ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 1 September 2010

အနေကဇာတင်ပွဲ ရှင်းလင်းချက်



ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ နေအိမ်၌ဖြစ်စေ ဇရပ်၊ တန်ဆောင်၊ ဓမ္မာရုံများ၌ဖြစ်စေ၊ ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ် ပူဇော်ထားလေ့ရှိကြ၏။ ထိုသို့ ကိုးကွယ်ကြရာ၌လည်း သာမန်သဘောမျှသာမဟုတ်ဘဲ သက်တော်ထင်ရှား ဘုရားရှင်၏ ဥာဏ်တော်များကို အာရုံယူပြီး တကယ့်ဘုရားရှင်ကို ပူဇော်နေကြရသည့်ပမာ စိတ်၌ ယူစွဲလျက် ပူဇော် လေ့ရှိကြ၏။



ထိုသို့ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ကိုးကွယ်ကြရာ၌ သက်တော်ထင်ရှားမြတ်စွာဘုရား၏ ကိုယ်တော်စားအဖြစ် ကိုးကွယ်နိုင်စေရန်အတွက် ရုပ်ပွားဆင်းတုတော်ကို ရှေးဦးစွာ အနေကဇာ တင်လေ့ရှိကြ၏။



အနေကဇာတိသံသာရံ” ဟူသော ပါဠိ၌ အနေကဇာတိဟူသော ပါဠိဝေါဟာရကို မြန်မာဝေါဟာရအဖြစ် “အနေကဇာ”ဟု ခေါ်ဝေါ်ထားကြခြင်းဖြစ်သည်။ မြန်လာလို တပါးမက များစွာလှသော ဘ၀၊ ဘ၀ပေါင်း များစွာဟု အဓိပ္ပာယ်ရ၏။ တင်ဆိုသည့် မင်းလောင်းအား ရာဇာဘိသိက်သွန်းလောင်း၍ ဘုရားအဖြစ်တင်မြှောက်သကဲ့သို့ မိမိတို့ ကိုးကွယ်မည့် ရုပ်ပွားဆင်းတုတော်အား ဘုရားရှင်၏ ကိုယ်တော်စားအဖြစ် ယုံကြည်သိမှတ်ရန် ဗုဒ္ဓါဘိသိက်သွန်းလောင်း၍ ဘုရားအဖြစ် သိဒ္ဓိတင်ခြင်းဟု အဓိပ္ပာယ်ရသည်။

No comments:

Post a Comment