၊ များသော အခြေရှိသော သတ္တ၀ါသည်။ မာဟိံသိ၊ မညဉ်းဆဲစေသတည်း။

၆၃။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တ၀ါတို့သည် လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏာ၊ ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါတို့သည် လည်းကောင်း။ ကေ၀လာ၊ အကြွင်းမရှိကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘူတာစ၊ ထင်ရှားဖြစ်သော သတ္တ၀ါတို့သည်လည်းကောင်း။ သဗ္ဗေသဗ္ဗာနိ၊ ခပ်သိမ်းကုန်သော။ ဘဒြာနိ၊ ကောင်းမြတ်သော အမြင်တို့ကို။ ပဿန္တု၊ မြင်စေကုန်သတည်း။ ကိဉ္စိ၊ တစိုးတစိမျှ။ ပါပံ၊ မကောင်းမူသို့။ မာအာဂမာ၊ မရောက်စေကုန်သတည်း။

၆၄။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အပ္ပမာဏော၊ နိုးယှဉ်ကြောင်းဖြစ်သော ကိလေသာမရှိ။ ဓမ္မော၊ တရားတော်သည်။ အပ္ပမာဏော၊ နိုင်းယှဉ်ကြောင်းဖြစ်သော ကိလေသာ မရှိ။ သံဃော၊ သံဃာတော်သည်။ အပ္ပမာဏော၊ နိုင်းယှဉ်ကြောင်း ဖြစ်သော ကိလေသာမရှိ။ သရီသပါနိ၊ ကင်း, သန်းတို့သည်လည်းကောင်း။ အဟိ၊ မြွေသည်လည်းကောင်း။ ၀ိစ္ဆိကာ၊ ကင်း ပုစွန်သည် လည်းကောင်း။ သတပဒီ၊ ကင်းခြေများသည် လည်းကောင်း။ ဥဏ္ဏနာဘီ၊ ပင့်ကူသည် လည်းကောင်း။ (ပင့်ကူနက်လည်းဟူ)။ သရဗူ၊ တက်တူသည်လည်းကောင်း။ (အိမ်မြှောင်လည်းဟူ)။ မူသိကာ၊ ကြွက်သည်လည်းကောင်း။ ပမာဏ ၀န္တာနိ၊ နိုင်းယှဉ်ကြောင်း ဖြစ်သော ကိလေသာရှိကုန်၏။ဒ

၆၅။ မေ၊ ငါသည်။ ရက္ခာ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ ငါသည်။ ပရိတ္တံ၊ အရံအတားကို။ ကတံ၊ ပြုအပ်ပြီ။ ဘူတာနိ၊ သတ္တ၀ါတို့သည်။ ပဋိက္ကမန္တု၊ ဖဲလေကုန်လော့။ သောအဟံ၊ ထိုငါသည်။ ဘဂ၀တော၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။ သတ္တန္နံ၊ ခုနဓှစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ၀ိပဿီ အစရှိသော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးပါ၏။

ခန္ဓသုတ္တံ၊ ခန္ဓသုတ် ပရိတ်တော်သည်။

နိဋ္ဌိတံ၊ ပြီးပြီ။
 

ခန္ဓသုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး
ခန္ဓသုတ်တော်ကို အမြဲသရဇ္ဈာယ်သူတို့မှာ မြွေ၊ ကင်းမှ စ၍ တောရိုင်းတိရစ္ဆာန်များ ကိုက်ခဲခြင်း၊ ရန်မှုခြင်းဘေးမှ ကင်းဝေးကြလျက် အဆိပ်သင့်ခြင်းဘေးမှလည်း ကင်းဝေးစေလေသည်။


အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ကိုးကား

သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်

           

No comments:

Post a Comment