ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 6 November 2011

ဝိပဿနာဉာဏ် (၁၀)ပါးနှင့် ၀ိသုဒ္ဓိ (၇)ပါး

ဝိပဿနာတရား ပွားများအားထုတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မဂ် ဖိုလ် နိဗ္ဗာန်တရားထူးကို ရရှိ၍ သံသရာလောကမှ လွတ်မြောက်ရေးပင် ဖြစ်သည်၊ ထိုရည်ရွယ်ချက်သို့ ရောက်ရှိရန် နည်းမှန်၊ လမ်းမှန်၊ အကျင့်မှန်ဖြင့် အားထုတ်ရမည် ဖြစ်သည်၊ နည်းလမ်းမမှန်ကန်ပါက လိုရာပန်းတိုင်သို့ ရောက်ရှိမည် မဟုတ်ချေ၊ ထိုသို့ နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျ ကြိုးစားအားထုတ်ပါက ၀ိပဿနာဉာဏ်(၁၀)ပါးနှင့် ၀ိသုဒ္ဓိ(၇)ပါးတို့ အဆင့်ဆင့်ဖြစ်ပေါ် လာလိမ့်မည်၊ သို့ဖြစ်၍ ၀ိပဿနာ တရားပွားများအားထုတ်ရာ၌ လွန်စွာအရေးပါလှသည့် ၀ိပဿနာဉာဏ်စဉ်(၁၀)ပါးနှင့် ၀ိသုဒ္ဓိ(၇)ပါးတို့ကို ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

ဝိပဿနာဉာဏ်(၁၀)ပါး

ဝိပဿနာဉာဏ်ကား (၁၀)ပါးရှိသည်၊ ယင်းတို့မှာ -

(၁) သမ္မသနဉာဏ်၊

(၂) ဥဒယဗ္ဗယဉာဏ်၊

(၃) ဘင်္ဂဉာဏ်၊

(၄) ဘယဉာဏ်၊

(၅) အာဒီန၀ဉာဏ်၊

(၆) နိဗ္ဗိဒါဉာဏ်၊

(၇) မုစ္စိတုကမျတာဉာဏ်၊

(၈) ပဋိသင်္ခါဉာဏ်၊

(၉) သင်္ခါရုပေက္ခာဉာဏ်

(၁၀) အနုလောမဉာဏ် တို့ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment