သီရိလင်္ကာကျွန်းရှိ ဗုဒ္ဓစွယ်တော်စစ်မှ ပွားယူပင့်ဆောင်လာသော စွယ်တော်တို့သည် ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံသို့ ရောက်ရှိပါသည်။
* ပုဂံခေတ်ကတည်ထားခဲ့သော ရွှေစည်းခုံ လောကနန္ဒာ စသည့် စေတီတ်ေများ
* ပဲခူး သာဝတီခေတ် ရွှေမော်ဓောစေတီ၊ မဟာစေတီ၊ စစ်ကိုင်းကောင်းမူတော်စသည့် စေတီတော်တို့မှာ ထင်ရှားသော ဗုဒ္ဓ၏စွယ်တော်တို့ကို ဌာပနာထားရှိသည့် စေတီများ ဖြစ်ကြသည်။
ထို့ပြင် ပြည်ရွှေဆံတော်စေတီ ရင်ပြင်တော်မှ ဗုဒ္ဓစွယ်တော်၊ ပေါင်းတည်မြို့စွယ်တော်၊ မင်းလှမြို့စွယ်တော်တို့မှာ ယခုဖူးတွေ့နိုင်သော စွယ်တော်ပွားတို့ ဖြစ်ကြပါသည်။ ယင်းတို့ကို ကြည်ညိုနိုင်ရန် စုပေါင်း၍ ဖော်ပြပါသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment