အသက်တစ်ဆယ့်ငါးနှစ်မပြည့်သူကို ရှင်ပြုမပေးရဟု မြတ်စွာဘုရား ပထမဦးစွာ ပညတ်တော်မှုခဲ့သည်။ ထို့နောက် မိမိ ဆွမ်းခွက်၌ ကျီးကနှိုက်သည့်အခါ ထိုကျီးကို ခြောက်လှန့်နိုင်လောက်လျှင် ရှင်ပြုနိုင်ပြီဟု ထပ်မံခွင့်ပြုတော်မှုသည်။ ဤခွင့်ပြုချက်မှာ ထူးခြားသော အခြေအနေအရသာ ခွင့်ပြုတော် မှုရခြင်း ဖြစ်သည်။ မှုလက ပညတ်ချက်သည်သာ ယေဘုယျအားဖငြ့် သာမဏေလောင်းများအတွက် သင့်လျော်သော အသက်အရွယ်ဖြစ်ပေသည်။
ရှင်သာမဏေအဖြစ် ခံယူမှုအတွက် အဓိကရည်ရွယ်ချက်မှာ သံသာရ၀ဋ ဒုက္ခတော မောစနတ္ထာယ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်ဖြစ်ပေသည်။ သို့ဖြစ်၍ အသက်အ၇ွယ် လွန်စွာငယ်သော သူတို့အတွက် အသိဥာဏ် မရင့်သန်နိုင်သေးသဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသကဲ့သို့ အကျိုးထက်အပြစ်ကပိုများနိုင်သည်။ ဆေးအတွက်လေးနိုင်သည်။ “အမြင်ကပ် သင်္ကန်နှင့် သတ်” ဟူသော စကားကဲ့သို့ ကျောင်းပိတ်ချိန် ကစားလွန်း၍ ရှင်ပြုပြီး ကျောင်းပို့ထားခြင်းသည် လုပ်ကောင်းသော အလုပ်မျိုးမဟုတ်ပေ၊ ရှင်သာမဏေအဖြစ်သည် ဆရာနှင့် သာမဏေလောင်း နှစ်ဦးစ လုံး သရဏဂုံ ပီပီသသ ဌာန်ကရိုဏ်းကျကျ အသံ အပြင်း အပျော့၊ အဖွင့် အပိတ် မှန်ကန်မှသာ ရှင်သာ မဏအစစ် ဖြစ်နိုင်သည်။ အစစ် ဖြစ်မှသာ နတ်လူဦးခိုက် ရှိခိုးထိုက်ပေသည်။
ရှင်လောင်းတို့ပြုကျင့်ရမည့် အရာများကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ ကျေင်းခေါ်လာပြီး နေ့ချင်းပြီး ၀တ်ပေးခြင်း၊ သင်္ကန်းမနိုင် အလွန်ငယ်သူများကို ၀တ်ပေးခြင်း၊ သရဏံဂုံကို ပီသအောင် မရွတ်ဆိုနိုင်သူ များကို ၀တ်ပေးခြင်း၊ “ပဏ်၊ ထေ၊ ပက်၊ ဆန်၊ ပဉ္စာန်၊ ဒူသံ၊ ဥဘောပါ၊ ရှင်မပြုရ၊ ဆယ့်တစ်မျှ၊ မှတ်ကြအဘဗ္ဗာ” ဆောင်ပုဒ်လင်္ကာအရ ရှင်ပြုခွင့်မပေးခဲ့သူများကို ၀တ်ပေးခြင်း၊ မြင့်မြတ်သော သာသနာတော်၏ဂုဏ်ဒြပ်နှင့် မကိုက်ညီသည့် လက်ပြတ်၊ ခြေပြတ်စသော ရှင်ရဟန်းမပြုထိုက်သူ ၃၂- ဦးကို ၀တ်ပေးခြင်း စသည်တို့ကို ရှောင်ကြဉ်သင့်ပေသည်။
သိမယ်ထင်လို့ မေးလိုက်ဦးမယ် . ဒီနေ့ ဥပုသ်နေ့လေ အဲဒါ မနက်က အမေ ဥပုသ်စောင့်တယ် .. သီလယူတာကို ဘုန်းကြီးကျောင်းမသွားပဲ အိမ်က တီဗွီကြည့်ပြီး တီဗွီကလာတဲ့ ဘုန်းကြီးပေးတဲ့ သီလကိုယူတယ် .. အဲလိုစောင့်တာကော ရရဲ့လားဗျ ....
ReplyDeleteThis comment has been removed by the author.
ReplyDeleteဥပုသ် စောင့်တယ်ဆိုတာ အထက်ဖော်ပြပါ အရိယာသီလ ၆-မျိုးမှာ ပြခဲ့တဲ့အတိုင်း သီလဆောက်တည်ပြီးရင် အရိယာ သီလတစ်မျိုးမျိုး၊ သို့မဟုတ် ၆-မျိုးလုံးဖြစ်အောင် ပွားများနှလုံးသွင်းနေရမယ်၊ အဲဒီပွားများ နှလုံးသွင်းလို့ ရတဲ့ ကောင်းတဲ့ နေရာဟာ ဥပုသ်နေ့အတွက် နေလို့ အကောင်းဆုံးပဲ၊ အိမ်မှာ ကလေး အလုပ်သမားတွေများပြီး ဗာဟီရကိစ္စတွေရူပ်လို့ သမာဓိမရရင် ကျောင်းမျာ၊ ဓမ္မာရုံမှာ သွားစောင့်ရတဲ့အတွက် ရဟန်းတော်ကို ဖူးမြော်ရတယ်၊ စုပေါင်းဒါန ပြုရတယ်။ တရားတော် နာရတယ်။ ဓမ္မမိတ်ဆွေချင်း တရားဆွေးနွေးရတယ်။
ReplyDeleteဒါပေမယ့် အချို့ ဓမ္မာရုံတွေ ကျောင်းတွေမှာက သီလယူပြီး တရားနာပြီးရင် အရိယာဥပုသ်မျိုး ဖြစ်အောင်တော့ မပွားများဘဲ သားအကြောင်း၊ သားသမီးအကြောင်း၊ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်းစတဲ့ လောဘ၊ ဒေါသ၊ မောဟ ဖြစ်စရာတွေကို စုပေါင်းပြောဆိုနေကြတယ် ဆိုရင်တော့ ကျောင်းဥပုသ် ဇရပ်၊ ဓမ္မာရုံမှာ နေကုန်အောင် မနေဘဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အရိယာ သီလဖြစ်အောင် ပွားများ နေရပါမယ်၊ တရားစားပေ ကျမ်းဂန်တွေကို ဖတ်ရူနေရပါမယ်။
ကိုယ့်အိမ်ထဲမှာလဲ တိတ်ဆိတ်ငြိမ်သက်နေရင်တော့ ဆူညံနေတဲ့ ဓမ္မာရုံမှာထက် အိမ်မှာစောင့်တာကမှ ပိုကောင်းပါတယ်၊ စကားမပြောချင်လဲ လောက၀တ်အရ စကားပြောရတာမျိုးလဲ မရှိတော့ဘူးပေါ့။