ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 7 November 2011

အရိယာအဆင့်ဆင့် ဖြစ်ပေါ်ပုံ

အရိယာဖြစ်ခါနီး စိတ်အစဉ် ဖြစ်ပေါ်ပုံ


ဝိပဿနာဘာဝနာကို ၀ီရိယဓာတ်ခိုင်မာစွာဖြင့် မနေမနား ကြိုးစားအားထုတ်သူသည် ပွားများအားထုတ်ဖန်များလာသောအခါ ၀ိပဿနာဉာဏ်များ အဆင့်ဆင့် တိုးတက်၍ ထက်မြက်ရင့်သန်လာလေသည်။ ယင်းသို့ ၀ိပဿနာဉာဏ် ရင့်သန်မူကို အကြောင်းပြု၍ မဂ်ဉာဏ်(အရိယာ) ဖြစ်ခါနီးတွင် ဖြစ်လေ့ရှိသော (မဂ်ဉာဏ်၏ရှေ့ပြေးစိတ်များ) ဖြစ်ပေါ်လာသည်။ ထိုဖြစ်ပေါ်လာသောစိတ်များကား (ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ)၊ မနောဒွါရာဝဇ္ဇန်းစိတ်၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ဥပစာရသမာဓိဇောစိတ်(၀ိပဿနာဉာဏ်)တို့ ဖြစ်သည်။ ထိုစိတ်များသည် မဂ်ဉာဏ်၏ ရှေ့ပြေးစိတ်များဖြစ်ကြသည်။ ထိုစိတ်များဖြစ်၍ ချုပ်ပြီးသည့်နောက် မဂ်စိတ်တစ်ကြိမ်နှင့် ထိုမဂ်စိတ်၏အကျိုးဖြစ်သော ဖိုလ်စိတ်နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဆက်တိုက် ဖြစ်ပေါ်လာသည်။

မဂ်ဉာဏ်၏ ရှေ့ပြေးစိတ်များအနက် ပရိကံ၊ ဥပစာ၊ အနုလုံ ဟူသော ဥပစာရသမာဓိဇောစိတ်(၀ိပဿနာဉာဏ်) များသည် နိဗ္ဗာန်ကို အာရုံမပြုနိုင်သေး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာသုံးပါးအနက် တစ်ပါးပါးကိုအာရုံပြုသည်။ ဂေါတြဘူစိတ်ကား နိဗ္ဗာန်ကို အာရုံပြုသည်။ ထိုဂေါတြဘူစိတ်ဖြစ်ပြီးနောက် မဂ်စိတ်ဖြစ်သည်နှင့် တပြိုင်နက် ပုထုဇဉ်အဆင့်ကိုလွန်၍ အရိယာအဆင့်သို့ ရောက်ရှိလေတော့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment