ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 27 November 2011

ဗောဓိပက္ခိယနည်းဖြင့် လောကမှထွက်မြောက်ပုံ

လောကကြီးအတွင်းဝယ် သက်ဝင်လူပ်ရှားနေကြသော လူသားမှန်သမျှသည် တစ်နေ့ကျလျှင် အိုကြရမည်၊ ရောဂါမျိုးစုံ အနှိပ်စက်ခံရလျက် နာကြရမည်။ လောက၌ အပူရှိက အအေးရှိသည်၊ အအေးရှိက အပူရှိသည်။ ထိုနည်းတူ အိုခြင်း တရားရှိက မအိုခြင်းတရား ရှိရမည်၊ နာခြင်းတရားရှိက မနာခြင်းတရား ရှိရမည်၊ သေခြင်းတရားရှိက မသေခြင်းတရားရှိရမည်ဟု မအိုရာ၊ မနာရာ၊ မသေရာ၊ တရားအစစ် တရားအမှန်ကို ပညာရှင်အချို့က ရှာဖွေနေကြသည်။ မည်သို့ပင် ရှာဖွေ နေကြပါသော်လည်း မအိုရာ၊ မနာရာ၊ မသေရာ၊ တရားစစ် တရားအမှန်ကို မတွေ့ကြရဘဲ အိုမြဲ အိုနေကြရသည်၊ နာမြဲ နာနောကြရသည်၊ သေမြဲ သေနေကြရသည်။

လောကသုံးပါး၌ တရားအလုံးစုံကို သိမြင်တော်သော သဗ္ဗညုတဉာဏ်သခင်ဘုရားရှင် ပွင့်တော်မူလာသောအခါ (အဇရာ) မအိုရာ၊ (အဗျာဓိ) မနာရာ၊ (အမတ) မသေရာ ဖြစ်သော အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တရားကို ဟောပြတော်မူသည်။

မြတ်စွာဘုရားဟောကြားတော်မူသဖြင့် မအိုရာ၊ မနာရာ၊ မသေရာဖြစ်သော အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်မျက်မှောက်ပြုနိုင်ရန် ခန္ဓာကိုယ်ပေါ်၌ သတိကပ်ကာ ရူမှတ်ပွားများရမည်ဟု သိလာကြသည်။

ထို့ကြောင့် သတိပဋ္ဌာန်းတရားလေးပါးကို ပွားများလာကြသည်။ အားထုတ်လာကြသည်။ ရူမှတ်လာကြသည်။ ယင်းသတိပဋ္ဌာန်းတရားလေးပါးကား -

(၁) ကာယာနုပဿနာသတိပဋ္ဌာန်း = ခန္ဓာကိုယ် (ရူပက္ခန္ဓာ) ကို အမြဲမပြတ် ရူမှတ်သော သတိပဋ္ဌာန်း

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်း = ကောင်းဆိုးခံစားမူ (ဝေဒနာက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း

(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန် = ဖြစ်ပေါ်လာသောစိတ်မှန်သမျှ (၀ိညာဏက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း

(၄) ဓမ္မနုပဿနာ သတိပဋ္ဌာန်း = ကြွင်းကျန်သော သဘောတရားများ (သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ) ကို ရူမှတ်သော သတိပဋ္ဌာန်း ဟူ၍ (၄)ပါး အပြား ရှိသည်။

သတိပဋ္ဌာန်းတရား လေးပါးကို အားထုတ်သောအခါ ခန္ဓာကိုယ် ရုပ်၊ နာမ် အပေါ်၌ သတိကပ် ရူမှတ်နေရခြင်းကား လွယ်ကူလှသည့်အရာမဟုတ်၊ ကာမဂုဏ် အာရုံတော၌ ကျက်စားကာ အပျော်ကြူးခဲ့သော စိတ်ဆင်ရိုင်းကို သတိချွန်းဖြင့် ထိန်းချုပ် ရူမှတ်နေမူကား အလွန်ပင်ခဲယဉ်းလှပေ၏။

သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာဟူသော ဣနြေ္ဒငါးပါးရှိသည်။ သတိပဋ္ဌာန်း တရားပွားများအားထုတ်သောအခါ ထိုဣနြေ္ဒငါးပါးတွင် သဒ္ဓါ(ယုံကြည်မူ)နှင့် ပညာ(သိနားလည်မူ) ညီမျှရန် လိုအပ်ပေသည်။ ထို့အတူပင် ၀ီရိယ(အားထုတ်မူ)နှင့် သမာဓိ(တည်ကြည်မူ)လည်း ညီမျှရန် လိုအပ်ပြန်သည်။

သဒ္ဓါ၊ ပညာနှစ်ပါးတွင် ပညာအားနည်း၍ သဒ္ဓါလွန်ကဲလျှင် အကျိုးမဲ့ အချည်းအနှီးဖြစ်သောအရာ၌ ကြည်ညိုတတ်၏။ မကြည်ညိုသင့်သော (နတ်၊ ဗြဟ္မာ၊ တော၊ တောင် စသည့်) အရာဝတ္ထု၌ ကြည်ညိုတတ်၏။

သဒ္ဓါအားနည်း၍ ပညာလွန်ကဲနေလျှင် မာယာပရိယာယ်များပြားကာ ကောက်ကျစ်စဉ်းလဲသော သဘောသို့ ရောက်သွားတတ်၏။ ဆေးကုသရာ၌ ဆေးကြောင့်ဖြစ်သော ရောဂါသည် အလွန်အကုခက်ကာ လူနာ၏ ရောဂါသက်သာမူ မမြန်ဆန်သကဲ့သို့ ဖြစ်တတ်သည်။

သဒ္ဓါ၊ ပညာ၊ နှစ်ပါးစုံ ညီမျှမှသာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ကြည်ညိုမူ မှန်ကန်နိုင်ပေသည်။ အကျိုးရှိသော ယုံကြည်မူ ကြည်ညိုမူ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ရှေးဆရာများက သဒ္ဓါလွန်လျှင်ကွန့်တတ်သည် ပညာလွန်လျှင် ယူမှားတတ်သည်ဟုလည်းကောင်း၊ သဒ္ဓါလွန်လျှင် မိုက်မှား တတ်သည်၊ ပညာလွန်လျှင် ယူမှားတတ်သည်ဟုလည်းကောင်း၊ သဒ္ဓါပညာ နှစ်ဖြာညီစေဟုလည်းကောင်း ဆိုထားကြသည်။ ၀ီရိယအားနည်း၍ သမာဓိလွန်ကဲနေလျှင် ၀ီရိယ၏ဆန့်ကျင်ဘက်ရန်သူဖြစ်သော ပျင်းရိမူဖြစ်လာမည်။ ယောဂီပုဂ္ဂိုလ်သည် ပျင်းရိလာသောကြောင့် တရားလုပ်ငန်း၌ ပေါ့လျော့အားနည်း လာမည်။ ယောဂီပုဂ္ဂိုလ်ကို ပျင်းရိမူက အနိုင်ယူသွားပေမည်။ ထို့ကြောင့် သမာဓိလွန်လျှင် တွန့်တတ်သည် ဟု ရှေးဆရာတို့ ဆိုထားကြခြင်းဖြစ်သည်။

သမာဓိအားနည်း၍ ၀ီရိယွန်ကဲနေပြန်လျှင်လည်း သမာဓိ၏ ဆန့်ကျင်ဘက်ရန်သူဖြစ်သော ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မူ) ဖြစ်လာမည်။ ယောဂီပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်နေသောကြောင့် စိတ်တည်ကြည်မူမရနိုင်ပေ၊ စိတ်မတည်ကြည်လျှင် လိုရာအကျိုးပြီးစီးမူ နှောင့်နှေးမည်၊ ကြန့်ကြာမည်၊ ထို့ကြောင့်လည်း ၀ီရိယလွန်လျှင် ပျံ့တတ်သည်ဟု ရှေးဆရာတို့ ဆိုထားကြခြင်းဖြစ်ပေသည်။

သမာဓိ၊ ၀ီရိယ၊ နှစ်ဝမျှစေ ဆိုသည့်အတိုင်းသမာဓိသည် ၀ီရိယနှင့် ယှဉ်တွဲလျက် သမာဓိ ၀ီရိယနှစ်ပါး အညီအမျှဖြစ်လာသောအခါ ပျင်းရိမူ ဖြစ်မလာနိုင်တော့ပေ။

ဝီရိယသည်လည်း သမာဓိနှင့်ယှဉ်တွဲလျက် ၀ီရိယ၊ သမာဓိနှစ်ပါး အညီအမျှ ဖြစ်လာသောအခါ စိတ်တည်ကြည်လာပေမည်။

ယင်းသို့သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိ နှစ်ပါးစုံအညီအမျှဖြစ်ရန်အတွက် သတိပဋ္ဌာန်းဟူသော သတိဖြင့် ထိန်းချုပ်ပေးရသည်။ ရူမှတ်ပေးရသည်။ ပွားများပေးရသည်။ ထို့ကြောင့်လည်း သတိဆို ပိုသည်မရှိဟု ဆိုထားကြခြင်းဖြစ်လေသည်။

သတိဖြင့် ထိန်းချုပ်ရူမှတ်လာသောအခါ သဒ္ဓါစသော ဣနြေ္ဒငါးပါး ညီမျှလာသည် သတိအကူအညီကြောင့် ယုံကြည်မူ၊ အားထုတ်မူ၊ တည်ကြည်မူ၊ ထိုးထွင်းသိမူ လေးပါးအဆင့်အတန်းညီမျှလာမည်။

သတိနှင့်တကွ သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိ ဟူသော ဣနြေ္ဒငါးပါး ညီမျှလာမည်၊ ရရှိလာမည်၊ ထိုအခါ မအိုရာ၊ မနာရာ၊ မသေရာ တရားစစ် တရားမှန်ကို မြင်တွေ့လာမည်၊ မျက်မှောက်ပြုလာမည်၊ ဆိုက်ရောက်လာမည်။

ယင်းတို့မြင်တွေ့နိုင်သော ဉာဏ်၊ မျက်မှောက်ပြုနိုင်သော ဉာဏ်ကား ဗောဓိပက္ခိယ တရား(၃၇)ပါးတွင် ခေါင်းဆောင်ကြီးဖြစ်၏၊ အချုပ်အချာ ပဓာန ဖြစ်၏။

ဤဗောဓိပက္ခိယတရား (၃၇)ပါး အ၀င်အပါ ဉာဏ်ပညာဦးဆောင်သော သတိ၊ ၀ီရိယ စသော တရားများသည်ကား အို၊ နာ၊ သေရေး ဒုက္ခဘေးအပေါင်းမှ လည်းကောင်း၊ အလွန်ပူလောင်လှသော ရာဂစသော (၁၁)ပါးသော မီးတို့မှ လည်းကောင်း၊ လွတ်မြောက်နိုင်သော တရားများဖြစ်သည်။

ယင်းတရားများသည်ပင် သတ္တ၊ သြကာသ၊ သင်္ခါရ ဟူသော လောက (၃)ပါးမှ ထွက်မြောက်နိုင်သော တရားများဖြစ်ပေသည်။

ဗောဓိပက္ခိတရား (၃၇) ပါး

သတိပဋ္ဌာန်း - ၄ ပါး
သမ္မပ္ပဓာန် - ၄ ပါး
ဣဒ္ဓိပါဒ် - ၄ ပါး
ဣနြေ္ဒ - ၅ ပါး
ဗိုလ် - ၅ ပါး
ဗောဇ္ဈင် -၇ ပါး
မဂ္ဂင် - ၈ ပါး

ဗောဓိပက္ခိယတရား - ၃၇ ပါး ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment