ကိုယ်အမူအရာ လူပ်ရှားမူတို့ကို နေစဉ်မှာပင် ဟိုဟိုသည်သည် စိတ်ကူးမူများ ဖြစ်ပေါ်လာလျှင်လည်း “စိတ်ကူးသည်၊ ကြံသည်၊ သိသည်” အစရှိသည်ဖြင့် ရူမှတ်ရမည်။ အချုပ်အားဖြင့် မည်သည့်စိတ်ဖြစ်ပေါ်သည်ဖြစ်စေ၊ ထိုဖြစ်ပေါ်လာသည့် စိတ်မှန်သမျှကို ဖြစ်ခိုက် ဖြစ်ခိုက်၌ သတိစိုက်၍ ရူမှတ်နေရမည်ဖြစ်သည်။
တစ်စုံတစ်ခုကို လိုချင်စိတ်၊ သာယာစိတ်၊ နှစ်သက်စိတ်(သရာဂစိတ်) ဖြစ်ပေါ်လာလျှင်လည်း “လိုချင်သည်၊ သာယာသည်၊ နှစ်သက်သည်”ဟု ရူမှတ်ရမည်။ ထိုစိတ်(သရာဂစိတ်)များ ပျောက်ကင်းငြိမ်းအေးသွားပြီး ကြည်လင်သန့်ရှင်းသောစိတ်(၀ီတရာဂစိတ်)များ တဖွားဖွား ဖြစ်ပေါ်လာလျှင်လည်း ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း “ကြည်လင်သည်၊ သန့်ရှင်းသည်”ဟု ရူမှတ်ရမည်။
တစ်ဖန် စိတ်ပျက်၊ စိတ်ဆိုး၊ မုန်းငြိုးစိတ်၊ ညှင်းဆဲလို သေစေလိုသော(သဒေါသ)စိတ်များ ဖြစ်ပေါ်လာလျှင်လည်း “စိတ်ပျက်သည်၊ စိတ်ဆိုးသည်၊ မုန်းသည်၊ ငြိုးသည်၊ ညှင်းဆဲလိုသည်၊ သေစေလိုသည်”ဟု လည်းကောင်း၊ ထိုမကောင်းစိတ်များ ငြိမ်းအေးပြီး ကြည်လင်သော(၀ီတဒေါသ)စိတ် ဖြစ်ပေါ်လာပါကလည်း “စိတ်ကြည်သည်”ဟု လည်းကောင်း ရူမှတ်ရမည်။
ထို့ပြင် ယုံမှားစိတ်၊ တွေဝေ (သမောဟ) စိတ်များ ဖြစ်ပေါ်လာလျှင်လည်း “ယုံမှားသည်၊ တွေဝေသည်”ဟု လည်းကောင်း၊ ထိုယုံမှားတွေဝေစိတ်များ ငြိမ်းအေးသွားပြီး ကြည်လင်သော(၀ီတမောဟ) စိတ်များ ဖြစ်ပွားသောအခါတွင်လည်း “ကြည်လင်သည်”ဟု လည်းကောင်း ရူမှတ်ရမည်။
သည်သာမကသေး ပျင်းရိတွန့်ဆုတ်သော(သံခိတ္တ)စိတ်၊ ပျံ့လွင့်သော(၀ိက္ခိတ္တ)စိတ်၊ တည်ကြည်သော(သမာဟိတ)စိတ်၊ မတည်ကြည်သော(အသမာဟိတ)စိတ်၊ ရူမှတ်စဉ် ကိလေသာမှ တဒင်္ဂလွတ်မြောက်မူ(၀ိမုတ္တ)စိတ်၊ မရူမှတ်ဘဲ ထိုထိုဤဤ ကြံစည်စဉ်းစားသော(အ၀ိမုတ္တ)စိတ်များ ဖြစ်ပွားလျှင်လည်း ထိုစိတ်များဖြစ်ခိုက်၌ ဖြစ်ပေါ်လာသည့်အတိုင်း ရူမှတ်ရမည်။
ဤသို့ ရူမှတ်ပွားများနေစဉ် ဖြစ်ပေါ်နေသောစိတ်တို့သည် ဖျပ်ကနဲ ပေါ်လာ၍ ရိပ်ကနဲကုန်ပျောက် ပျက်စီးသွားခြင်းကို ရှင်းလင်းစွာ သိနေခြင်းသည် သိမူစိတ်၏ ဖြစ်မူ ပျက်မူတို့ကို ရူမှတ်၍ နေခြင်းပင်ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday, 6 November 2011
စိတ္တာနုပဿနာသတိပဋ္ဌာန် ရူမှတ်ပွားများပုံ
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment