ဘုရားရှင်ကို အောက်ပါအတိုင်း ဘုရားဂုဏ်တော် ၉-ပါးကို ဖော်ထုတ်ရမယ်။
ဣတိပိသော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာ စရဏသမ္ပန္နော သုဂတော လောက၀ိဒူ အနူတ္တရော
ပုရိသ ဒမ္မသာရထိ သတ္ထာ ဒေ၀မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
သောဘဂ၀ါ=ထိုမြတ်စွာ ဘုရားသည်၊ ဣတိပိ=ဤသို့လျှင်၊ အရဟံ=လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံထိုက်ပါပေ၏။ သမ္မာသမ္ဗုဒ္ဓေါ=ခပ်သိမ်းကုန်သော တရားတို့ကို ဆရာမရှိ မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မှုပါပေ၏။ ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅-ပါးတို့နှင့် ပြည့်စုံတော်မှုပါပေ၏၊ သုဂတော=မဇ္စျိမပဋိပါ မဂ္ဂင်ရှစ်ပါးလမ်းမှန်အားဖြင့် နိဗ္ဗာန်ရွှေပြည်သို့ ကြွချီ ဆိုက်ရောက်တော်မှုပါပေ၏။ဝိဇ္ဇာ စရဏသမ္ပန္နော သုဂတော လောက၀ိဒူ အနူတ္တရော
ပုရိသ ဒမ္မသာရထိ သတ္ထာ ဒေ၀မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
လောက၀ိဒူ=လောကသုံးခွင် ဘုံအပြင်ကို အကုန်အစင် သိမြင်တော်မှုပါပေ၏။ အနုတ္တရော ပုရိသ ဒမ္မသာရထိ=ဆုံးမထိုက်စွာ သတ္တ၀ါကို ယဉ်ကျေးစိမ့်ငှာ ဆုံးမရာ၌ အတုမရှိ စွမ်းဆောင်နိုင်ခြင်း ရှိပါပေ၏။ သတ္ထာ ဒေ၀ မနုဿာနံ=လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူဖြစ်တော်မှုပါပေ၏။ ဗုဒ္ဓေါ=သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လဲသိ ဝေနေယျတို့အား သိအောင်လဲ ဟောကြားတော်မှုတတ်ပါပေ၏။ ဘဂ၀ါ=ဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော် ခြောက်ပါးတို့နှင့် ပြည့်စုံတော်မှုပါပေ၏။ တံ=ထိုအရဟံအစ ဘဂ၀ါဆုံလက် ဂုဏ်၉-ရပ်ရှင် ဘုရားသခင်ကို၊ အဟံ=တပည့်တော် သည်၊ ၀န္ဒာမိ=ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ ဘုရား။
အင်း ဖိတ်တော့လာရတော့ပေါ့။ ကာတွန်းတစ်ပုဒ်ထဲကလိုများဖြစ်နေမလားမသိ။ ဆရာကြီးပဲမွေးစားတော့မယ်တဲ့။
ReplyDeleteခင်လိုပါတောသူမလေးရယ်။ ဆရာကြီးလုပ်ချင်လို့မဟုပ်ပါဘူး။
နိဗ္ဗာန်သောင်သို့။ ရေကြည်ကလလ။
အဟိုများစွာ။ ကောင်းရာယှဉ်လျက်။
သမ္မာသမ္ဗုဒ္ဓေါ။ တောသားလေးလည်းတတ်လို့တော့ဟုတ်ပါဘူး။
ကိုယ်ရဘူးတာလေးတွေဆိုတော့ဖတ်ကြည့်လိုက်တာ။ ထောက်ပြတာမှားတယ်ဆိုလည်း ပြန်ပြောပေါ့။ အနန္တေအနန္တငါးပါးရှိခိုးကတော့ လယ်တီဆရာတော်ရေးထားတာပဲရဘူးတယ်။ တောသူမလေးတင်ထားတာအဲဒါလားမသိ။ကျေးဇူးတင်ပါတယ်။ ကျန်းမာစေ။