၁။ ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
၂။ တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
၃။ ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
၎။ သူတစ်ပါးပြောတာကို စိတ်ပါလက်ပါအာရုံစိုက်ပြီး နားထောင်ခြင်းဖြင့် သူ့အပေါ်သင့်ရဲ့ ချစ်ခင်လေးစားမှုကို ပြရာရောက်ပါတယ်။
၅။ စိတ်ကျေနပ်မှုအစစ်ဆိုသည်မှာ အားလုံးအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသောအလုပ်ကို သစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှ ရနိုင်ပါတယ်။
ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို လုပ်နေရုံနဲ့ မရနိုင်ပါဘူး။
၆။ ပါးစပ်က ဘာပြောပြောနောက်ဆုံးမှာ သဘောထားကပဲ အဆုံးအဖြတ်ပေးပါတယ်။ ပါစပ်ကညာလို့ရတယ်၊ သဘောထားက ညာလို့မရဘူး။
၇။ ချစ်စရာကောင်းတာလည်း သဘောထားကြောင့်ပဲ။ ဘ၀မှာရေရှည်အဆင်ပြေဖို့ အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါပဲ။
No comments:
Post a Comment