ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 2 November 2011

ကသိုဏ်းဝန်းပုံ၏ အနီး၌ ထိုင်ခြင်း

ထိုသို့ ပထ၀ိကသိုဏ်းဝန်းပုံပြုလုပ်ပြီးနောက် ကသိုဏ်းဝန်းပုံ ထားသည့် နေရာကို သန့်ရှင်းရေးပြုလုပ်၍ ကသိုဏ်းဝန်းပုံနှင့် နှစ်တောင့်ထွာ အကွာလောက်တွင် ထိုင်ရမည်။ ကသိုဏ်းဝန်းပုံနှင့် အလွန်နီးလွန်း၊ အလွန်ဝေးလွန်းသော နေရာတို့၌ မထိုင်သင့်ပေ။ နှစ်တောင့်ထွာထက်ဝေးလျှင် ကသိုဏ်းဝန်း မထင်နိုင်ဘဲ အလွန်နီးကပ်စွာထိုင်လျှင်လည်း ကသိုဏ်း၏ အပြစ်များထင်နေတတ်သည်။ ထိုင်သည့်ခုံသည် တစ်ထွာနှင့် လက်လေးသစ်လောက်မြင့်သော ခုံဖြစ်သင့်သည်။ ထိုင်ခုံမြင့်လွန်းလျှင် အောက်သို့ငုံ့ကြည့်နေရမည်ဖြစ်ပြီး၊ နိမ့်လွန်းလျှင် ဒူးဆစ်များ နာကျင်ဖွယ် ရှိသည်။ ထို့ကြောင့် ထိုင်စရာခုံသည် တစ်ထွာနှင့် လက်လေးသစ်လောက်မြင်လျှင် ငုံ့ကြည့်စရာလည်းမလို၊ မေ့ကြည့်စရာလည်း မလိုသဖြင့် သင့်လျော်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment