မောရသုတ်တော် ၀တ္ထုဖြစ်စဉ်
မြတ်စွာဘုရား စံတော်မှုရာ သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်နေ ရဟန်းတစ်ပါးသည် ဖြီးလိမ်း ဆင်ယင် အလှပြင်၍လာသော မိန်းမပျိုတစ်ဦးကို မြင်၍ စွဲလမ်း တပ်မက်သောစိတ်ဖြင့် ရဟန်းတာများကို အားမထုတ်နိုင် ဖြစ်နေလေရာ သီတင်းသုံးဖော် ရဟန်းတော်များက ထိုရဟန်းအားခေါ်၍ မြတ်စွာဘုရားထံပို့ပြီး အကြောင်းစုံ လျှောက်ထားကြလေသည်။
ဘုရားရှင်က ထိုရဟန်းတော်ကို “ချစ်သား၊ သင်သည် မာတုဂါမကို စွဲလမ်းသော စိတ်များဖြင့် တရားတော်၌ မေ့လျော်ခြင်း မှန်ပါသလား” ဟု မေးလေရာ မှန်ပါကြောင်း ပြန်ပြောင်း ၀န်ခံလေသည်။
ထိုအခါ ဘုရားရှင်က “မာတုဂါမကို စွဲလမ်းသောစိတ်သည် နှစ်ပေါင်း ခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကိုပင် ကိလေသာစိတ်ဖြင့် တုန်လှုပ် ချောက်ချားစေတတ်၏” ဟု အစချီကာ ကိုယ်တော်တိုင် နုစဉ်အခါက ကြုံခဲ့ရသော မောရသုတ်တော်ကို ဟောဖော် မိန့်ကြားတော်မှုလေသည်။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး၏ ကြင်ယာတော်ခေမာ မိဖုရားကြီးသည် “ရွှေအဆင်းရှိသော ဥဒေါင်းမင်း၏ တရားကို နာယူရသည်” ဟု အိပ်မက်မြင်လတ်သဖြင့် ခင်ပွန်းလင်ဖြစ်သူ ဗြဟ္မဒတ်မင်းကြီးအား ရွှေဥဒေါင်းမင်းထံမှ တရားနာယူလိုကြောင်း ပူဆာလေသည်။
မင်းကြီးသည် တိုင်းပြည်အတွင်းရှိ မုဆိုးများကို ဆင့်ခေါ်မေးမြန်းရာ ဒဏ္ဍက မည်သော တောင်ထွတ်၌ ရွှေရောင် ပ၀င်းလှပတင့်တယ်ခြင်းရှိသော ဥဒေါင်းမင်းရှိပါကြောင်း သံတော်ဦးတင်သဖြင့် “မနာမကျင်စေဘဲ အရှင်ရအောင် ဖမ်းယူရမည်” ဟု အမိန့်တော် ချမှတ်လေသည်။
ဒဏ္ဍက ရွှေတောင်ရှိ ဥဒေါင်းမင်းကြီးသည်ကား နံနက်အိပ်တန်းမှ ဆင်းလျှင် ဆင်းချင်း နေမင်းကြီးအား အရိုအသေပေးလျက် “ဥဒေတယံ” အစချီသော ဂါထာကို ရွတ်ဆိုပြီးမှ အစာရှာလေ့ရှိသည်။ ညနေပိုင်းမှာ ၀င်လုဆဲဆဲ နေမင်းကြီးအား အရိုအသေပေးလျက် “အပေတယံ” အစချီသော ဂါထာတော်ကို ရွတ်ဆိုပြီးမှ အိပ်တန်းတက်လေ့ရှိလေသည်။
ထိုနိစ္စဗတ်ဝတ် မပျက်ခြင်းကြောင့် မုဆိုးများက နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော်လည်း မမိနိုင်ဘဲ ဖြစ်၍နေလေသည်။
ခေမာမိဖုရားကြီးမှာလည်း ထိုရွှေဥဒေါင်းမင်းထံမှ တရားနာလိုစိတ်နှင့်ပင် ခုနှစ်နှစ်တိုင်တိုင် စောင့်ပါသော်လည်း ဆန္ဒမပြည့်ဝဘဲ နတ်ရွာစံရရှာလေသည်။
ဗြဟ္မဒတ်မင်းကြီးလည်း ဤရွှေဥဒေါင်းကို အကြောင်းပြု၍ ခေမာမိဖုရားကြီး နတ်ရွာစံရသည်ဟု စိတ်နာကာ “ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်းမင်းအသားကို စားရပါက မအိုနိုင်၊ မနာနိုင်၊ မသေနိုင်” ဟု ရွှေပေလွှာ ကမ္ပည်းထိုး၍ ထားခဲ့ပြီး နတ်ရွာလားလေသည်။
ထို့နောက် မင်း ၆-ဆက်တိုင်တိုင် ရွှေပေလွှာအရ ဖမ်းကြသော်လည်း မမိနိုင်ဘဲ နှစ်ပေါင်း ခုနှစ်ရာတိုင် ကြာလာခဲ့လေတော့သည်။
ခုနှစ်ဆက်မြောက်မင်းလက်ထက် ရွှေဥဒေါင်းမင်းကြီးအား ဖမ်းရန် တာဝန်ကျသော မုဆိုးမှာ လိမ္မာ ပါးနပ်သူ ဖြစ်သဖြင့် ရွှေဥဒေါင်းမင်းကြီး၏ အဆင်းအတက်ကို သတိဖြင့် ကြည့်ရူကာ နေ့စဉ်ပြုနေကျအရံအတား ပျက်ပြားအောင် ကြံလေတော့သည်။
ဒေါင်းမ လှလှကလေး တစ်ကောင်ကို ရှာကြံ မွေးမြူ သင်ယူပြီးခါ တောတွင်းသို့ခေါ်လာပြီး ဥဒေါင်းမင်းကြီး အိပ်တန်းအဆင်းမှာ ညွတ်ကွင်းများ ထောင်လျက် အသံပေးလိုက်လေတော့သည်။
ဒဏ္ဍက တောင်ထိပ်ပေါ်မှ နေမင်းကြီးအား အရိုအသေပေး၍ “ဥဒေတယံ” ဂါထာ ရွတ်ရန် ဆင်းလာသော ဥဒေါင်းမင်းကြီးမှာ မ၊ သံ ကြားသဖြင့် ဂါထာ မရွတ်အားတော့ဘဲ ဒေါင်းမလေးထံ ဆင်းအလာ ညွှတ်ကွင်းမှ မိ၍ အဖမ်းခံရကာ ရွှေနန်းတော်တွင်းသို့ ရောက်ရှိလာလေတော့သည်။
ဘုရင်မင်းမြတ်၏ မေးခွန်းအရ မိမိ၏အသားကိုစား၍ “မအို-မနာ-မသေ” ဆိုသည်မှ မဖြစ်နိုင်ကြောင်း၊ မိမိမှာလွန်လေပြီးသော အတိတ်ဘ၀က ဤတိုင်းပြည်မှာပင် စကြ၀တေး မန္ဓတ်မင်းဖြစ်စဉ်က သီလစောင့်ထိန်းခဲ့၍ ယခုကဲ့သို့ ရွှေရောင်အဆင်ပ၀င်း၍ လှပ၊ တင့်တယ်ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်းနှင့် သီလ၊ ဒါန၊ တရားများကို ဟောကြားကာ မင်္ဂလာဥယျာဉ် ရေကန်တော်တွင်းမှ စကြာပျံရတနာကို ထုတ်ဖော်ကာ ပေးလိုက်လေသည်။
ဘုရားအလောင်းတော် ဥဒေါင်းမင်းဖြစ်စဉ် ဘ၀က ဟောကြားသော တရားတော်ကို နာယူရသည့် ရဟန်းတော်များမှာ ကိလေသာ ကင်းကွာ၍ ရဟန္တာ ဖြစ်သွားလေ သည်။ မြတ်စွာဘုရား ဟောကြားချက် အရ ပြန်လည် ပေါ်ပေါက်လာသော ဥဒေါင်းမင်းဂါထာ ခေါ် မောရသုတ် ပရိတော်ကို ရွတ်ဖော်ပွားများခဲ့ ကြပါသည်။
၅-မောရသုတ်ပါဠိ
၆၆။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရ-ယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာ-သတ္တံ ၀နေ စရာ။
၆၇။ စိရဿံ ၀ါယမန္တာပိ၊
နေ၀ သိက္ခိံသု ဂဏှိတုံ။
ဗြဟ္မ မန္တန္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၆၈။ ဥဒေတယံ စက္ခုမာ ဧက-ရာဇာ၊
ဟရိဿ-၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံတံ နမဿာမိဟရိဿ ၀ဏ္ဏံပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိရေမု ဒိဝသံ။
၆၉။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ, နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧသနာ။
၇၀။ အပေတယံ စက္ခုမာ ဧက-ရာဇာ၊
ဟရိဿ-၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံတံ နမဿာမိ ဟရိဿ-၀ဏ္ဏံ ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ-ဂုတ္တာ ၀ိဟရေမု ရတ္တိံ။
၇၁။ ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗ-ဓမ္မေ၊
တေ မေ နာမော တေစ မံ ပါလယနံ္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိကာ၊
နမော ၀ိမုတ္တာနံ, နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ၀ါသ မကပ္ပယိ။

မောရသုတ္တံ နိဋ္ဌိတံ။
၅- မောရသုတ် အနက်
မောရသုတ္တံ၊ မောရသုတ် ပရိတ်တော်သည်။
အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
၅- မောရသုတ် အနက်
၆၆- ၆၇။ ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဉာဏ်၏ အဆောက်အဦးဖြစ်သော ပါရမီသုံးဆယ်တို့ကို။ ပူရေနံ္တ၊ ဖြည့်တော်မူထသော။ မောရ-ယောနိယံ၊ ဥဒေါင်းအမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်ထသော။ ယေန၊ အကြင်မောရပရိတ်ဖြင့်။ သံဝိဟိတာရက္ခံ၊ စီရင်အပ်သော စောင့်ရှောက်ခြင်းရှိထသော။ မဟာသတ္တံ၊ ဘုရားလောင်းကို။ ၀နေစရာ၊ တောမုဆိုးတို့သည်။ စီရဿံ၊ မြင့်ရှည်စွာ ကာလပတ်လုံး။ ၀ါယမန္တာပိ၊ လုံ့လပြုကုန်သော်လည်း။ ဂဏှိတုံ၊ ဖမ်းယူအံ့သောငှာ။ နေ၀သက္ခိံသု၊ မတတ်နိုင်ကုန်။ ဗြဟ္မမန္တန္တိ၊ မြတ်သောမန္တရားဟူ၍။ အက္ခာတံ၊ ဟောတော်မူအပ်သော။ တံ ပရိတ္တံ၊ ထိုမောရပရိတ်ကို။ ဟေ၊ အရှင်သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။
၆၈။ စက္ခုမာ၊ လူတို့၏ မျက်စိလည်းဖြစ်ထသော။ ဧတ-ရာဇာ၊ မြတ်သောမင်းလည်း ဖြစ်ထသော။ ဟဒရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိထသော။ ပထ၀ိပ္ပဘာသော၊ မြေ၌ ထွန်းသော အရောင်လည်းရှိထသော။ အယံ၊ ဤနေမင်းသည်။ ဥဒေတိ၊ တက်လတ်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေ၏ အဆင်းနှင့်တူသော အဆင်းလည်း ရှိထသော။ ပထ၀ိပ္ပဘာသံ၊ မြေ၌ထွန်းသော အရောင်လည်းရှိထသော။ တံ၊ ထိုရှင်နေမင်းကို။ အဟံ၊ ငါသည်။ နမဿာမိ၊ ရှိခိုး၏။ အဇ္ဇ၊ ယနေ့။ ဒိဝသံ၊ တစ်နေ့ပတ်လုံး။ တယာ၊ အရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်အပ်ကုန်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ၀ိဟရေမု၊ နေကုန်အံ့။
၆၉။ ဗြဟ္မဏာ၊ မကောင်းမူကိုလည်း အပပြုကုန်ပြီးထသော။ ယေ၊ အကြင်မြတ်စွာ ဘုရားတို့သည်။ သဗ္ဗ-ဓမ္မေ၊ ခပ်သိမ်းသောတရားတို့ကို။ ဝေဒဂူ၊ သိခြင်းသို့ ရောက်ကုန်၏။ တေ၊ ထိုမြတ်စွာဘုရားတို့ကို။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေစ၊ ထိုမြတ်စွာဘုရားတို့သည်လည်း။ မံ၊ ငါ့ကို။ ပါလယန္တု၊ စောင့်စေကုန်သတည်း။ ဗုဒ္ဓါနံ၊ သစ္စာလေးပါးကို သိကုန်ပြီးသော ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဗောဓိယာ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ၀ိမုတ္တာနံ၊ ကိလေသာမှ လွတ်ကုန်ပြီးသော ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ၀ိမုတ္တိယာ၊ အရဟတ္တဖိုလ်အား။ မေး၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ သောမောရော၊ ထိုဥဒေါင်းသည်။ ဣမံပရိတ္တံ၊ ဤအရံအတားကို။ ကတွာ၊ ပြု၍။ ဧသနာ-ဧသနာယ၊ အစာရှာအံ့သောငှာ။ စရတိ၊ သွား၏။
၇၀။ စက္ခုမာ-လူတို့၏ မျက်စိလည်း ဖြစ်ထသော။ ဧကရာဇာ၊ မြတ်သောမင်းလည်း ဖြစ်ထသော။ ဟရိဿ ၀ဏ္ဏော၊ ရွှေ၏အဆင်းနှင့် တူသော အဆင်းလည်းရှိထသော။ ပထ၀ိပ္ပဘာသော၊ မြေ၌ ထွန်းသော အရောင်လည်း ရှိထသော။ အယံ၊ ဤနေမင်းသည်။ အပေတိ၊ ၀င်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းလည်း ရှိထသော။ ပထ၀ိပ္ပဘာသံ၊ မြေ၌ထွန်သော အရောင်လည်းရှိထသော။ တံ။ ထိုနေမင်းကို။ အဟံ၊ ငါသည်။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့၊ ရတ္တိံ၊ တစ်ညဉ့်ပတ်လုံး။ တယာ၊ အရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်အပ်ကုန်သည် ဖြစ်၍။ မယံ၊ ငါတို့သည်။ ၀ိဟာရေမု၊ နေကုန်အံ့။
၇၁။ ဗြာဟ္မာဏာ၊ မကောင်းမူကိုလည်း အပ ပြုကုန်ပြီးထသော။ ယေ၊ အကြင် မြတ်စွာဘုရားတို့သည်။ သဗ္ဗေဓမ္မေ၊ ခပ်သိမ်းသော တရားတို့ကို။ ဝေဒဂူ၊ သိခြင်းသို့ ရောက်ကုန်၏။ တေ၊ ထိုမြတ်စွာဘုရားတို့ကို။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေ၊ ထိုမြတ်စွာဘုရားတို့သည်လည်း။ မံ၊ ငါ့ကို။ ပါလယန္တု၊ စောင့်ရေဓှာက်စေကုန်သတည်း။ ဗုဒ္ဓါနံ၊ သစ္စာလေးပါးကို သိကုန်ပြီးသော ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္တု၊ ဖြစ်စေသတည်း။ ဗောဓိယာ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်အားလည်း။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ၀ိမုတ္တာနံ၊ ကိလေသာမှ လွတ်ကုန်ပြီးသော။ ပုဂ္ဂိုလ်တို့အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ၀ိမုတ္တိယာ၊ အရဟတ္တ ဖိုလ်အား။ မေ၊ ငါ၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စသေတည်း။ ဣတိ၊ ဤသို့။ သောမောရော၊ ထိုဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတွာ၊ ပြု၍။ ၀ါသံ၊ နေခြင်းကို။ အကပ္ပယိ၊ ပြု၏။
မောရသုတ္တံ၊ မောရသုတ် ပရိတ်တော်သည်။
နိဋ္ဌိတံ၊ ပြီးပြီ။
အထက်ဖော်ပြပါ ရတနသုတ်တော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
ကိုးကား
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်စာအုပ်
သာဓု သာဓု သာဓု
ReplyDeleteသာဓု သာဓု သာဓု
ReplyDeletegood
ReplyDeleteသာဓုသာဓုသာဓု
Delete