ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 15 December 2011

ဗုဒ္ဓမြတ်စွယ်တော်ကိုပူဇော်သော ညောင်ရမ်းခေတ်မင်းများ

ဘုရင့်နောင် မင်းတရားကြီး သားတော်နန္ဒဘုရင်မင်းသည် စစ်ရူံး၍ ကျဆုံးရသည်။ ဟံသာဝတီနေပြည်တော်သို့ ရန်သူများဝင်ရောက်ကာ၊ လုယူဖျက်ဆီးခြင်းခံရသည်။ ရွှေနန်းတော်ကြီးလည်း မီးတိုက်ခံရသည်။ တောင်ငူဘုရင် မဟာဓမ္မရာဇာသည် သီဟိုဠ်မြတ်စွယ်တော်နှင့် သီဟိုဠ်မင်း၏ ဓမ္မလက်ဆောင် မြညိုရောင် ကျောက်သပိတ်တော်ကို တောင်ငူသို့ သယ်ဆောင်သွားသည်။ လှည်း ၁၂ စီးတိုက်မျှသော နန်းတွင်းရတနာပစ္စည်းများ ဆင်းတုရုပ်များနှင့် ဆင်မြင်း ၇၀၀ ကိုလည်း ယူသွားသည်။

ယိုယွင်းပြိုကွဲလာသော ဘုရင့်နောင် မင်းတရားကြီး၏ နိုင်ငံတော်ကို ပြန်လည်တည်ထောင်ရန် သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမြို့စားမင်းသားက စည်းရုံးဆောင်ရွက်လာသည်။ ထိုမင်းသားသည် ညောင်ရမ်းမင်းအဖြစ် နန်းတက်ရာတွင် ညောင်ရမ်းမင်းဆက် စတင်လာသည်။ အေဒီ ၁၆၀၅ နှစ်တွင် ကံကုန်ရာ သားတော် နောက်ဖက်လွန်မင်း နန်းမွေခံပြီး ဖခင်၏ နိုင်ငံတော်ကိုပြန်လည် စည်းရုံးရေးလုပ်ငန်းကို အပြီးအပြတ် ဆောင်ရွက်နိုင်သည်။ အေဒီ ၁၆၁၃ နှစ်တွင် ထောင်ထားနေသော သန်လျင်စား ငဇင်ကာ (ဒီဘရစ်တို)နှင့် အပေါင်းပါ တောင်ငူဘုရင်နတ်သျှင်နောင်တို့ကို နှိမ်နှင်းလိုက်သည်။ အေဒီ ၁၆၁၀ နှစ်တွင် တောင်ငူကို တိုက်ခိုက်အောင်မြင်ရာ တောင်ငူရှိ မြတ်စွယ်တော်နှင့် သပိတ်တော်ကို အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကာ စွယ်တော်စင်၌ ကိုးကွယ်ထားသည်။ အေဒီ ၁၆၂၈ နှစ်တွင် အနောက်ဖက်လွန်မင်း ကံကုန်သောအခါ ညီတော် သာလွန်မင်း နန်းဆက်ခံသည်။ မြန်မာသက္ကရာဇ် ၉၉၈ခု၊ (အေဒီ ၁၆၃၆ ခု)၊ တော်သလင်းလဆန်း ၁၀ရက် တနင်္လာနေ့တွင် စစ်ကိုင်းအနီး၌ မြေတာရွှေးပြီး ရာဇာမဏိစူဠာဘွဲ့ အမည်ရှိ စစ်ကိုင်းကောင်းမူတော် စေတီကြီး တည်သည်။ စေတီတွင်း၌ များစွာသော ဓာတ်တော်မွေတော်များ၊ ဓမ္မလက်ဆောင်များ၊ ရွှေကိုယ်လေးများ၊ အရုပ်များ၊ ရတနာများနှင့်အတူ ဘုရင့်နောင် မင်းတရားကြီး လက်ထက်ကစ၍ ကိုးကွယ်ခဲ့သော မြတ်စွယ်တော်နှင့် သပိတ်တော်ကို ဌာပနာသည်။ ရာဇာမဏိစူဠာစေတီကျောက်စာတွင် မော်ကွန်းတင်ထားသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment