လောနိုင်ငံသည် ခရစ်နှစ် ၁၄-ရာစုကျမှ သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။ လောနိုင်ငံဖြစ်ပေါ်လာရေးအတွက် ခမာတို့က ကူညီခဲ့ကြသည်။ ထေရ၀ါဒဗုဒ္ဓဘာသာကိုလည်း ခမာတို့ကပင် လောနိုင်ငံ အတွင်းသို့ သွင်းယူ ဖြန့်ဖြူးခဲ့ကြသည်။ လောနိုင်ငံအဖြစ် မပေါ်ပေါက်မီကမူ ထိုဒေသ၌ မဟာယာနဗုဒ္ဓဘာသာလည်း တည်ရှိခဲ့ဖူးလေသည်။
နောက်ပိုင်း ဘုရင်များသည် ထေရ၀ါ၏ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက် ထောက်ပံ့ခဲ့ကြသည်။ ၁၄-ရာစုနှစ်မှာပင် ထေရ၀ါ၏ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့ကြသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ်များစတင် အုပ်စိုးသည့်အချိန်အထိ လောနိုင်ငံ၌ ထေရ၀ါဒဗုဒ္ဓသာသနာစည်ပင်ပြန့်ပွား ထွန်းကားလာခဲ့သည်။ ခမာနှင့်ထိုင်း ဗုဒ္ဓဘာသာအရှိန်အ၀ါသည်လည်း လောနိုင်ငံဗုဒ္ဓဘာသာပေါ်သို့ အမြဲတစေ အရိပ်ထိုးနေခဲ့သည်။ လော၊ ကမ္ဗောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ တိုးတက်ရေးအတွက် ကူညီသော လမ်းကြောင်းပေါ်၌ လျှောက်လှမ်းခဲ့သော နိုင်ငံများဖြစ်လေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Thursday, 10 November 2011
လောနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသာသနာ ပြန့်ပွားပုံသမိုင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment