အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့အသိပေးတင်ပြလိုက်ပါတယ်။ ယခုပြုလုပ်တဲ့အလှုအတွက် ပါဝင်စုပေါင်းထောက်ပံ့ကြသော သူငယ်ချင်းမိတ်ဆွေ အလှုရှင်များအားလုံးကို မောင်(စွယ်စုံကျမ်း) မှ ကျေးဇူးအထူး တင်ရှိရပါကြောင်း ပြောကြားပါတယ်။ စိတ်ကူးလိုက်တဲ့ အစီစဉ်လေး ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ အတိုင်းမသိ ၀မ်းမြောက်ပီတိ ဖြစ်ရပါတယ်။ ဒုတိယအကြိမ်မြောက် ၀က်ဆိုဒ်အလှု ပြီးသွားလို့လက်ထဲမှာ ပိုနေတဲ့ ငွေတွေ ကျန်ရှိနေပါသေးတယ်။ အဲ့တာတွေကို မြန်မာပြည်က မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာတစ်ခုခုကို လှုကြမယ်လို့ စိတ်ကူးထားပါ။ မလှုဖြစ်သေးတာက အလှုလုပ်မယ့်နေရာကို ရှာဖွေနေဆဲမလို့ အန်တီတင့် နဲ့တိုင်ပင်ပီး တကယ်လိုအပ်တဲ့ လှုတဲ့သူ ရှားပါးတဲ့ နေရာတစ်ခုခုကို လိုက်ရှာနေပါတယ်။ တွေ့ပီဆိုတာနဲ့ပိုက်ဆံ ထပ်စုပီး လှုမယ်လို့ စိတ်ကူးထားသလို အခုအလှုလေးကစပီး အွန်လိုင်းပရဟိတအဖွဲ့လေး လုပ်ပါလားလို့ပြောလာတဲ့သူ အကြံပေးလာတဲ့ သူငယ်ချင်းတွေ ရှိပါတယ် အဲ့ကြောင့် အဖွဲ့လေး လုပ်ပီး သင့်သလို စုပေါင်းလှုမလား ဒီတိုင်းပဲ ပိုငွေ 4သိန်းကျော်ကို လှုလိုက်မလား စဉ်းစားနေကြဆဲပါ။ တိုင်ပင်နေကြဆဲပါ၊ အဖွဲ့တစ်ခုဆိုရင် ဦးဆောင်မယ့်သူတွေ တာဝန်ယူမယ်သူတွေ အများကြီးလိုပါတယ်။ ပြီးတော့ လစဉ်စုကြေးလေးတွေ လုပ်ပီး များလာတဲ့အခါမှာမှ အွန်လိုင်းပရဟိတ အဖွဲ့နာမည်လေးနဲ့ သတ်သတ်မှတ်မှတ် လှုကြမလားဆိုတာကို တိုင်ပင်နေဆဲပါ။ ကျနော်ကိုယ်တိုင်လည်း စဉ်စားနေရဆဲပါ။ ဘာလို့လည်းဆိုရင် မြန်မာပြည်ပြန်ဖို့နဲ့ တခြားလုပ်စရာလေးတွေကြောင့် ရေရှည်မစည်းရုံးနိုင်မှာလည်း စိတ်ပူမိတယ် ။အဖွဲတစ်ခုလုပ်ပီဆိုရင် အောင်မြင်အောင်ပဲ လုပ်ချင်တယ် အမာခံလူအတော်များများ ရှိနေပြီမို့ အဖွဲ့လေးတစ်ခု လုပ်ဖြစ်မယ်လို့ ယုံကြည့်ပါတယ်။ လစဉ်စုကြေးဆိုတာ အလှုရှိရှိ မရှိရှိ တစ်ယောက် နှစ်ဆယ် သုံးဆယ် စုထည့်ထားမယ်ဆို လူနှစ်ဆယ်ဆို တစ်လ 2သိန်း တစ်နှစ်ပြည့်မှ လှုမယ်ဆိုရင် 24 သိန်း အလိုလိုစုပီး ဖြစ်မှာပါ တစ်ဦးထဲလုပ်ရင်မသိသာပေမယ့်အဖွဲ့လိုက် စုမယ်ဆိုရင်တော့ ငွေပမာဏ လူများများရင် များသလို လှုနိုင်ပါလိမ့်မယ် အဲ့တော့ လုပ်ဖြစ်မယ့် အစီစဉ်ကိုသေချာ အစီစဉ်တကျ ဖြစ်ဖို့ကို KL (ကွာလာလမ်ပူ)မှာ တွေ့ဆုံဆွေးနွေးပွဲ တစ်ကြိမ်လုပ်ပီး အတည်ပြုဖွဲ့စည်းပါ့မယ်။ သဘောထားကို ပိုစ်တစ်ခု သီးသန့်တင်ပီးမှ သတ်သတ် ကောက်ခံပါ့မယ် သဘောတူတဲ့သူများရင် ဆွေးနွေးပွဲလုပ်မယ်ဘယ်လိုပဲဖြစ်ဖြစ်အခု ဒုတိယအကြိမ် ဒိုမိန်းအလှုပြီးရင် မိဘမဲ့ကလေးဂေဟာအတွက် ပိုငွေတွေကို လှုမှာပါ။ အဖွဲ့တည်ထောင်ဖြစ်သည်ဖြစ်စေ မတည်ထောင်ဖြစ်သည်ဖြစ်စေ အလှုက လှုမှာပါ။ အခုနောက်ထပ် ကောက်ခံရရှိတဲ့ အလှုရှင်စာရင်းကို ရေးပြပါ့မယ်။ ငွေပမာဏကို တတိယအကြိမ် အလှုနဲ့အတူ စာရင်းလုပ်ပီး အလှုရှင်တစ်ဦးချင်းစီကို ပို့ပေးပါ့မယ်။ အခုဘာလို့ စာရင်းမရှုပ်တာလည်းဆိုရင် နော်ဝေကလွှဲငွေကို မလေးရှားငွေပြောင်းဖို့ စာရင်းသာ ပေးထားပီး ငွေမလွှဲသေးတာလည်း ရှိနေလို့ပါ။ ဘာလို့လည်းဆိုတော့ လှုမဲ့နေရာအတိအကျ စုံစမ်းရှာဖွေနေဆဲမလို့  ကျနော့်ဘက်က စာရင်းအရင်ယူထား ငွေကို လှုတဲ့အခါမှ လွှဲဖို့ပြောထားပါတယ်။ အဲ့ခါမှ အတိအကျ ပိုငွေကို ရေးတင်မှာပါ။ လှုငွေပမာဏ စာရင်ဇယားအတိအကျ ရေးဆွဲပြီး PDF စာအုပ်လေး လုပ်ပီးတင်ဖို့ကို တတိယအကြိမ် မိဘမဲ့ကလေးဂေဟာ အလှုမှာ စောင့်ဖတ်ပေးကြပါလို့ အလှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အောက်ကလင့်မှာ သေချာဖတ်ပေးပါရန်။ အလှုရည်ရွယ်ချက်ကို တကယ်သိမှ လှုပါ။ အဖွဲလုပ်ဖို့ အားပေးပါ သေချာဖတ်ပေးပါ။
အလှုရည်ရွက်ချက် ဖတ်ရန် ==> http://www.zwmnna.com/about donation
ယခင်အလှုရှင်စာရင်းဖတ်ရန် ==>http://www.zwmnna.com/donator list
မလေးရှားမှ ဂျိုဟိုးမှ ထပ်တိုးအလှူရှင်စာရင်း
၁။Frank(RM100)
၂။အောင်မင်းထွဋ်(RM50)
၃။မျိုးအောင်(RM30)
၎။ခင်ဇော်ဌေး (RM 30)
၅။အောင်သူဝင်း(RM20)
၆။သက်ပိုင်ဦး(RM 20)
၇။စောခူ(RM 20)
၈။စောဘီး (RM 20)
၉။ဘိုဌေး (RM 20)
၁၀။စောလုပ်သားမောင်(RM 10)
၁၁။နေလင်းအောင်(RM 10)
၁၂။ဇော်ထက်အောင်(RM 10)
၁၃။ကျော်မင်းသူ (RM 10)
၁၄။ကျော်ကျော်(RM10)
၁၅။ကိုထွန်း(RM10)
၁၆။အငဲ(RM10)
Total=RM 380
နော်ဝေမှထပ်တိုး လှုဒါန်းသူ
အဖြူရောင်အားမာန်မိသားစု = 250 (Norway, Krone)
ထိုင်းနိုင်ငံမှထပ်တိုးလှုဒါန်းသူ
ရွှေပါရမီပညာဒါန = 82000 ကျပ်
No comments:
Post a Comment