ဝိပဿနာဘာဝနာကို အားထုတ်နေသူသည် ရုပ်နာမ်တို့၏ဖြစ်မူ ပျက်မူ(ဥဒယဗ္ဗယ)ကို ဉာဏ်စက္ခုဖြင့် သိမြင်လာသည့်အခါ တရားအားထုတ်နေစဉ်မျာပင် ခန္ဓာကိုယ်မှ ၀င်းဝင်းဝါ၀ါအရောင်အလင်း(သြဘာသ) စသည်တို့ ဖြစ်ပေါ်လေ့ရှိသည်။ ထိုအရောင်အလင်းအစရှိသည်တို့ကား ၀ိပဿနာ ညစ်ညူးကြောင်း ဘေးရန်များဖြစ်၏၊ မဂ်ဖိုလ်ရကြောင်းလမ်းမှန်မဟုတ်၊ အားထုတ်မြဲ ၀ိပဿနာ လမ်းစဉ်သည်သာ မဂ်ဖိုလ်ရကြောင်း နည်းကောင်း လမ်းမှန်ဖြစ်၏ဟု လမ်းမှန်ဟုတ်- မဟုတ်ကို ပိုင်းခြားသိမြင်လျက် တည်ရှိသောဉာဏ် ဖြစ်သည်။
ရှေး၌ပြဆိုခဲ့သော ၀ိသုဒ္ဓိလေးပါးအခိုက်၌ အနိစ္စ - ဒုက္ခ - အနတ္တဟု လက္ခဏာယာဉ်တင်၍ ရူမှတ်သည့်အဆင့်သို့ မရောက်ရှိသေးပေ။ သီလစင်ကြယ်မူ၊ စိတ်စင်ကြယ်မူ၊ ရုပ်နာမ်တို့ကို ပိုင်းခြား၍ သိမူ၊ ရုပ်နာမ်တို့၏ အကြောင်းရင်းကို ရှာဖွေမူတို့ကိုသာ ပြုခဲ့၏။ ဤမဂ္ဂါမဂ္ဂဉာဏဒဿန၀ိသုဒ္ဓိဖြစ်ချိန်၌မူ ထိုရုပ်နာမ်ဓမ္မတို့ကို လက္ခဏာယာဉ်တင်၍ ရူမြင်သုံးသပ်နေပြီ ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday, 7 November 2011
(၅) မဂ္ဂါမဂ္ဂဉာဏဒဿန၀ိသုဒ္ဓိ
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment