ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 2 September 2010

၁၀-ပါးသီလကို လူရော သာမဏေပါ စောင့်သုံးနိုင်တယ်ဆိုတော့ ၁၀-ပါးသီလ ဆောက်တည်ပုံခြင်းဟာ အတူတူပါပဲလား ?


လူနဲ့သာမဏေတို့ ၁၀-ပါးသီလ စောင့်ထိန်းပုံချင်း မတူပါဘူး၊ သာမဏေများမှာ သရဏဂုံ သုံးပါးကို ဆောက်တည်ပြီးတာနဲ့ ၁၀-ပါးသီလဟာ အလိုလိုဆောက်တည်ပြီးသား ဖြစ်ပါတယ်။ ရဟန်းခံတဲ့အခါ ဉတ္တိစတုတ္ထကမ္မ၀ါစာ အဆုံးမှာ နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို မဆောက်တည်ဘဲ စောင့်ထိန်းရသလို သာမဏေတွေမှာ သရဏဂုံ ဆောက်တည်ပြီးတာနဲ့ ၁၀-ပါးသီလဟာ အလိုလိုဆောက်တည်ပြီး ဖြစ်သွားပါတယ်။ ဆိုလိုတာက သာမဏေ မှန်ယင် ၁၀-ပါးသီလဟာ မစောင့်မနေရနိစ္စသီလ ဖြစ်ပါတတယ်။

လူတွေကတော့ သရဏဂုံဆောက်တည်ပြီးရုံနဲ့ ၁၀-ပါးသီလခံယူပြီး မဖြစ်ပါဘူး။ သီးခြားဆောက်တည်ယူမှ ရပါတယ်။ ဒါကြောင့် ၁၀-ပါးသီလ ဆောက်တည်ခြင်းဟာ မတူပါဘူး။

No comments:

Post a Comment