ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 September 2010

အကျိုးကြီးအောင် ဘယ်လိုလှူရမလဲ?

မလှူမီ ၀မ်းမြောက်၊ လှူဆဲမှာ စိတ်ကြည်လင်၊ လှူပြီးဝမ်းမြောက် ကြည်နူးခြင်းဆိုတဲ့ ဒကာဘက်က အင်္ဂါ ၃-ပါး၊ အလှူခံဘက်က ရာဂ-ဒေါသ-မောဟ ကင်းပြီးသူ၊ ကင်းအောင်ကျင့်နေသူ ဖြစ်တယ်ဆိုတဲ့ အင်္ဂါ ၃-ပါးနဲ့ ပြည့်စုံရင် အကျိုးကြီးပါတယ်။

မဟာသမုဒ္ဒရာရေကို နိုင်းဆမရသလို ဒီအင်္ဂါ ၆-ပါးနဲ့ညီတဲ့ အလှူရဲ့ အကျိုးကျေးဇူးကိုလဲ နိုင်းယှဉ်ရေတွက်မရဟု အင်္ဂုတ္ထိုရ်ဆက္ကနိပါတ် နန္ဒမာတာ ဥပါသိကာရဲ့ အလှူအကြောင်း ဘုရား ဟောထားပါတယ်။

2 comments:

  1. ဖတ်သွားတယ် လှူပြီးမှပြန်လိုချင်ရင် မျက်စိစွံစွေတတ်တယ်တဲ့ ဟိဟိး)

    ReplyDelete
  2. ညောင်စေ့လေးလောက်လှူပေမဲ့ ညောင်ပင်ကြီးလောက်ရတယ်ဆိုပေမဲ့
    ညောင်ပင်ကြီးလောက်လှူ ညောင်ပင်ကြီးလောက်စိတ်
    ထားတာက ပိုကုသိုလ်ရမယ်ထင်တယ်လေ...း)
    တော်ကြာလူတိုင်း ညောင်စေ့လေးလောက်ပဲလှူနေကြ
    အုံးမယ် ဟိဟိ

    ReplyDelete