ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 14 November 2011

(၁) ဟိရီသြတ္တပ္ပတရားနှင့် သမ္မုတိသစ္စာ

မကောင်းမူပြုရမည်ကို ရှက်ခြင်းသည် ဟိရီ၊ မကောင်းမူပြုရမည်ကို ကြောက်လန့်ခြင်းသည် သြတ္တပ္ပဖြစ်ပါသည်။ ဤတရားနှစ်ပါးကို သိရှိနားလည်ပြီး တရားအတိုင်း လိုက်နာကျင့်ကြံကြပါမှ ဤသတ္တလောကကြီးမှာ ငြိမ်းချမ်းသာယာသော လောကကြီးဖြစ်နိုင်ပါသည်။

ဤတစ်ရားနှစ်ပါးကို မသိရှိ နားမလည်ကြပါက (သို့မဟုတ်) ဤတရားနှစ်ပါး မရှိပါက တစ်ဦးကိုတစ်ဦး သတ်မူ၊ တစ်ဦး၏ ပစ္စည်းကို တစ်ဦးက ခိုးယူမူ၊ တစ်ဦး၏ သားမယားကို တစ်ဦးက စော်ကားကျူးလွန်မူစသည့် မကောင်းမူများ နေရာ တကာ၌ ဖြစ်ပေါ်လာပါမည်။ ထိုအခါ ဤသတ္တလောကကြီးမှာ ငြိမ်းချမ်းသာယာမူ ကင်းမဲ့သွားပြီး တိရစ္ဆာန်လောကကြီးနှင့် ခြားနားမူ ရှိနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤတရားနှစ်ပါးကို သတ္တလောကကြီး မပျက်စီးရအောင် စောင့်ရှောက်တတ်သည့် “လောကပါလ” တရားဟူ၍ လည်းကောင်း၊ ဖြူစင်သန့်ရှင်းသော “သုက္ကဓမ္မ” ဟူ၍ လည်းကောင်း၊ နတ်တို့တရား “ဒေ၀ဓမ္မ” ဟူ၍လည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူထားပါသည်။

မြတ်စွာဘုရားရှင်သည် တရားဒေသနာများကို သမ္မုတိသစ္စာဖြင့် မဟောကြားဘဲ ပရမတ္တသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် -

“ခန္ဓာတို့သည် ရှက်ကြကုန်၏၊ ကြောက်လန့်ကြကုန်၏၊ အာယတနတို့သည် ရှက်ကြကုန်၏၊ ကြောက်ကြကုန်၏” စသည်ဖြင့် ဟောကြားရပေလိမ့်မည်။ ယင်းသို့ ဟောကြားခဲ့သော် “အဘယ်ခန္ဓာ၊ အဘယ် အာယတနတို့သည် အဘယ်ကဲ့သို့ ရှက်ကြကုန်သနည်း၊ အဘယ်ကဲ့သို့ ကြောက်လန့်ကြကုန်သနည်း” စသည်ဖြင့် ယုံမှားတွေးတောစရာ ပြဿနာများ ရူပ်ထွေးလာမည့်အပြင် လူများသည် နားမလည်နိုင်ကြချေ။ ထို့ကြောင့် မည်သည့် ဝေနေယျမျှ တရားရနိုင် သိနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း လောက၌ ဟိရီသြတ္တပ္ပ တရားများမရှိက လူလောကကြီး မတည်တံ့နိုင်ပုံကို သိစေလိုသောကြောင့် အမျိုးသား အမျိုးသမီးတို့သည် ရှက်ကြကုန်၏၊ ကြောက်လန့်ကြကုန်၏ စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားရပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment