အင်္ဂုတ္တိုရ်ပါဠိတော် ၀န္ဒနာသုတ်မှာ ရှိခိုးတာဟာ ကိုယ်နဲ့ရှိခိုးခြင်း၊ နှုတ်နဲ့ရှိခိုးခြင်း၊ စိတ်နဲ့ရှိခိုးခြင်းဆိုပြီး (၃)မျိုး ရှိတယ်လို့ ဟောတယ်။ အဲဒီသုံးမျိုးထဲမှာ ကိုယ်နဲ့ ရှိခိုးတယ်ဆိုတာက ဘုရားရှင်ကို ရိုသေလေးစားကြောင်း ကိုးကွယ်ဆည်းကပ်ကြောင်းကို ကိုယ်ခန္ဓာနဲ့ပြတာဖြစ်တဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း လက်အုပ်ချီ ရှိခိုးမယ်ဆိုရင် ရိုသေမှုသေဘော နည်းတဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း ကိုယ်နဲ့ ရှိမခိုးသင့်ပါဘူး။ မတ်တပ်ရပ်လျက် လက်အုပ်ချီပြီး ထိုင်လျက် ဦးချပြီး ကိုယ်နဲ့ ရှိခိုးရပါမယ်။
ဂုဏ်တော်တွေကို နူတ်နဲ့ ရွတ်ဆိုပူဇော်တာကို နူတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့လေးစားနေတာကို စိတ်နဲ့ရှိခိုးတာလို့ ခေါ်ပါတယ်။ နူတ်နဲ့ စိတ်နဲ့ ရှိခိုးတာကိုတော့ ရပ်ရင်း၊ ထိုင်ရင်း၊ သွားရင်း၊ အိပ်လျှောက်ရင်း ဣရိယာပုတ်လေးပါးစလုံးမှာ အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါကြောင့် အာဋာနာဋိယ ပရိတ်ကို စီစဉ်ပေးတဲ့ ရှေးဆရာတော်ကြီးတွေက---
ဝစသာ မနာသာဟေ၀၊ ၀န္ဒာ မေ တေ တထာ ဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ။
လျောင်းထိုင်ရပ်သွား အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နူတ်နဲ့ စိတ်နဲ့ ရှိခိုးပါ၏လို့ ပြထားပါတယ်။

Sunday, 12 September 2010
ဘုရား၊ သို့မဟုတ် ရတနာသုံးပါးကို ရပ်ရင်း၊ အိပ်ရင်း၊ လျှောက်ရင်း ရှိခိုးကောင်းပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment