ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 12 December 2011

စေတီလေးမျိုးနှင့် စွယ်တော်ပွားဟူသည်

ဗုဒ္ဓမြတ်စွာ၏ သြ၀ါဒအရ ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ပူဇော်ကြသော စေတီပုထိုး အမျိုးပေါင်း လေးပါးရှိသည်။ ယင်းတို့မှာ -

(၁) ဗုဒ္ဓဘုရားရှင်၏ ကိုယ်တော်အစိတ်ဖြစ်သော ဓာတ်တော်တို့ကို ဌာပနာ၍ တည်ထားကိုးကွယ်သော သာရီရိကစေတီ ခေါ် ဓာတုစေတီ၊

(၂) ပဋိစ္စသမုပ္ပာဒ် တရားတော်စသည်တို့ကို ရေးသားထားသော ရွှေပြား၊ ငွေပြား၊ ကြေားပြား၊ သတ္တုပြား၊ ပုရပိုက်၊ ပေ၊ ကျောက်ပြား၊ စက္ကူ၊ အုတ်ပြားအုပ်ချပ်တို့ကို ငှာပနာ၍ တည်ထားသော ဓမ္မစေတီ၊

(၃) ဗုဒ္ဓဘုရားရှင်အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများဖြစ်သော ရေစစ်၊ ခါးပန်းကြိုး၊ သပိတ်၊ သင်္ကန်း စသည်တို့ကို ဌာပနာ၍ တည်ထားကိုးကွယ်သော ပရိဘောဂစေတီ၊ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့် သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋိ တို့သည်လည်း ပရိဘောဂစေတီ၊

(၄) ဗုဒ္ဓဘုရားရှင်၏ ကိုယ်စား ရည်မှတ်ပြီး သွန်းလောင်း ထွင်းထုပြုလုပ်ထားသော ဆင်းတုတော်စသော ဥဒ္ဒိဿစေတီတို့ဖြစ်သည်။

မြန်မာနိုင်ငံ ပုဂံမြို့မှ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်စေတီ၊ တန့်ကြည့်တောင်စေတီ၊ ပဲခူးမဟာစေတီ၊ စစ်ကိုင်းကောင်းမူတော်စေတီတို့သည် မြတ်စွာဘုရား၏ စွယ်တော်ဌာပနာထားသော စေတီကြီးများဟု ကျော်ကြားလှသည်။ အလားတူ ရခိုင်ပြည်နယ်မြို့ဟောင်းတွင်လည်း မြတ်စွာဘုရား၏ အံတော်ဌာပနာထားသော စေတီတစ်ဆိုကို ဖူးတွေ့ရသည်။ ယင်းစေတီတို့သည် ဓာတုစေတီ အမျိုးအစားတွင် ပါဝင်ကြသည်။

စွယ်တော်ပွားဟူသည် စွယ်တော်ပွားနှစ်မျိုးနှစ်စား တွေ့ရပါသည်။ ပထမတစ်မျိုးမှာ အဓိဋ္ဌာန်ပြုခြင်းကြောင့် အလိုအလျောက် တိုးပွားလာသော စွယ်တော်ပွားမျိုး ဖြစ်ပါသည်။ အခြားတစ်မျိုးမှာ ဆင်စွယ်ကဲ့သို့ ပစ္စည်းအား စွယ်တော်ပုံသဏ္ဌာန် တူထုလုပ်၍ အတွင်းတွင် ဓာတ်တော်ဌာပနာခြင်း၊ စွယ်တော်စစ်နှင့် ရက် အကန့်အသတ်ဖြင့်အတူ ကိန်းဝပ်စံပယ်များ ပြုလုပ်၍ ဥဒ္ဒိသစွယ်တော်အဖြစ် ပူဇော်သော စွယ်တော်ပွားမျိုးဖြစ်ပါသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment